ချင်းမိုင် (မဇ္စျိမ)။ ။ စံချိန်တင် မိုုးကြောင့် ရခိုင်ပြည်နယ် မြို့နယ် ရ ခုအတွင်း လယ်ယာမြေများ ရေမြုပ်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိခဲ့သည့်အပြင် စာသင်ကျောင်းများနှင့် စျေးများလည်း ပိတ်လိုက်ရသည်။
ဇူလိုင် ၁၈ ရက်မှစ၍ အဆက်မပြတ် မိုးရွာသွန်းခဲ့သဖြင့် မြောက်ဦး၊ ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များနှင့် အနီးတဝိုုက် ”ရေပင်လယ်ကြီး” ဖြစ်နေသည်ဟုု ဒေသခံများက ပြောသည်။
မြောက်ဦးတွင် အဆိုုးဆုံုးဖြစ်ကာ အထက်တန်းကျောင်းသားတဦး ရေနစ်သေဆုံးခဲ့သည်။ မြို့ပေါ်ရှိရပ်ကွက်များ တွင် ရေအမြင့် ၄ ပေထိ တက်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ သွားရောက် ခိုလှုံရသူများ ရှိလာသည်ဟုု မြို့ခံများက ပြောသည်။
“မိုးက ၄ ရက်လောက်ရှိပြီ၊ ဆက်တိုက်ရွာနေတော့ ရေက အခု ရင်ဆို့လောက်ရှိတယ်။ မြို့ထဲမှာ ဘယ်မှ သွားလို့ မရဘူး။ လှေနဲ့သွားရင်တော့ ရရဲ့။ တခြားမြို့ရွာတွေနဲ့တော့ အဆက်အသွယ်ပြတ်သွားပြီ။ ဘယ်မှ သွားလို့ မရတော့ဘူး။ ပင်လယ်ပြင်ကြီးထဲမှာလိုပဲ” ဟု မြို့ခံ အထက်တန်းကျောင်း ဆရာတဦးက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “ကျောင်းတွေ ရေမြုပ်နေလို့ ပိတ်ထားတယ်။ စာသင်လို့ မရဘူး၊ မြို့ထဲတောင် သွားလို့လာလို့ မရဘူး ဖြစ်နေတယ်” ဟု ဆိုသည်။
ဇူလိုင် ၁၉ ရက်တွင် တိုင်းထွာခဲ့သည့် မိုးရေချိန်အရ မြောက်ဦးမြို့၌ ယခင်စံချိန်ဟောင်း ၈ ဒဿမ ၉၀ လက်မ ကို ၉ ဒဿမ ၃၇ လက်မဖြင့် ၃၃ နှစ်ကြာ စံချိန်ကို ချိုးခဲ့ကြောင်း နေပြည်တော် မိုးလေဝသ ဇလဗေဒဌာနကို ကိုးကား၍ ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့ပြီး တောင်ကုတ်၌လည်း နှစ်ပေါင်း ၁၅ နှစ်ကြာခဲ့ပြီဖြစ်သည့် စံချိန်ဟောင်း ၁၃ ဒဿမ ၀၇ လက်မကို ၂၉ ဒဿမ ၁၀ လက်မဖြင့် စံချိန်ချိုးခဲ့ကြောင်း ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
စိုက်ပျိုးလယ်မြေ ဧကပေါင်း သောင်းချီ ရေနစ်မြုပ်နေသလို ရေကြီးသဖြင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ထားရန်နေ ရာနှင့် အစားအစာ အခက်ကြံုနေကြသည်မှာ တနင်္လာနေ့ကတည်းကပင် ဖြစ်သည်ဟု သိရသည်။
ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ဗူးသီးတောင်နှင့် မောင်တောမြို့ပေါ်ရပ်ကွက်များနှင့် နယ်များတွင် လည်း ရေကြီးမှုဒဏ်ကို ကြံုတွေ့နေရသည်။ တောင်ကုတ်မြို့တွင် အင်္ဂါနေ့မှစ၍ ရေတက်နေသဖြင့် ကျောင်းများ ပိတ်ထားရသလို အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားများ ဝယ်ယူရန်ပင် အခက်တွေ့နေကြသည်။
“ရေက မကျသေးဘူး။ လယ်ကွင်းဆိုတာ မြင်တောင်မမြင်ရတော့ဘူး။ ရွာတွေတောင် ကျွန်းတွေလိုပဲမြင်ရ တယ်။ ဟိုတစု ဒီတစု တပြင်လုံး ရေချည်းပဲ” ဟု တောင်ကုတ်မြို့သူ တဦးက မဇ္စျိမကို ပြောသည်။ရေများ ဖုံးလွမ်းနေသဖြင့် သံတွဲနှင့် တောင်ကုတ် ကူးသန်းသွားလာနေသည့် ကားလမ်းမကြီးတွင် ကားများဖြတ်သန်း သွားလားခြင်း မရှိတော့ပေ။
