မြို့နယ် အုပ်ချုပ်ရေမှူး လဒ်စားသည့် အရှုတ်အရှင်း ကြံ့ဖွံ့ပါတီက ကြားဝင်

မြို့နယ် အုပ်ချုပ်ရေမှူး လဒ်စားသည့် အရှုတ်အရှင်း ကြံ့ဖွံ့ပါတီက ကြားဝင်
by -
ခိုနူမ်ထုန် သတင်းဌာန

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ချင်းပြည်နယ် ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ၀န်ထမ်းတနေရာ အတွက် ဘွဲ့ရလူငယ်နှစ်ဦးထံမှ လဒ်စားမှူပြသနာအတွက်ကြ့ံဖွံ့ပါတီခေါင်းဆောင် များမှ ကြားဝင်ဖြန်ဖြေ ပေးသည် ဟု သိရသည်။

“အလုပ်ခန့်မယ်ဆိုပြီး လူငယ်တဦးထံကနေ မနှစ်ကတည်းက ကျပ်ငွေ နှစ်သိန်းယူထားတယ်၊ယခုနှစ် အလုပ်ခန့် တဲ့အ ချိန်မှာ လူတဦးစီကနေ ကျပ်ငွေ၅ သိန်းပြန်ယူပြီး အလုပ်ခန့်တော့ အရင်လူက မကျေနပ်တာ” ဟု ထန်တ လန်မြို့ပေါ် မှ ၀န်ထမ်း တဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးသည် ထန်တလန်မြို့နယ်လုံဒိန်းကျေးရွာအုပ်စုု စာရေးဝန်ထမ်း တနေရာစာအတွက်ဘွဲ့ရ လူငယ် နှစ်ဦးထံမှ ကျပ်ငွေ ၂ သိန်း နှင့် ကျပ်ငွေ ၅သိန်း အသီးသီးယူထားပြီး ပိုက်ဆံ နှစ်သိန်းပေးသည့် အရင်လူကို အလုပ်မခန့် တော့ သောကြောင့် ပြသာနာပေါ် ခြင်းဖြစ်သည်ဟု ထန်တလန်မြို့ပေါ် ရပ်မိရပ်ဖ
တဦး ကပြောည်။

” မြို့နယ်ကြ့ံဖွ့ံပါတီ ဥက္ကဌ ဦးငွန်ဟရမ်း နဲ့ ဒေါက်တာမှူထန်တို့က အလုပ်မရတဲ့ လူငယ်မိဘတွေကို တောင်းပန်ကြတယ်၊ အဲဒီလူငယ်ကို မြို့နယ်ကြံ့ခိုင်ရေးပါတီ ရုံးမှာ တလ ရ သောင်း နှုန်းနဲ့အလုပ်ခန့် ထားကြမှ ပြသာနာ အေးတော့တာ” ဟု ပြောသည်။

ထန်တလန်မြို့နယ် ကြ့ံဖွံ့ပါတီသည် ဇူလိုင်လမှ စပြီး မြို့နယ် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ၁၅ ဦးအား တလ ၆ သောင်းနှုန်း၊စာရေးကြီးနဲ့ စာရေးငယ် အင်အား ၄ ဦးအား တလ ၈ သောင်း နဲ့ ရသောင်း နှုန်းဖြင့် ထောက်ပ့ံ သွား ကြမည်ဟု ပြောကြသည်။ ၀င်ငွေ ရရှိမှုကိုတော့မသိရပေ။

” ကြ့ံဖွ့ံပါတီဖြစ်ဖြစ် တခြားနိုင်ငံရေးပါတီဖြစ်ဖြစ် အဲလိုမျိုးလဒ်စားမှုတွေကို  အရေးယူရမှာ၊ ကြ့ံဖွ့ံလုပ်ရပ်က လဒ်စားမှူ အားပေးတာပဲ” ဟု အငြိမ်းစား ၀န်ထမ်းတဦးက ပြောသည်။

အလားတူ ထန်တလန်မြို့နယ် ပညာရေးဌာနတွင် ကျောင်းသားများထံ ငွေကောက်ခံမှူရှိနေကြောင်းသိရ သည်။

” ယခုနှစ် ကျောင်းပြောင်းလက်မှတ်အတွက် ကျောင်းအုပ်တွေက ငွေတောင်းတယ်၊ ငါးသောင်း၊ တသောင်း၊ ငါးထောင် ဆိုပြီး အသီးသီးငွေတောင်းတယ်” ဟုကျောင်းသားမိဘ တဦးကပြောသည်။

Most read this week