မူးယစ်ဆေးဝါး ကုန်ကူး ကိုယ်စာလှယ်များ မြို့နေ လူထုကို အဓိကထား လုပ်ဆောင်နေ

မူးယစ်ဆေးဝါး ကုန်ကူး ကိုယ်စာလှယ်များ မြို့နေ လူထုကို အဓိကထား လုပ်ဆောင်နေ
by -
ခိုင်သောက

ရခိုင်ပြည်နယ် မောင်တော နယ်စပ်မြို့ရှိ မူးယစ် ဆေးဝါး ကုန်ကူး ကိုယ်စာလှယ်များသည် ၎င်းတို့ ၏ စီးပွါးရေး တိုးတက်အောင်မြင်ရန် မြို့နေလူထု ကို အဓိကထား၍ လုပ်ဆောင်နေကြောင်း သိရ သည်။

Yaba-03

မောင်တောမြို့ရှိ မူးယစ်ဆေးဝါး ကုန်ကူး ကိုယ်စာလှယ်များမှာ လှမောင်၊ ဇော်ဝင်း၊ အောင်သန်း၊ ညီညီ (ခေါ်) ကြောင်းသူ၊ ဖော်ယာစ်အုလ္လာ၊ ရွှေစံအိမ် ဆံပင်လုပ်ငန်း၊ စည်ပင်သာယာစျေး လှေကားအောက်ရှိ ကွမ်းယာ ဆိုင် ပိုင်ရှင် ဗိုလ်မောင်း၊အခွန်ရ  ဦးလှမင်း၊ ရခိုင်ပြည်နယ် တဦးတည် ကိုယ်စားလှယ် ငွေတိုက် ဘိနပ်လုပ် ငန်း ပိုင်ရှင်၊ မဟာ ကွန်ပျုတာစျေး ပိုင်ရှင် ဦးလှှမြင့်၊ အမှတ် ၄ ရပ်ကွက် သံကြီး၊ တက်သစ်စ လူငယ်များ မော်တော် ဆိုင်ကပ် ပြုပြင်းရေး၊ဟီတာချီ အေလိုတရစ်နစ် တို့ဖြစ်သည်။

လှမောင်နှင့် ဇော်ဝင်းမှာ ညီအကိုများဖြစ်ပြီး၊အမှတ် ၂ ရပ်ကွက်တွင် နေထိုင်ပြီး မောင်တောမြို့ရှိ အစိုးရ အရာရှိ များ၏ မူးယစ်ဆေးဝါး ကုန်ကူး ကိုယ်စာလှယ်များအဖြစ်လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းညီအကိုများမှာ အရာရှိများ၏မူးယစ်ဆေးဝါးများကို မောင်တောရှိ လူငယ်များ သုံးစွဲရန် နည်းမျိုးစုံဖြင့် စွဲဆောင်ပြီး မူးယစ်ဆေးဝါးကျေးကျွန်များဖြစ်အောင် ပြုလုပ်နေကြောင်း၊ ထို့ပြင် ၎င်းတို့သည် ဘင်္ဂါလာဒေးရှ် နိုင်ငံသို့လည်း သူ့နည်းသူတို့ဟန်ဖြင့် တင်ပို့လျက်ရှိနေကြောင်း သိရသည်။

မူးယစ်ဆေးဝါး ကုန်ကူး ကိုယ်စာလှယ်များအတွက် သယ်ယူပို့ဆောင်ရေးတာဝန်ယူထားသူအများအပြားမှာ မူးယစ်ဆေးဝါးစွဲနေသူများသာဖြစ်သည်။ ဇူလိုင်လ ၁၁ ရက်နေ့တွင် မူးယစ်သယ်ဆောင်ပို့သူတဦးကို နစက ဌာနချုပ်ဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းထားသော်လည်း မူးယစ်ဆေးဝါး ကုန်ကူး ကိုယ်စာလှယ်များ သွားရောက် ကြည့်ရှူသူမရှိကြောင်း သိရသည်။

ဇွန်လ ၁၁ ရက်နေ့ဘူးသီးတောင်မြို့တွင် ဖမ်းဆီးသော မူးယစ်ဆေးဝါးတွင် လှမောင်ပါ၀င်သည့်ဟု စွပ်စွဲ၍ ရဲ အရာရှိတဦး၏ မိသားစု နှင့် အတူ ဖမ်းဆီးခဲ့သော်လည်း အထက်အရာရှိများ၏ အကူအညီဖြင့် မကြာမီ လွှတ် မြောက်လာပြီး၊ ၎င်းအရာရှိမျညး၏ မူးယစ်ဆေးဝါးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

ရိုဟင်ဂျာ လူမျိုးများသည် တနေရာ မှ တနေရာ သို့ လွှတ်လပ်စွာ သွားလာခွင့် မရှိသည့်အတွက် မြန်မာပြည် အထက်ပိုင်းမှ မူးယစ် ဆေးဝါးများကို သယ်ယူရန် မဖြစ်နိုင်၊ မောင်တောရ အရာရှိ အမှုတမ်းများသော်၎င်း၊ တခြား သွားလာခွင့်ရှိသော လူမျိုးများသာ မူးယစ်ဆေးဝါးများကို မောင်တောသို့ သယ်ဆောင်လျက်ရှိကြောင်း မောင်တောမြို့ရှိ မူးယစ်ဆေးဝါးအဖွဲ့နှင့် နီးစပ်သူတဦး၏ပြောချက်အရ သိရသည်။ မောင်တောရှိ လုံခြံုရေး တာဝန်ယူထားသော အရာရှိများသည် ရိုဟင်ဂျာ လူမျိုးများကို မူးယစ်ဆေးဝါး ကုန်ကူးရာတွင် ပါ၀င်သည့်ဟု စွပ်စွဲ၍ ငွေယစ်လျက်ရှိကြောင်း ပြောပြသည်။

