စစ်ဘေး တိမ်းရှောင်ရှမ်းဒုက္ခသည်များ အကူအညီမရသေး

စစ်ဘေး တိမ်းရှောင်ရှမ်းဒုက္ခသည်များ အကူအညီမရသေး
by -
ကိူသိုက်

ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေ ကြောင့် ရပ်ရွာကနေထွက်ပြေးတိမ်းရှောင်နေရသော ရှမ်းစစ်ပြေးဒုက္ခသည်တွေအရေးကိစ္စများ ကိုနိုင်ငံ တကာကသတိမူ လာအောင် သြဂုတ်လ(၁၀) ရက် နေ့တွင် ရှမ်းလူ့အခွင့် အရေးအဖွဲ့မှကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် ရပ်ရွာကနေထွက်ပြေးတိမ်းရှောင်နေရသော ရှမ်းစစ်ပြေးဒုက္ခသည်တွေအရေးကိစ္စများကို နိုင်ငံတကာကသတိမူလာအောင် သြဂုတ်လ(၁၀)ရက်နေ့တွင် ရှမ်းလူ့အခွင့်အရေးအဖွဲ့မှကြေညာချက်ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်တပ်နှင့်ရှမ်းပြည်တပ်မတော်တို့အကြား ဖြစ်ပွါး နေသောတိုက်ပွဲကြောင့် ၀မ့်ဟိုင်းဒေသဝန်းကျင်ရွာသားများအနေနှင့်လူ့အခွင့်အရေးချိုး ဖေါက်ခံ နေရသည်ဟု  ရှမ်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ခံတစ်ဦးဖြစ်သူမယိန်းဇံဟွန်မှပြောပါသည်။

တိုက်ပွဲကာလမှာပေါ့နော်။ ရွာသားတွေကိုပေါ်တာဖမ်းတယ်။ ရိုက်နှက်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ ကလဲမုဒိန်းကျင့်မှုခံရတယ်။ ပြီးခဲ့တဲ့(၂)ရက်နေ့သြဂက်မှာလဲ နှစ်ယောက် မုဒိန်းကျင့်ခံရတယ်။ အဲဒီဝမ့်ဟိုင်း ဒေသနားမှာဘဲ။ နောက်ပြီးရွာသားတွေရဲ့ပစ္စည်းဥစ္စာတွေကိုသိမ်းယူတယ်။ အစားအစာတွေ သိုလှောင်ထား တာတွေ လဲစစ်တပ်ကအကုန်လုံးလာယူသွားတယ်ဆိုတော့ သူတို့အတွက် စားဖို့အတွက်မကျန်ဘူး။

အဲဒီလိုဖြစ်နေတယ်။ နိုင်ငံတကာကတခုခုပြောဖို့သင့်ပြီပေါ့နော်။ ပိုပြီးတော့ နိုင်ငံရေးပြောင်းအလဲဖို့ဖိအား ပေးစေချင်တယ်။

ရှမ်းပြည်တပ်မတော်နှင့်မြန်မာစစ်တပ်တို့တိုက်ပွဲကြောင့် ရှမ်းပြည်နယ်တစ်ခုလုံးတွင် မြို့နယ်(၉)မြို့ နယ်မှ စစ်ပြေးဒုက္ခသည်သုံးသောင်းကျော်ရှိနေသည်ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့မှထုတ်ပြန်ထားပါသည်။အဆိုပါ ဒုက္ခသည်များသည် တရုတ်နယ်စပ် ထိုင်းနယ်စပ် ၀တပ်ဖွဲ့များခြေကုတ်ယူရာဒေသနှင့် တော တောင်ထဲ တွင်ခိုလှံုနေရပြီး နိုင်ငံတကာကကူညီထောက်ပံ့မှုများမရရှိခဲ့ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ခံတစ်ဦး ဖြစ်သူ မယိန်းဇံဟွန်မှပြောပါသည်။

ဇူလိုင်လ(၁၁)ရက်နေ့မှစတင်ဖြစ်ပွါးခဲ့သော ၀မ့်ဟိုင်းဒေသတိုက်ပွဲကြောင့် ထိုင်းနယ်စပ်ဘက်ကို တိမ်း ရှောင်လာသည့် ၀မ့်ဟိုင်းဒေသခံတစ်ဦးကမူ မြန်မာစစ်တပ်ရန်ကြောင့်ထွက်ပြေးခဲ့ရသည်ဟုပြောသည်။

မြန်မာစစ်တပ်က ရှမ်းတပ်ဖွဲ့ကိုထိုးစစ်ဆင်လာလို့  ကျနော်တို့ရွာသားတွေလဲ မနေနိုင်တော့လို့ ထွက်ပြေး လာရတယ်။ ဗမာစစ်တပ်တွေလာရင် ယောက်ျားလေးတွေ့ရင် ပေါ်တာထမ်းဖို့ဖမ်းတယ်။မလိုက်ရင်ရိုက် တယ်။ တောတောင်ထဲမှာဘဲ လနဲ့ချီပုန်းရှောင်နေရတယ်။ ဘာအကူအညီမှမရှိဘူး။ လယ်မဆင်းနိုင်ဘူး၊ တောင်ယာ မလုပ်ရဲဘူး။ ကျနော်တို့အနီးအနားက ကျေးရွာအုပ်စု(၂) ခု(၃)ခုကဘဲ၊ (၄၀၀)လောက်ထွက်ပြေး နေရတယ်။ ဗမာစစ်သားနဲ့တွေ့ရင် ရှမ်းတပ်တွေ ရှမ်းသူပုန်တွေကို ဆက်သွယ်သတင်း ပေးတယ်ဆိုပြီး တွေ့တဲ့သူကို ဖမ်းတယ် ရိုက်နက်စစ်ဆေးတယ်။ ဘယ်သူမှ မနေရဲတော့ဘူး။ ကျနော်တို့ရွာဆို ရွာပျက် သလိုဖြစ်သွားပြီ။

ထိုင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်လာသည့်ဒုက္ခသည်များသည် စစ်ပြေးဒုက္ခသည်အဖြစ် အသိမှတ်ပြုခြင်း မခံရဘဲ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သာ အလုပ်လုပ်ကိုင်နေရသည်ဟုလည်း အဆိုပါဒေသခံမှဆိုသည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် ၀မ်းပျက်ဝမ်းလျောနှင့်ငှက်ဖျားရောဂါကြောင့် ၀မ့်ဟိုင်းဒေသခံဒုက္ခသည် (၂၄) ဦး သေဆုံးသွားခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ ကြေညာချက်ထဲတွင်ဖေါ်ပြထားပါသည်။ စစ်ဘေးဒဏ် ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် ဒေသအတွင်းအကူညီပေးရေးအဖွဲ့တွေကနေတဆင့် နယ် စပ်ဖြတ်ကျော်အကူအညီပေးသွားနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းများကို ရှမ်းလူထုအခြေပြုအဖွဲ့တွေကနေ တောင်းဆိုသွားမည်ဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ ကြေညာချက်ထဲတွင်ဖေါ်ပြထားပါသည်။

Most read this week