ပြည်နယ်ဝန်ကြီးရုံး၏ အမိန့်အရ ချင်းပြည်နယ် ဟားခါးမြို့ ဌာနဆိုင်ရာ ပြည်နယ်ရုံးအသီးသီးမှ အရာရှိ ရုံးခန်းအဝင်ဝတွင် အထက်အမိန့်ကိုမအာ ခံရ စာတမ်း ထိုးထားကြကြောင်း သိရသည်။
” ပြည်နယ် လဝကဦးစီးမှူး ရုံးခန်းအဝင်ဝမှ ဒီစာတမ်းကို ထိုးထားတယ်၊ ပြည်နယ်ဝန်ကြီးရုံး အမိန့်လို့ သိရတယ်” ဟု ဒေ သခံ ပြည်သူ တဦးက ပြောသည်။
ချင်းပြည်နယ်အစိုးရသစ်လက်ထက်တွင် ဌာနဆိုင်ရာ ၀န်ကြီးများ၊ အရာရှိများ နှင့် ပြည်သူအကြားဆက်ဆံ ရေးသည် ယ ခင် နအဖ အစိုးရကာလ ထက် ပိုမို တင်းကျပ်လာသည်ဟု ဝေဖန်ပြော ဆိုကြသည်။
” ၀န်ကြီးတွေ အရာရှိတွေတွေ့ဖို့ မလွယ်ဘူး၊ နာမည်စာရင်းတင်ပြီး မှတ်ပုံတင်တွေစစ်ဆေးခံရတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ယခုလက်ရှိတွင် ချင်းပြည်နယ်ဝန်ကြီးဌာနအသီးသီးသည် ပြည်နယ်အတွက် ရှေ့လုပ်ငန်းစဉ်များ၊လုပ်ငန်းသစ် များ အ ကာင် အထည်ဖော်မှူ တစုံတရာ မတွေ့ရသေးကြောင်း သိရသည်။
” ၀န်ကြီးဖြစ်ဖြစ်၊ အစိုးရ အရာရှိဖြစ်ဖြစ် ဘာလုပ်ငန်းမှ မယ်မယ်ရရ လုပ်တာမရှိဘူး၊ သူတို့ မအားလပ်တာ လည်းမ ဟုတ် ဘူး၊ အဲဒါကို ၀န်ကြီးမအားဘူးဘာညာဆိုပြီး လုံခြုံရေးတွေက တွေ့မပေးတာ” ဟုချင်းနိုင်ငံ ရေးပါတီ ခေါင်းဆောင် တဦးက ပြော သည်။
ချင်းပြည်နယ် ၀န်ကြီးတချို့သည် လူထုမဲဖြင့် အရွေးခံသည့် ကိုယ်စားလှယ်များဖြစ်သော်လည်း စစ်သား လုပ်နည်း လုပ် ဟန်ကို ကျင့်သုံးပြီး လူထုကို ဆက်ဆံနေကြသည်ဟု ဝေဖန်ပြော ဆိုနေကြသည်။
“လူထုမဲမှ မဟုတ်တာဗျာ၊ နအဖက အကွက်ဆင်ဖန်တီးထားတဲ့ မဲလိမ်နဲ့ ရွေးကြတဲ့ ၀န်ကြီးတွေကများနေ တော့ယင် အဲဒါ ဖြစ်မှာပါ ” ဟု ဟားခါးမြို့မှ ကျောင်းဆရာ တဦးက ပြောသည်။
ချင်းပြည်နယ်ဝန်ကြီးအဖွဲ့တွင် ယခင် စစ်အစိုးရမှ ဖွဲ့စည်းပေးထားသည့် ကြ့ံဖွ့ံပါတီမှ ၃ ဦး၊ စစ်တပ်မှစေလွတ် ထားသည့် ကိုယ်စားလှယ်မှ ၃ ဦး နှင့် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီမှ ကိုယ်စားလှယ် တဦးစီ စုစုပေါင်း ၈ ဦး ပါ၀င် ကြောင်းသိရသည်။