ဝ အာဏာပိုင်များ လူအဝင်အထွက်တင်းကြပ် ရာချီဖမ်း တပ်သားသစ်စုစောင်း

ဝ အာဏာပိုင်များ လူအဝင်အထွက်တင်းကြပ် ရာချီဖမ်း တပ်သားသစ်စုစောင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်အားမြန်မာစစ်တပ် အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ဝနယ်အတွင်း လူ အဝင်အထွက်အား လုံခြုံရေးအရ ဝအာဏာပိုင် များ  အထူးတင်းကြပ်စစ်ဆေးနေကြောင်းပန်ဆန်း သတင်း ရပ်ကွက်ကပြောပါသည်။

“မြို့က ဝ တပ်တွေက နယ်ကတပ်တွေနဲ့ ချိန်းပြီး လူတွေကိုစစ်ဆေးတယ်။ အလုပ်လုပ်ခွင့်၊ ယာယီနေထိုင်ခွင့် ကဒ် မရှိရင် အကုန် ဖမ်းတာဘဲ။ သူလျှို  ၊ ဘိန်းစား  ၊ ထောက်ခံစာမရှိတဲ့ သူတွေအဓိကထားဖမ်းတယ်၊ သံလွင်အနောက်ခြမ်းက လာတဲ့ ဝ   ၊ သျှမ်း၊ ဗမာတချို့နဲ့ တရုတ်တွေပါတယ်” - ဟု ပန်ဆန်း ရောက်တန့်ယန်း ဒေသခံ တဦးက ပြောပါသည်။
Pangsang
ယခုလ အစောပိုင်းမှ  လလယ်ပိုင်းအထိ ဝ အာဏာပိုင်များဖမ်း ထားသော စာရင်းမှာ ၂၀၀ ခန့်ရှိကြောင်း၊ ဂျူလိုင်လကုန်အထိ အယောက် ၅၀၀ ဖမ်းမိရန် အစီအစဉ်ရှိကြောင်း၊ ဖမ်းဆီးရမိသူများအား ဝ စစ်သားလုပ် လို၊ မလုပ်လို၊ လုပ်လိုက စာရင်းမှတ် ထား ပြီး ယူနီဖေါင်းထုတ်ပေးကြောင်း၊ မလုပ်လိုကမြို့မြောက်ဖက်တောင် ပေါ်  ရာဘာခြံ အတွင်း ပို့ဆောင်ပြီး အကျဉ်းသားသဖွယ် အလုပ်ကြမ်း ခိုင်းစေခဲ့ ကြောင်းအမည်မဖေါ်လိုသူ ပန်ဆန်း ဒေသ ခံတဦးက ဤကဲ့သို့ပြောပါသည်။

“အခုဖမ်းမိတဲ့ အယောက် ၂၀၀ မှာ ယောက်ျားချည်းတွေဘဲ။  သက်သေအထောက်အထား စာရွက်စာတမ်းမရှိ ရင် ပျိုပျို အိုအို အကုန်ဖမ်းတာဘဲ။ အရင်က ညအချိန်မတော် လမ်းသလားနေတဲ့ ဆေးသမား တွေကိုဘဲဖမ်း တာ။ ခုတော့ မနက်အစောကြီး အလုပ်ဆင်းချိန်မှာတောင် အဖမ်းခံရတယ်။ တပတ်ကျော်လောက်ကစပြီး  ညပိုင်းဆိုရင်လဲ ၉-၁၀ နာရီ ဆို စဖမ်းနေပြီ”

ယခုကဲ့သို့ ဝ အာဏာပိုင်များ လူဝင်လူထွက်စာရင်းတင်းကြပ်မှုကြောင့်(မြန်မာအစိုးရ၏ သူလျှိုဟု ယုံကြည် ရသူ) သူစိမ်း အများ အပြား လျှော့နည်းလာကြောင်း၊ ဖမ်းဆီးရမိမှုတွင် လာဘ်ပေးငွေထိုးခြင်းလုံးဝမလုပ် ဝံ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူအား နံပါတ် (၁)  ၊ မသင်္ကာသူများအား နံပါတ် (၂)  ၊ ထောက်ခံစာမရှိ သူများ အား နံပါတ် (၃) အဖြစ်   အဓိကထားဖမ်းဆီးခဲ့သည်ဟုဆို၏။

“ အဖမ်းအဆီးလုပ်မယ့်အကြောင်းလဲ  ဂျွန်လကတည်းက ထုတ်ပြန်ကျေငြာထားတယ်” ဟုလည်း  ဝ အာဏာပိုင် နှင့် နီးစပ်သူ တဦးက အတည်ပြုပြောဆိုသည်။

ဝ အာဏာပိုင်များ ချထားသော မူအရ အခြားဒေသမှ လာသော ဝ နယ်သားမဟုတ်သူများသည် ပန်ဆန်းလုံခြုံ ရေး ရုံးသို့ နေထိုင်ခွင့် ၊ အလုပ်လုပ်ခွင့်တောင်းခံရမည်ဖြစ်သည်။

တဘက်တွင်လည်း အသွင်ပြောင်းရေးပေါ်လစီ ကြောင့် မြန်မာစစ်တပ် နှင့် ဆက်ဆံရေး တင်းမာခဲ့သည့် နောက်ပိုင်း ဝ တပ်ဖွဲ့ကလူသူလက်နက်အင်အား ဆက်တိုက်စုဆောင်းလာခြင်း လည်းဖြစ်နိုင်သည်ဟု သုံးသပ်ကြ သည်။