လက်နက်လုပြေးသည့် SSA ကင်းထောက်အား ဖမ်းမရ၍ ရွာထဲသို့ လက်နက်ကြီးပစ်

လက်နက်လုပြေးသည့် SSA ကင်းထောက်အား ဖမ်းမရ၍ ရွာထဲသို့ လက်နက်ကြီးပစ်
by -
သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်၏ တားမြစ်စစ်ဆေးမေးမြန်းခြင်းခံရ သော သျှမ်းပြည်တပ်မတော် SSPP/SSA တပ် သား ၂ ယောက် မြန်မာ စစ်သားအား ဓါးဖြင့် ခုတ်ထစ် သေနတ်လုထွက်ပြေးပြီး မိနစ်ပိုင်းအကြာ မြန်မာစစ် တပ်က ထိုအနီးရှိ ကျေးရွာအားလက် နက်ကြီး အလုံး ၂၀ ကျော် ပစ်ချခဲ့သဖြင့် ဒဏ်ရာရ ဆုံးရှုံးမှုများရှိခဲ့ ကြောင်း မိုင်းရယ်မြို့နေSSPP/ SSA သတင်း ထောက် အသိုင်းအဝိုင်းက ပြော သည်။

“အရပ်ဝတ်နဲ့ SSPP/SSA ကင်းထောက် ၂ ယောက်ကို မိုင်းရယ်မြို့နယ် ဝမ့်ဇန့်ရွာနားမှာ မြန်မာစစ်တပ် ခမရ ၃၂၅ က တားမြစ် စစ်ဆေး တာကနေ ဖြစ်တာ။ ကုလားမနိုင် ရခိုင်မဲ ဆိုသလိုဖြစ်နေတာပေါ့။ ရွာထဲကိုလက် နက်ကြီး ၂၄ လုံးချတာ။ ကျောင်းသားတွေပါ ဒဏ်ရာရတယ်” ဟု မိုင်းရယ်မြို့နေ အဆိုပါ SSPP/SSA အရာရှိက သျှမ်းသံတော်ဆင့် သို့ပြောသည်။

Burmese_Soilderအခြားသော ရွာသားများနှင့်အတူ ဝမ့်ဇန့်အနီး၌ မြန်မာစစ်တပ်၏ တားမြစ်စစ်ဆေးခြင်းခံရသော အဆိုပါ SSPP/SSA ကင်းထောက် ၂ ဦးအနက် တဦးမှာ မြန်မာစစ်သားအား ဓါးဖြင့်ခုတ်ထစ်ပြီးနောက် ကျန်တဦးမှာ အဆိုပါ မြန်မာစစ်သား များထံမှ MA 1 သေနတ်တလက် ကပ်ပါ ကျည် ၂၇ တောင့်ကိုလုယူထွက်ပြေးခဲ့သည် ဟုဆို၏။

အခင်းဖြစ်ပွါးချိန် မနက် ၈ နာရီတွင်ဖြစ်ပြီး နောက် ၁၅ မိနစ်အကြာ အဆိုပါ ခမရ ၃၂၅ က အခင်းဖြစ်ပွါးရာ အနီးဝမ့်ဇန့်ရွာ ထဲသို့ လက်နက်ကြီးများပစ်ချသဖြင့် ကျောင်းသား ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိကာ ရွာသား ၁၀ ဦးထက်မနဲ လက်နက် ကြီးစာ ထိမိ၍ ဒဏ်ရာရကြကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောပြသည်။

“ အသက် ၆ နှစ်အရွယ် ကျောင်းသားလေး စိုင်းခမ်းနဲ့ အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေး နန်းဖောင်းတို့ ၂ ယောက် ခြေသလုံးနဲ့ လက်မောင်းတွေမှာ ဒဏ်ရာအပြင်းအထန်ရလို့ အခု လားရှိုးဆေးရုံ ပို့ထားရတယ်။ ဝမ့်ဇန့်ရွာသူကြီးအိမ်လဲ ပြာကျသွား တယ်။ ဆုံးရှုံးမှုတန်ဖိုး ၁၈၅ သိန်းလောက်ရှိတယ်ပြောတယ်။အတွင်းရေး မှူး အိမ်လဲ ကျည်အချက် ၅၀ ကျော် ပစ်ခတ်ခံရ တယ်။ သူ့အိမ်ဘေးကအိမ်လဲနံရံကြီးတွေကိုဖြိုချ။ အိမ် ထောင် ပရိဘောဂတွေ အကုန်ထုခွဲတယ်။ ပစ္စည်းတွေ လဲ ယူသွားတယ်။ ဝမ့်ဇန့် ရွာသား ၃ယောက်၊ဝမ့်ဇန့်ရွာ ထဲ ရောက် နေတဲ့ ကုန်းနယု ရွာသား ၁ ယောက် ၊ ဟိုတိရွာသူ ၁ ယောက်၊ တိလိုင် ရွာသူ ၁ ယောက်လက် နက်ကြီး စာထိမိ ဒဏ်ရာရတယ်။ ဟုန်းမွန်း ရွာသား ၂ ယောက်နဲ့ ဝမ့်ဇန့်ရွာသား ၁ ယောက် တိလိုင်ရွာသား ၁ ယောက် ကျတော့ ဗမာစစ်သားတွေရိုက်လို့ ဒဏ်ရာရကြတယ်” ဟု မိုင်းရယ် ဒေသခံ ခေတ်ပညာတတ် လူငယ် တဦးကပြောသည်။

SSPP/SSA တပ်သား ၂ ဦးအား စစ်ဆေးမေးမြန်းခြင်း၊ ဝမ့်ဇန့်ရွာထဲသို့ လက်နက်ကြီးများပစ်ချခြင်းပြုလုပ်နေ သည်မှာ မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ တပ်မှ ဗိုလ်မှူး မျိုးဇောမောင် ဦးဆောင်သောတပ်ဖွဲ့ကဖြစ်ကြောင်း လည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဝမ့်ဇန့်ရွာသည် မိုင်းရယ်မြို့အနောက်ဖက် ရ မိုင်ခန့်အကွာတွင်တည်ရှိသည်။