ယခုလ ၁၆ ရက်နေ့ညနေ ၆း၃၀ နာရီခန့်က အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် ရဲက လောင်တလို့ မြို့နယ် sangau 11 တွင်နေထိုင်သူ ချင်းအမျိုးသား ဦး Ngunthawng lian (၅၈) ထံမှ AK – 56 သေနတ် တလက် ဖမ်းဆီးထား ကြောင်း သိရသည်။
အဆိုပါ လက်နက်ကိစ္စကို BSF (G) Branch Durtlang SHQ က တလ ကြိုတင်သတင်းရပြီး DSB Aizawl Branch ကို သတင်းပို့ကြောင်း ပြီးမှ တရားခံအား Vanlaiphai ရွာ Abdulmalik နေအိမ်တွင် တည်းခိုစဉ် လက်ပူး လက်ကြပ် ဖမ်းဆီးပြီး Arm Act 25 (1A) ဖြင့် အရေးယူထားကြောင်း သိရသည်။
တရားခံထွက်ဆိုသည်မှာ အဆိုပါ သေနတ်သည် မိမိ သေနတ်မဟုတ်ကြောင်း သေနတ်ရောင်းရငွေ ရူပီး ၂၈၀၀၀၀ ထဲက ရူပီး ၅၀၀၀ ရမှာဖြစ်ကြောင်း ပြောသည်။
” Kaplamthang ( paite လူမျိုး) က Abdulmalik (ကုလား) ထံသေနတ်သွားပေးပြီး ရူပီး ငွေ ၂၈၀၀၀၀ ပေးလိမ့်မယ် ပြောလို့ ငွေစောင့်နေစဉ် အခုလို အဖမ်းခံတာပါ” ဟု တရားခံက ထွက်ဆိုကြောင်း ဒေသ ထုတ်သတင်းများတွင် ဖော်ပြထားသည်။
တရားခံအား လုံးလေ ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း အဆိုပါလက်နက်သည် မြန်မာပြည်ဖက်က ၀င်လာကြောင်း သေနတ်ပိုင်ရှင်ကိုမူ ခုထိမဖမ်းမိနိုင်သေးကြောင်းသိရသည်။
Ngunthawnglian သည် လက်နက်မှူ၊ ငွေတု ကိစ္စများနှင့် ပါတ်သက်ပြီး မီဇိုရမ်ပြည်နယ်ပြည်သူ့ရဲက စောင့်ကြည့်နေသည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ပြောကြသည်။
ဇွန်လ ၁၈ ရက် (စနေနေ့) ည ၉ နာရီခန့်က အိန္ဒိယနိုင်ငံ၊ မဂ္ဂလေးယားပြည်နယ်၏မြို့တော် ရှီးလောင်းမြို့မှ ကီလိုမီတာ ၁၅ ခန့်ကွာ ဝေးသော Ri Bhoi မြို့နယ် Lad Umroi ဒေသတွင် ဒေသခံရဲတွေက ချင်းလူမျိုး ၃ ဦး ထံမှ အေကေ ၅၆အမျိုးအစား ၈ လက်နှင့် ကျည်ဘောက် ၈ ခုဖမ်းဆီးရမိခဲ့ကြ သည်။
မီဇိုရမ်ပြည်နယ် ၀န်ကြီးအဖွဲ့၏ ယခုနှစ် Budget session အစည်းအဝေးတွင် ၀န်ကြီးချုပ် ပူး Thanhawla က မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် မတရားမှူ တိုက်ဖျက်ရေးလုပ်ငန်းသည် ထင်သလောက် မပေါက် ရောက်ကြောင်း ဒီထက်ပိုပြီး အလေးထား ဆောင်ရွက်သင့်ကြောင်း ပြောသွားသည်။