မောင်တောမြို့ ရဲစခန်းမှ ဒုရဲအုပ် ခင်မောင်ဝင်း ၊တပ်ကြပ်ကြီး ထွန်းထွန်းနိုင်(ခေါ်)ဘူတင်း တို့သည် သူတို့၏ ဇနီးမယားကို အထက်မြန်မာပြည်မှ မူးယစ်ဆေးဝါးများကိုသယ်ယူခိုင်ပြီး ဘူးသီးတောင်သင်္ဘောဆိပ််မှ စ၍ ဒုရဲအုပ် ခင်မောင်ဝင်း နဲ့တပ်ကြပ်ကြီး ထွန်းထွန်း ကိုယ်တိုင်သွားရောက်ပြီး မူးယစ်ဆေးဝါးများကို ယူကာ မောင်တောမြို့သို့ သယ်ဆောင်ပြီး မောင်တောမြို့အနိုင်ရ ကြံဖွတ် ပါတီအမာခံ အောင်သန်းနိုင် ၊ ညီညီ(ခေါ်) ကြောင်းသူ နှင့် ဖော်ယာစ်အုလ္လာ တို့မှတဆင့် တဖက်နိုင်ငံ တက္ကနားမြို့သို့တင်ပို့ရောင်းချနေသည်ဟု ရဲစခန်းနဲ့နီစပ်သူ မောင်တောမြို့ခံတဦးမှ သတင်းပေးပို့ချက်အရ သိရသည်။

ဒုရဲအုပ် ခင်မောင်ဝင်းမှာ မောင်တောမြို့အထူး မူးယစ်နှိမ်နင်းရေးအဖွဲတွင် အကြီးအကဲတဦးဖြစ်ပြီး ဖမ်းဆီးရမိ သော မူးယစ်ဆေးဝါးများကို လည်း အထက်သို့တရားဝင်တင်ပြပြီး မီးရှိုးဖျက်စီးခြင်းမပြုဘဲ ကြံဖွတ်ပါတီ အာဏာပိုင် တို့နဲ့ပူးပေါင်း၍ တဖက်နိုင်ငံသို့ တင်သွင်းရောင်းချနေသူတဦးဖြစ်ကြောင်းကို လည်းနောက် မောင်တောမြို့ခံတဦးက ကုလားတန်သို့ပြောပြသည်။

ဒုရဲအုပ် ခင်မောင်ဝင်း ၏ ဇနီး ဒေါ် စမ်းစမ်းပွင့် မှာ ရှမ်းပြည် တောင်ကြီးမြို့သူဖြစ်ပြီး နေရပ်သို့ တလတွင် အနည်းဆုံး(၂)ကြိမ်သွားရောက်ကာ မူးယစ်ဆေးပြားများကို သယ်ယူလာသူတဦးဖြစ်သည်ဟုလည်းသိရ သည်။

မြန်မာနိုင်ငံမှတရားမဝင်တင်းသွင်းသည့်မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ကစုံစမ်းဖေါ် ထုတ်ဖမ်းဆီပြီး ပြည်သူ့ရှေ့တွင်သတင်းစာဆရာများကိုခေါ်ယူကာ မကြာခဏမီးရှိုးဖျက်ဆီးနေရသည်ဟုစ ံုစမ်းသိရသည်။

ထို့နည်းတူ ဇူလိုင်လ ၁၇ ရက်နေ့တွင် ယာဘာမူးယစ်ဆေးဝါး ၄၃၉၅ ပြားကို ဘင်္ဂါလာဒေးရှ် နိုင်ငံရှိနယ်ခြား စောင်တပ်အမှတ် ၄၂ မှ တပ်ဖွဲ့ဝင်များ၏ နယ်စပ်ဂိတ်များဖြစ်သော ဒုံးဒုံးမျာ၊၀ုိက်ခေါင်တွင် ဖမ်းဆီးမိကြောင်း တဲခ်နာဖ်မြို့မှ ကုန်သည်တဦး၏ပြောပြချက်အရ သိရသည်။

ဘင်္ဂါလာဒေးရှ်အစိုးရသည် မူးယစ်ဆေးဝါး စိမ့်ဝင်လာမှုကို တားဖီးရန် ကြိုးစားသော်လည်းတနေ့ထက် နေ့ပိုမို များပြားလာကြောင်း။ အစိုးရသည် တယ်စပ်တလျှောက်ရှိ မူးယစ်ဆေးဝါးဂိုဏ်ကိုတားဆီးမှုမနိုင် သည့်အတွက် ဖြစ်ကြောင်း စစ်တကောင်းမြို့မှ အရာရှိတဦး၏ ပြောပြချက်အရ သိရသည်။