ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဒေသခံ များမှလွှဲ၍ တခြားနယ်မှလူများ ချောင်ဆုံနှင့်ကြာအင် ဆိပ်ကြီးမြို့ကိုသွားသောရေးလမ်းခရီးကိုသွားလာ ခွင့် မပြုဟု ဘုရားသုံးဆူမြို့အခြေစိုက် ခလရ(၂၈၄) က ပြီးခဲ့တဲ့ အပါတ်ကအမိန့်ထုတ်ထား ကြောင်း ချောင်းဆုံ စက်လှေဂိတ်မှူးနှင့်နီးစပ်သူ တဦးက ပြောပါသည်။
“စစ်တပ်ကလည်း လှုပ်ရှားမှုတွေပိုလုပ်တယ်လေ။ ခက်တာကဘုရားသုံးဆူမြို ့မှာက နယ်စုံက လာတဲ့ စက်ရုံအလုပ်သမားတွေရှိတယ်လေ။ အဲဒီလိုအမိန် ့ထုတ်လိုက်တော့ လည်း သူတို ့က တော့ဒုက္ခရောက် တာပေါ့ဟာ။ အခုချိန်မှာမိုးရာသီဆိုတော့ ဘု ရားသုံးဆူ နဲ့ သံဖြူဇရပ် ကားလမ်းကလည်း သွားလို့မရတော ့ဘူးလေ။ ဒါကြောင့် သူတို ့အတွက်အရေးပေါ် ခရီးတွေ ဒုက္ခရောက်တာပေါ့”
ဘုရားသုံးဆူဒေသတွင် ယခုလိုမိုးရာသီ၌ မော်တော်ကားလမ်းများပျက်စီးပျက်သွားတဲ့အတွက်ကြောင့် ရေကြောင်း ခရီးကိုသာ အားကိုးနေကြရပါသည်။
ဘုရားသုံးဆူမြို့တွင် လူဦး ရေ ၃ သောင်းကျော် ရှိ ပြီး တခြားဒေသကလူတွေလည်း အများအပြားနေထိုင်ကြ သည်။ ယခုလိုအမိန့်ထုတ်ထားခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံမဟုတ်သောသူများအတွက် သွားလာရေး အခက်အခဲရှိနေသည်ဟု မုဒုံမြို့ဒေသခံ ကုန်သည် တစ်ဦးကယခုလိုပြောပါသည်။
“ကျနော်ကတော့ ကုန်သည်လေဗျာ။ မိုးရာသီအချိန်မှာ ဒီရေကြောင်း လိုင်းဘဲရှိတယ်လေ။ ကြာအင်းဆိပ်ကြီး မှတ်ပုံ တင်ကိုင်သူမှသွားရမယ်ဆိုတော့ ကျတော်တို့လုပ်ငန်းအများကြီးထိခိုက်တာပေါ့။ ပစ္စည်းကိုလည်း လှေနဲ့တင်ရတယ် လူမလိုက်ရဘူးဆိုတော့ ပစ္စည်းအပျက်စီးတွေများတယ်ဗျာ။ ပစ္စည်းကတင်သလောက်ပြန် မရောက်လာဘူး။ ပြီးတော့ ဘာဖြစ် လို့ ကန့်သတ်လဲမသိဘူးဗျာ အများကြီး နစ်နာပါတယ်” အထူးသဖြင့် ဘုရားသုံးဆူမြို့ရှိ ချောင်းဆုံစက်လှေဂိတ်မှ ဇမိမြစ်မြစ်ကြောင်းအတိုင်း ကြာအင်းဆိပ်ကြီးမြို့ အထိ ရေမိုင် (၇၀ )ခန့် ရှိပါသည်။
ဤကဲ့သို့တားမြစ်မိန့်ထုတ်ရခြင်းမှာ ကေအန်ယူနှင့်တိုက်ပွဲ ဖြစ်လာပါက ခရီးသွားများအခက်အခဲမရှိအောင် ကန့်သတ်ထားခြင်းဖြစ်သည်ဟု ချောင်းဆုံရှိ စက်လှေဂိတ် မှူးတဦးကပြောသည်။
ယနေ့အချိန်ထိဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို ့ရေလမ်းကြောင်းသည် ကေအန်ယူ တပ်မဟာ(၆)က လည်း မကြာခန ခရီးသွားလာခွင့်တွေပိတ်ပင်ခဲ့ပါသည်။ ဤလမ်းကြောင်းသည် အစိုးရတပ်ကလည်း ကြီးစိုးနိုင်သလို ကေအန်ယူက လည်း ကြီးစိုးထားပါသည်။