ပြည်ပ NGO များ၏ ကျန်းမာရေး အကူအညီကို လက်မခံရန် ချင်းအာဏာပိုင်များက သတိပေး

ပြည်ပ NGO များ၏ ကျန်းမာရေး အကူအညီကို လက်မခံရန် ချင်းအာဏာပိုင်များက သတိပေး
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ် ဖလမ်းမြို့နယ် အုပ်ချူပ်ရေးမှူးက ဒေသတွင်း ကျေးရွာဥက္ကဌများကို ပြီးခဲ့သည့်ရက် ပိုင်း က ခေါ်ယူ၍ ပြည်ပ NGOများ၏ ကူညီ ထောက်ပံ့ မှုများ လက်မခံရန်သတိပေးပြော ဆိုခဲ့သည်။

MMCချင်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အခြေစိုက် Medical Mercy အဖွဲ့က ပြီးခဲ့သည့်လအတွင်း ဖြန့်ဝေပေးခဲ့သော ခြင်ထောင်များကို လက်ခံခဲ့ကြသည့် ဖလမ်းမြို့နယ်ရှိ လဲလက်၊ စတောင် နှင့် မှောင်းကွန်ကျေးရွာ ဥက္ကဌ များကို ဖလမ်းမြို့ အုပ်ချူပ်ရေးမှူး ဦးခင်မောင်ဝင်းက ယခုလ ၈ ရက်နေ့  က ဖလမ်းမြို့ပေါ်သို့ ခေါ်ယူသတိပေးခဲ့သည်ဟု Medical Mercy တာဝန်ခံဦး နိုကပ်ထန်က ပြောသည်။

အဆိုပါ ခြင်ထောင်များကို ငွေကြေးမတတ်နိုင်သူများအနေနှင့် ခြင်ကြောင့်ဖြစ်သည့် ရောဂါများ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဖြန့်ဝေခဲ့ခြင်းဖြစ်သည် ဟု Medical Mercy အဖွဲ့က ပြောပြသည်။

Medical Mercy အဖွဲ့သည် အစိုးရကို ဆန့်ကျင်တော်လှန်နေသော အဖွဲ့အစည်းများနှင့်လက်တွဲ အလုပ်လုပ် နေ သောအဖွဲ့ဖြစ် သည်ဟုဆိုကာ ၄င်းတို့၏ အထောက်အပံ့များကို လက်မခံရန် ဖလမ်းမြို့အုပ်ချူပ်ရေးမှူးက ယခုကဲ့သို့ သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘ကျနော်တို့ NGO အဖွဲ့က တော်လှန်တဲ့ အဖွဲ့တွေနဲ့ အတူလက်တွဲပြီး ဘန်းပြအနေနဲ့ ကျေးရွာတွေမှာ ခြင် ထောင် တွေလိုက်ဝေပြီး သတင်းတွေ ထောက်လှမ်းတယ်ဆိုပြီး အတိုင်ခံရတယ်၊ ဒါကြောင့် ကျနော်တို့ဝေတဲ့ ဆေးဝါး ခြင်ထောင်တွေကိုလည်း လက်မခံကြ ဖို့၊ ရွာထဲကိုလည်း အဝင်မခံကြဖို့ ကျေးရွာဥက္ကဌတွေကိုဖလမ်း မြို့အုပ်ချုပ်ရေးမှူးက သတိပေးတယ်လို့ သိရတယ်’’ဟု ဦး နိုကပ် ထန်က ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေသော ချင်းအမျိူးသားတပ်ဦး(CNF)အဖွဲ့လုပ်ရှားနေ သော ဒေသဖြစ်သည်။

ဖလမ်းမြို့အုပ်ချူပ်ရေးမှူးက နောက်နောင်တွင် ထို NGO အဖွဲ့အစည်းများမှ ဖြန့်ဝေသော ခြင်ထောင် ၊ ဆေးဝါးများအား လက်မခံတော့ပါဆိုသော ကတိခံဝန်ချက်ကို ကျေးရွာဥက္ကဌများအားလက်မှတ်ရေးထိုးခိုင်း ခဲ့သည်ဟုလည်း သိရသည်။

Medical Mercy အဖွဲ့သည် နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်း၊ အကူညီများလိုအပ်နေသော ချင်းပြည်သူများကို တဖက် တလမ်းကနေ ကူညီထောက်ပံ့ပေးပေနေသောအဖွဲ့သာဖြစ်ကြောင်း ၎င်းက ရှင်းလင်းသည်။

Medical Mercy နှင့် အခြား NGO အဖွဲ့တခုဖြစ်သော ABC Clinic အဖွဲ့သည် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်ဘက် ဒေ သတွင်တည်ရှိသော အဆိုပါကျေးရွာများတွင် နယ်လှည့်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အခမဲ့ ဆေးဝါးများဖြန့်ဝေပေးခြင်း၊ ခြင် ထောင်များ ဖြန့်ဝေပေးခြင်းများကို တလလျင် အနည်းဆုံး ၂ ကြိမ် ပုံမှန်ပြုလုပ်လျက် ရှိသည်။

ယခုကဲ့သို့ ဖလမ်းမြို့အာဏာပိုင်များဘက်မှ အကန့်အသတ်များရှိလာသောကြောင့် Medical Mercy အဖွဲ့၏ အကူအညီပေးရေး လုပ်ငန်းများကို တခြားမြို့နယ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရမည့် အနေအထားရှိသည်ဟု ဦးနိုကပ်ထန်က ပြောဆိုသည်။

‘‘တလ နှစ်လ လောက်ကတော့ အခြေအနေကြည့်ဦးမယ်၊ ဒီလိုမျိူးအကန့်အသတ်တွေဆက်ရှိနေမယ်ဆိုရင် (ဖလမ်းမြို့နယ်ကို ချန်ထားပြီး) ဟားခါးနှင့် တီးတိန်မြို့ဘက်ကို ဦးလှည့်ရင်ကောင်းမလားဆိုပြီး ကျနော်တို့ စိတ်ကူးထားပါတယ်’’ဟု သူကပြောသည်။

Medical Mercy သည် ကနေဒါ နိုင်ငံ Medical Mercy – Canada အဖွဲ့မှ လွန်ခဲ့သည့် ၂၀၀၁ ခုနှစ် ကတည်းက အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ် တွင် လာရောက်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး၂၀၀၆ ခုနှစ်မှစ၍ ချင်းပြည်နယ် အတွင်း သို့ ဆေးဝါး၊ ခြင်ထောင်များ ဖြန့်ဝေးပေးခဲ့သည်။

တခြားသော ကူညီရေးအဖွဲ့တခု ဖြစ်သော ABC Clinic ဆေးခန်းမှာလည်း ချင်း လူမျိူးများအတွက် ရည်ရွယ်၍ ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ် နယ်စပ် ဗာဖိုင်း ကျေးရွာတွင် ယမန်နှစ် ဧပြီလကဖွင့်လှစ်ထား ပြီး ချင်းပြည်သူများအား အခမဲ့ဆေးဝါး ကုသပေးလျက်ရှိသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင် တည်ရှိသော ဖလမ်းမြို့နယ်အတွင်းရှိ အဆိုပါကျေးရွာဒေသတွင် တိုက်နယ် ဆေးရုံတခုရှိသော် လည်း ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍မူ NGO အဖွဲ့များကိုသာချင်းဒေသခံ များက အဓိကအားထားမှီခို နေရကြောင်း သိရသည်။

Most read this week