ကျောက်တော်မြို့ခံတဦးကလည်း “မုုိးကတော့ ဆက်တိုုက်ရွာတုုန်းပါပဲ။ ဆက်ရွာရင် အန္တရာယ်ရှိနုုိင်တယ်။ အငတ်ဘေးပြဿနာလိုုပေါ့။ အခုုလည်း စျေးထဲမှာ စားသောက်ကုုန်တွေက နည်းနည်း ရှားလာတယ်။ စားသောက်ကုုန်တွေက လမ်းတွေ ခက်ခဲတော့ ရှားလာတာ။ ရေမြုပ်နေတော့ သွားလာရခက်ခဲလိုု့စျေးရောင်း စားတဲ့ သူတွေလည်း သိပ်မလာကြတော့ဘူး” ဟုု ဆုုိသည်။
၁၇ မိုင် ရှည်လျားသည့် ဘူးသီးတောင်နှင့် မောင်းတော ကူးသန်းသွားလာနေသည့် အဓိကဆက်သွယ်ရေး လမ်းမကြီးသည်လည်း ဘူးသီးတောင်မြို့မှ အသွား ၈ မိုင်အကွာတွင် တောင်ကျရေ တိုက်စားမှုကြောင့်အပျက် အစီး ကြီးမားသည်ဟုု ဘူးသီးတောင် မြို့ခံများက ပြောသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ မြို့စည်ပင်စျေးကြီး ၅ ပေခန့် ရေနစ်မြုပ်နေသလို၊ စျေးအနီးရှိ တောင်ပူဇာဆိပ်ကမ်းနှင့် မြို့ပေါ်ရပ်ကွက် ၄ ခု ခန့်တွင် ရေကြီးနေသည်။ အနည်းဆုံုး အနီးပတ်ဝန်းကျင် ရွာပေါင်း ၂၀ ကျော်မှာရေကြီး မှုနှင့် ကြံုတွေ့နေရသည်ဟုု မြို့ခံများက ပြောသည်။
“လူတွေဘယ်မှ သွားလို့ မရကြတော့ဘူး။ ပင်လယ်ပြင်ကြီးလို ဖြစ်နေတယ်။ ဦးဇင်းတို့တောင် အရုဏ်ဆွမ်း အခက်အခဲနဲ့ ကြံုနေရတယ်။ ကိုယ်တိုင်ချက်ပြီး ဘုန်းပေးနေရတယ်” ဟု ဘူးသီးတောင်မှ သံဃာတပါးက မဇ္စျိမကို မိန့်ကြားသည်။
သံတွဲမြို့တွင်လည်း အမှတ် ၁၊ အမှတ် ၄ ရပ်ကွက်များ အပါအဝင် နယ်ရွာ ၉ ရွာတွင် ရေကြီးနေသည်ဟု သိရသည်။
ထို့အပြင် စံချိန်တင်မိုးကြီးမှုကြောင့် ရခိုင်ပြည်နယ်ရှိ ကားလမ်းများ ပျက်စီးနေသဖြင့် ပြည်နယ်ထဲသို့ရန်ကုန်မှ တဆင့် ကုန်စည်များ ပို့ဆောင်နေသည့် ကုန်ကားများ ရပ်ဆိုင်းခဲ့ရသည်မှာ ၂ ရက်ရှိခဲ့ပြီဟု ရန်ကုန်အခြေစိုက် ရဲမာန်အောင် ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။
ရခိုင်ပြည်နယ် ရေကြီးနေစဉ် ပဲခူးတိုင်း ကဝမြို့နယ်ထဲရှိ ကျေးရွာ ၂၀ ခန့်တွင် ရေတက်ခဲ့သလို စိုက်ပျိုးထား သည့် မျိုးစပါးများပါ ရေမြုပ်ကုန်သည်။ အလားတူ ဧရာဝတီတိုင်း ဟင်္သာတမြို့ပေါ် ရေကြီးရေလျှံဖြစ်သဖြင့် ရပ်ကွက်တခု အပါအဝင် စျေးနှင့် ကျောင်းတကျောင်း ပိတ်ခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
နေပြည်တော် မိုုးလေဝသဌာနက ရခိုုင်တွင် ဒေသအလုုိက်၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီ တိုုင်းတွင် ဆက်လက်မိုုးကြီးနိုုင်ကြောင်း ဇူလိုုင် ၂၂ ရက် မနက် ရ နာရီ တုုိင်းထွာချက်အရသိရကြောင်း ထုုတ်ပြန် ထားသည်။
ထို့အပြင် မြန်မာ့ကမ်းရိုုးတန်းနှင့် ကမ်းလွန်တွင်လည်း မိုုးသက်လေပြင်းကျ၍ လှိုင်းကြီးနုုိင်ကာ မိုုးသက်လေပြင်း ကျစဉ် တနာရီလျှင် မိုုင် ၄၀ မှ ၄၅ မိုုင်အထိ ပြင်းထန်နုုိင်ကြောင်း သတိပေးချက် ထုုတ်ပြန်ထားသည်။