မြေမြုပ်မိုင်းဒဏ် ၂ ဦးခံရသူအနက် ၁ ဦး ခြေတစ်ဖက်ဖြတ်ခံရ

မြေမြုပ်မိုင်းဒဏ် ၂ ဦးခံရသူအနက် ၁ ဦး ခြေတစ်ဖက်ဖြတ်ခံရ
by -
ဂျူရီချိုင်း

ဂျူရီချိုင်း - ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ၄ မိုင်အကွာခန့်ရှိတဲသုံးလုံးရွာ တွင် ဒေသခံ ၂ ဦး ရက်ခြားပြီး မြေမြုပ်မိုင်းနင်း မိသည့်အနက် ၁ ဦး ခြေထောက်တစ်ဖက်ဖြတ်ခံ လိုက်ရသည်ဟု သိရသည်။

Mide-300x173မြေမြုပ်မိုင်း နင်းမိသဖြင့် ခြေထောက် ဖြတ်ခံရသူမှာ အသက် ၃၀ အရွယ်ရှိ မြန်မာလူမျိုး ကိုသက်နိုင်မြင့်ဟုသိရပြီး ဘုရားသုံးဆူမြို့ပေါ် ဦးမြင့်ဦး၏ ရာဘာခြံအလုပ်သမားဖြစ်ကြောင်း၊ အခြားမိုင်းဒဏ်ခံရသူ အမည်မသိ ကရင် လူမျိုးတစ်ဦးအား ဘုရားသုံးဆူမြို့ပေါ် ဆေးရုံတင်ထားနေရဆဲဖြစ်သည်။

“ကိုသက်နိုင်မြင့် သစ်သွားခုတ်ရင်းနဲ့ လမ်းမှာမိုင်း နင်းမိတယ်၊ ခြေဖနောင့်ကိုထိသွားတယ်” ဟုကိုသက်နိုင်မြင့် နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကိုသက်နိုင်မြင့်သည် အဆိုပါမြေမြုပ်မိုင်းဒဏ်ရာကြောင့် ယမန်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီဆေးရုံ၌ ခြေတစ်ဖက်ဖြတ်ခံလိုက်ရပြီး ဆေးကုသခံယူနေဆဲဖြစ်သည်ဟု သိရသည်။

ကိုသက်နိုင်မြင့်သည် ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ခြံအတွင်းသစ်ခုတ်နေစဉ် မြေမြုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူက ပြောသည်။ ထိုနည်းတူ ဇူလိုင်လ ၁၇ ရက်နေ့တွင် လည်းဘုရားသုံးဆူမြို့ နယ် မဲကသာဒေသ တဲသုံးလုံးအနီး၌ပင် ကရင်လူမျိုးတစ်ဦး မျှစ်ရှာနေစဉ်ခြေထောက်တစ်ဖက်မြေမြုပ်မိုင် းဒဏ်ရာရရှိကာ ဘုရားသုံးဆူမြို့ဆေရုံတွင် ယခုဆေးကုသခံယူနေရဆဲကြောင်း ဒေသခံများကပြောသည်။

၎င်းမြေမြုပ်မိုင်းများကို မည့်သည့်လက်နက်ကိုင်အဖွဲ့မှထောင်ထားခဲ့ကြောင်း မသိရှိရသေးပေ။

အဆိုပါ တဲသုံးလုံးဒေသတဝိုက်တွင် မြန်မာအစိုးရတပ်၊ ကေအင်ယူ တပ်မဟာ ၆ တပ်ဖွဲ့နှင့် ဒီကေဘီအေ တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

မြန်မာပြည်အနှစ် ၆၀ ကျော်ပြည်တွင်းစစ်ကာလတလျှောက်တွင် မြန်မာအစိုးရတပ်ဖွဲ့များအလားတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း မြေမြှုပ်မိုင်းများ အသုံးပြုနေသည်ကို သိရှိနေရသည်။