သျှမ်းပြည်အလယ်ပိုင်းကျေးသီးမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့အချိန် ကြာမြင့်စွာ တိုက်ပွဲဆက်လက်ဖြစ်ပွါးရာနှစ်ဘက် စလုံး ဒဏ်ရာရသူများပြားကြောင်းစုံစမ်းသိရှိရပါ သည်။
“ ၁၃ ရက်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ မွန်းလွဲ ၂ နာရီ ကနေ ည ၈ နာရီအထိ တိုက်ခိုက်ကြတယ်၊ နှစ်ဘက်လုံး အထိနာတယ်” - ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ ကပြောပါသည်။
ဩဂတ်စ် ၁၃ ရက် မွန်းလွဲ ၁၄:၀၀ နာရီ မှ ည ၂၀: ၀၀ နာရီအထိ သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့အရှေ့ မြောက်ဘက် ဝမ့်ဖွီးရွာ မြောက်ဘက် တောတွင်းတနေရာ၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ အစိုးရ စစ်တပ်တို့အကြား ၆ နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆို၏။
မြန်မာအစိုးရတပ်ဘက် ၅ ယောက်သေဆုံးပြီး ၁၀ ယောက် ထက်မနည်း ဒဏ်ရာရှိသည်ဟု ကျေးသီးမြို့ မြန်မာစစ်တပ် အသိုင်းအဝိုင်းက ဆို၏။
ထို့အတူ ဗိုလ်မှူးစိုင်းလ က-“ကျနော်တို့ ကြားရတာက မြန်မာတပ် ဘက် ၁ ယောက်သေတယ်၊ ၈ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့လဲ ၆ ယောက်ဒဏ်ရာရတယ်။ အသေအကျတော့ မရှိဘူး” ဟု ပြောသည်။
မြန်မာအစိုးရတပ် ခမယ ၅၀၃ မှ အင်အား ၁၀၀ ခန့်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၂၇ ၏ တပ်ရင်း ၅၇၆ တို့ကြား ဖြစ်ပွါးသောတိုက်ပွဲဖြစ်ပါသည်။