သျှမ်းတိုက်ပွဲများ၌ မြန်မာစစ်တိုင်း ၃ တိုင်း ညီညွတ်မှုမရှိ ၊ တပ်မှူးအချို့ စစ်ခုံရုံးတင်ခံရ

သျှမ်းတိုက်ပွဲများ၌ မြန်မာစစ်တိုင်း ၃ တိုင်း ညီညွတ်မှုမရှိ ၊ တပ်မှူးအချို့ စစ်ခုံရုံးတင်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်နှင့်ထိုးစစ်ဆင်နေသောကာလ အတွင်း မြန်မာစစ်တပ် အချင်းချင်းအကြား ပဋိပက္ခ ဖြစ် ပွါး ရာ စစ်ခုံရုံးသို့ပို့ဆောင်ပြစ်ဒဏ်ချ မှတ်ခံခဲ့ရ ကြောင်း (တိုးချဲ့) အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာန ချုပ်နှင့် နီးစပ်သည့်အသိုင်းအဝိုင်း က ပြောသည်။

junta
“ ရပခ နဲ့ ရမခ တိုင်းအချင်းချင်းလဲ မတည့်ကြဘူး။ သူတို့ ၂ တိုင်းလဲ ဒီ အသစ်တိုးချဲ့တဲ့ ရလခ တိုင်းကို အရေး မထားဘူး။ တိုင်းအသစ်ဆိုတော့လဲ အရာမဝင်သလို ဆက်ဆံနေတယ်လို့ ရလခ တိုင်းထဲက အဘတွေက ညည်းပြတယ်” ဟု ရလခ တိုင်းနှင့် ဝင်ဆန့်သည့်အသိုင်းအဝိုင်းကပြောပါသည်။

ဂျူလိုင်လအတွင်း သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်သော တိုက်ပွဲများကိုအကြောင်းပြု၍ ခလရ ၂၂ တပ်ရင်းမှူး အား အမိန့်နာခံမှုမရှိဟုဆိုကာ တန့်ယန်း ဗျူဟာမှူးက အရေးယူသဖြင့် ၎င်းအားစစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် ချလိုက်ကြောင်း ရလခတိုင်းအသိုင်းအဝိုင်းကပြောသည်။

“ဂျူလိုင်လတုန်းက ဝမ့်ဟိုင်း လုံခြုံရေးတပ် လွယ်ကုန်လွယ်ကျိုင်း နမ့်ကိုင်ဖိတ်တိုက်ပွဲတွေ်မှာ ဒီခလရ ၂၂ ကို အပြင်ကနေ စစ်ကူတိုက်ပေးဖို့ တန့်ယန်းဗျူဟာမှူးက အမိန့်ပေးတာကို ခလရ ၂၂ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျအောင်က သူ့တပ် တာ့ ဖာဆောင်တိုက်ပွဲတုန်းက အသေအကျများလှပြီလို့အကြောင်းပြပြီးဝမ့်ဝပ်နား ကကောင်းလန်းရွာမှာဘဲအခြေ ချ နေခဲ့ တယ်။ ကူမတိုက်ဘူးပေါ့။ အဲဒါကို တန့်ယန်းဗျူဟာမှူးက သူ့အမိန့်မ နာခံရကောင်းလားဆိုပြီး ခလရ ၂၂ တပ်ရင်းမှူးကိုရုံး တင်စစ် ဆေးတယ်။ ဩဂတ်စ်လကစပြီး ဗိုလ်မှူးကြီး ဇေယျအောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၂၂ ချလိုက်တယ်ဆိုဘဲ” ဟု နီးစပ်သည့်ကုန်သည်တဦးက ပြောပြသည်။

ဂျွန်လ ၂၁ နှင့် ၂၂ ရက်က ကျေးသီးမြို့နယ် ရှိ သျှမ်းပြည်တပ်မတော်၏( နမ့်ဟဲန်တံတားတာ့ဖာဆောင် တပ် စခန်းအား မြန်မာစစ်တပ် ၃-၄ ရင်းပူးပေါင်းတိုက်ခိုက်ရာမှ ဤအမှုစတင်ခဲ့ခြင်းဖြစ်ကြောင်း သျှမ်းပြည် တပ်မတော် ကင်းထောက် အရာရှိ တဦးက ပြော သည်။

