ခေတ်မှီ ရခိုင်အက္ခရာ ပုံစံ ပေါ်ပေါက်ရေး ဆွေးနွေးပွဲ အမေရိကန်တွင် ပြုလုပ်မည်

ခေတ်မှီ ရခိုင်အက္ခရာ ပုံစံ ပေါ်ပေါက်ရေး ဆွေးနွေးပွဲ အမေရိကန်တွင် ပြုလုပ်မည်
by -
မောင်ရမ္မာ

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင် ပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် ရခိုင် လူငယ်များ စု ပေါင်းပြီး ခေတ်မှီ ရခိုင်အက္ခရာပုံစံ ပေါ်ပေါက်ရေး ဆွေးနွေးပွဲတခုကို ဇူလိုင်လ ၂၄ ရက်နေ့ (တနင်္ဂနွေ)နေ့ တွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။

ဆွေးနွေးပွဲ ပြုလုပ်မည့်ရည်ရွယ်ချက်ကို အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်သော သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ အေးကျော်က ယခုကဲ့သို့ ပြောသည်။

alphabet" ခေါင်းစဉ်က ခေတ်မှီ ရခိုင်အက္ခရာ ပုံစံ အနေအထားတွေကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ က ကြီးကို ဘယ်လို ရေးဖို့ လဲ၊ ဝေသာလီခေတ်က ကကြီးကို ပြန်သုံးဖို့လား၊ မြောက်ဦးခေတ်က ကကြီး ပုံစံကို ထည့်သုံး မှာလား၊ ဒါမှ မဟုတ် လေးမြို့ခေတ်က ကကြီးကို သုံးဖို့လား၊ ဝေသာလီခေတ်က ကကြီးကို သုံးဖို့လား၊ ဒါက လူငယ် တွေနဲ့ လူကြီးတွေသဘောပါ။ ဒီဆုံးဖြတ်ချက်ကို လူတိုင်းသိအောင် Internet မှာ တင်ပါဖို့။ ဝေဖန်ကြ၊ သုံးသပ်ကြ၊ ဆွေးနွေးကြ၊ ပုံစံ အနေအထား နေသားကျသွားတဲ့အခါမှာ အဲဒီ ပုံစံအနေအထားပေါ်မှာ မူတည်ပြီး တော့ "မဟာပညာကျော် Font "ကို ရေးဖို့။ အဲဒီ မဟာပညာကျော် Font ကိုရေးလိုက်တဲ့ အတွက်ကြောင့် ကျောက်တော်က ရေးတဲ့ ကကြီးနဲ့ ဂွကရေးတဲ့ ကကြီးဟာ အတူတူ ထွက်လာဖို့။ တိုကျိုကရေးတဲ့ ကကြီးပုံစံနဲ့ နယူး ယောက်ကရေးတဲ့ ကကြီး ပုံစံအတူတူ ဖြစ်လာဖို့။ အဓိက ရည်ရွယ်ချက်ကတော့ အဲဒါကို ပုံစံအတူတူ ဖြစ် အောင် လုပ်ဖို့ဖြစ်ပါတယ်။"

အဆိုပါ ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံတွင် အခြေချ နေထိုင်ကြသော ဆရာတော် ဒေါက်တာ အသျှင်နာယက၊ စာပေ ၀ါသနာပါသော လူကြီးများနှင့် ရခိုင်လူငယ်များ စုပေါင်းပြီး ဆရာကြီး ဒေါက်တာ အေးကျော်၏ နေအိမ် (သုခဝတီ) အိမ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် အဓိက ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ဆရာကြီးက ယခုကဲ့သို့ ပြောသည်။

" အမျိုးသား လက္ခဏာပုံစံဝင်တဲ့ က၊ခ အနေအထားကို ဘယ်လိုပုံစံလုပ်ဖို့လဲ၊ ဟထိုးကို ဘယ်လိုလုပ်ဖို့လဲ၊ လုံးကြီးတင်ကို ဘယ်လိုရေးဖို့လဲ၊ အဲဒါတွေကို တိတိကျကျ Black Board မှာ ရေးပြ၊ ဆွေးနွေး၊ အဲဒါ အား လုံးကို လုပ်ဖို့အတွက် အဓိက စီစဉ်တာ ဖြစ်ပါတယ်။"

အဆိုပါ ဆွေးနွေးပွဲမှ ရွေးချယ်လိုက်သော စာလုံးပုံစံများကို ပြည်သူများ သိရှိလာအောင် တင်ပြပြီး အများက လက်ခံသော "စံ" စာလုံးပုံစံ ဖြစ်လာမှသာ " မဟာပညာကျော် Font" လုပ်ကာ ရခိုင်သူ ရခိုင်သားအားလုံး သုံးနိုင်အောင် ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week