ဖမ်းဆီးခံ ကျောင်းသားကိစ္စ ဆူပူမှုမပြုပါက ၃ လအတွင်း အပြင်ထွက်ခွင့်ပြုမည်ဟုဆို

ဖမ်းဆီးခံ ကျောင်းသားကိစ္စ ဆူပူမှုမပြုပါက ၃ လအတွင်း အပြင်ထွက်ခွင့်ပြုမည်ဟုဆို
by -
ခိုနူမ်ထုန် သတင်းဌာန

ဇူလိုင် ၂၄ရက်နေ့၊ တနင်္ဂနွေ နေ့ မနက် ၉နာရီခန့် က စစ်ကိုင်းတိုင်း၊ ကလေးနည်းပညာ တက္ကသိုလ် မြို့ပြ အင်ဂျင်နီယာ ပထမနှစ် ကျောင်းသားဆလိုင်း ရွန်လျံကြီးအား မူးယစ်မှောင်ခိုသမားများနှင့်ပါတ်

Kaley-Universityဇူလိုင် ၂၄ရက်နေ့၊ တနင်္ဂနွေ နေ့ မနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်း၊ ကလေးနည်းပညာ တက္ကသိုလ် မြို့ပြ အင်ဂျင်နီယာ ပထမနှစ် ကျောင်းသား ဆလိုင်းရွန်လျံကြီးအား မူးယစ်မှောင်ခိုသမားများနှင့် ပါတ်သက် သည်ဟု စွပ်စွဲဖမ်းဆီးခြင်းနှင့် ပါတ်သက်ပြီး  တက္ကသိုလ် ကျောင်းသားများမှ ဆူပူမှုမလုပ်ပါက ၃ လအတွင်း အပြင် ထွက် ခွင့် ပြုလိမ့်မည်ဟုု ရှေ့နေ ဦးမြအေးက ပြောသည်ဟု သိရသည်။

“ဆူပူမှူ လုပ်မလုပ်က မပြောချင်ဘူး၊ ကျောင်းသားကိစ္စကို ဥပဒေအရ သက်ဆိုင်ရာ မော်ကွန်းထိန်းကို အ ကြောင်းကြားသင့်တယ်၊ ဒီ အမှူ ကိုင်တွယ်ပုံကဥပဒေလမ်းကြောင်းနဲ့ မညီဘူး” ဟု ကလေးတက္ကသိုလ်မှ ကျောင်းဆရာတဦးက ပြောသည်။

ဆလိုင်း ရွန်လျံကြီးသည် အဖွားအိမ်မှမော်တော်ဆိုင်ကယ်ဖြင့် အပြန် သူစိမ်းတဦးအား အိမ်တအိမ်သို့လိုက် ပို့ ပေးစဉ် အဆိုပါအိမ်သို့ကလေးမူးယစ် အထူးတပ်ဖွဲ့ ရောက်ရှိလာပြီး မီးဖိုချောင်မှ ဘိန်းဖြူ ၅ ဂရမ်အား ရှာဖွေတွေ့ရှိကာ ဆလိုင်းရွန်လျံကြီးအား အမှုထဲ ဆွဲထည့်ဖမ်းဆီးကြခြင်းဖြစ်သည်။

” ဒီအမှုကြောင့် ကျောင်းသားတွေ ဆူပူမှုမလုပ်ယင် တရားခံကို ၃ လအတွင်း အာမခံနဲ့ အပြင်ထွက်ခွင့် ရအောင်လုပ်ပေးမယ်လို့  ရှေ့နေကပြောတယ်၊ ဆူပူယင် တက္က သိုလ်ကျောင်းအုပ်ကြီးပါ အလုပ်ပြုတ်နိုင် တယ်လို့လည်း ပြောတယ် ” ဟု တရားခံ၏ ဆွေမျိုးအ သိုင်းအ ၀ုိင်းတဦးက ပြော သည်။

ယင်းအမှူနှင့် ပါတ်သက်ပြီး ကလေးတက္ကသိုလ် ကျောင်းသူကျောင်းသားများ မကျေမနပ်ဖြစ်နေကြကြောင်း ယင်းအမှုဖြစ်ပုံအသေးစိပ်ကိုလေ့လာစုံစမ်း သွားမည်ဖြစ်ကြောင်း  ပြောကြသည်။

” အာဏာပိုင်တွေက ရွန်လျံကြီး၏ ကိုယ်ရေးအချက်အလက်မှာ ကျောင်းသားလို့မရေးပဲ တောင်သူလို့ရေး ထားကြတယ်၊   နေပြည်တော်ကို သတင်းပို့တယ်၊ အဲဒါ တမင်အကွက်ဆင်ဖမ်းဆီးတာပဲ” ဟု ကလေးမြို့မှ ချင်း တက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။

ဆလိုင်ရွန်လျံကြီးသည် ကျောင်းသားဖြစ်ကြောင်း၊ ၄င်းကိုင်ဆောင်သည့် ကျောင်းသားကဒ်ကိုသက်ဆိုင်ရာ သို့ ပြကြသော်လည်း နေပြည်တော်သို့သတင်းပို့ပြီးဖြစ်သဖြင့် ပြင်လို့မရတော့ကြောင်း တုံ့ပြန်ကြသည်ဟု သိရ သည်။

ရှေ့နေ ဦးမြအေး သည် ယင်းအမှု စစ်ဆေးခအဖြစ် ကျပ်ငွေ ၈ သိန်းတောင်းခံသည့် အနက် အမှူရှင်တွေက ၄ သိန်းသာ ပေးနိုင်သေးကြောင်း ချင်း ဝေါလ် သတင်းစာတွင် ဖော်ပြထားသည်။

ဆလိုင်းရွန်လျံကြီးအား ဇူလိုင်လ ၂၈ ရက်နေ့တွင် ကလေးမြို့ အင်တိုင်းကြီး အကျဉ်းထောင်သို့ ပို့လိုက် ကြောင်း သိရသည်။

“အမှန်ဆိုယင် ဒီအကျဉ်းထောင်က ပြစ်မှူ ချမှတ်တဲ့ တရားခံကိုသာ ထားရှိတာဖြစ်တယ်” ဟုဆွေမျုုိးတဦး က ပြောသည်။

Most read this week