အဆိုပါ တာ့ဖာဆောင်တပ်စခန်းအား (ရမခတိုင်းကွပ်ကဲမှုအောက် တပ်ရင်းများဖြစ်ကြသော) ခလရ ၂၂ က ဦးဆောင်၍ ခလရ ၆၇ နှင့် ၁၄၇ တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကလည်း စစ်ကူတိုက်ပေးမည့် (ရပခ တိုင်း၏) ခလရ ၂၈၆ က အဆိုပါကောင်းလန်းရွာ၌ပင် စခန်းချ နေခဲ့သည်။ တာ့ဖာဆောင် တံတား အား ခလရ ၂၂ နှင့် ၆၇ တို့က ဓါတ်ဆီလောင်းမီး ရှို့ ဖျက်ဆီးပြီး နောက်ပိုင်း ခလရ ၂၈၆ ၏ လက်ချက်ဖြစ် ကြောင်းလွဲချလိုက်သော ကြောင့် အဆိုပါ ခလရ ၂၈၆ ဒု တပ်ရင်း မှူးဗိုလ်မှူးလှိုင်မင်းကတံတားဖျက်ဆီး သည်မှာ မိမိတို့တပ်မဟုတ် ကြောင်း၊ ခလရ ၂၂ နှင့် ၆၇ တို့၏ လက်ချက်ဖြစ်ကြောင်း စာဖြင့် ဒေသခံ လူထုကို ဖြန့်ဝေ ရှင်းပြခဲ့သေးကြောင်း၊ ထိုစဉ်မှစ၍ ၎င်းတို့ တပ်ရင်းအချင်းချင်းအတွင်း စတင်ကွဲပြဲလာ ခဲ့ခြင်းဖြစ်သည်ဟုလေ့လာသိရှိရကြောင်း အဆိုပါကင်းထောက်အရာရှိက ဆက်လက်ပြောပြသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖာဆောင်တပ်စခန်းမှာ သီပေါ-ကျေးသီး-မိုင်းရယ်အကြား ကျေးသီးမြို့ နယ် ဝမ့်ဝပ်ကျေးရွာအုပ်စုတွင်ဖြစ်သည်။

ထို့ပြင် ရပခတိုင်းလက်အောက်ခံ မိုင်းနောင်အခြေစိုက် စကခ ၂ (ယာယီ)မှူး ဒု ဗိုလ်မှူးကြီးဝင်းညွန့်၏ မိုင်းနောင် မြို့ နယ်ခွဲ ဝမ့်ဇင်းတိုက်နယ်ရှိ နမ့်မောင်တံတားနှင့် ပန်ကွဲရွာအကြား အခြေချ တပ်စခန်းများအား စစ်ဆေး ရေးခရီးစဉ် သျှမ်းပြည် တပ်မတော်၏ ၂ ကြိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခြင်း ခံရသောကြောင့် လမ်းလုံခြုံ ရေး တာဝန်ကျ ခမရ ၅၇၇ တပ် တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး သိန်းဇော်မိုးအား ရလခတိုင်းသစ်မှ အရာရှိတပ်မှူးများ ခေါ်ယူစစ်ဆေးကာ ဂျူလိုင်လနှောင်းပိုင်းက စစ်ခုံရုံး တင်ခံခဲ့ရသည်ဟု အဆိုပါရခလ တိုင်းနှင့်နီးစပ်သည့် ပုဂ္ဂိုလ်က ဆက်ပြောပါသည်။

ဝမ့်ဟိုင်းအား သိမ်းပိုက်နိုင်ရေးအတွက် သျှမ်းပြည်ရှိ စစ်တိုင်း ၃ တိုင်းက ဂျွန်လက တာဝန်ခွဲဝေရာရမခ တိုင်းက ကျေးသီးမိုင်းရှူးကားလမ်းမြောက်ဖက်ခြမ်းတွင်လည်းကောင်း၊ ရပခ တိုင်းက ကားလမ်း တောင်ဖက်ခြမ်းတွင် လည်ကောင်း၊ ရလခတိုင်း က မိုင်းရှူး မိုင်းအောတ် ဖက်တွင်လည်းကောင်းတာဝန် ယူလှုပ်ရှားတိုက်ခိုက်ကြရ သည်ဟု ရမခ တိုင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြဖူးသည်။ ထိုစဉ်ကတည်းက အဆိုပါစစ်တိုင်း ၃ တိုင်း အတိုင် အဖေါက်မညီ၊ လက်တွဲပူးပေါင်းမှု မရနိုင်သော ပြဿနာများရှိနေ ကြောင်း ၎င်းက ပြောပြသည်။