တရုတ်နှင့် မြန်မာကျောက်ကုန်သည်များ ပဋိပက္ခဖြစ်ပွား

တရုတ်နှင့် မြန်မာကျောက်ကုန်သည်များ ပဋိပက္ခဖြစ်ပွား
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။       ။ မန္တလေးမြို့မဟာအောင် မြေမြို့နယ်အတွင်းရှိ ကျောက်ဝိုင်းတွင်တနင်္လာနေ့ နံနက်က တရုတ်ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည် အကြား အချင်းများကာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက် ကျောက်ဝိုင်းကို ပိတ်ပစ်လိုက်သည်။

စျေးဖြတ်ထားပြီးသည့် ကျောက်တလုံးကို တရုတ်ကုန်သည်များက ဝယ်ရန် ငြင်းဆန်ရာက ခိုက်ရန်ဖြစ်ပွား ကြသည်ဟု မြင်တွေ့လိုက်ရသည့် ကျောက်ကုန်သည်များက ပြောသည်။
gem001

ဖြစ်ပွားသည့် အခြေအနေကို ရှင်းလင်းစွာ မသိရသေးသော်လည်း တရုတ်ကုန်သည်များက မြန်မာအမျိုးသား ကိုမော်ကြီးကို ဝိုင်းဝန်း ထိုးနှက်ပြီးနောက် ဒေသခံများက ပြန်လည် ထိုးကြိတ်မှု ဖြစ်ပွားသည်ဟု ဆိုသည်။

“တရုတ်တွေရှိတဲ့ ဆိုင်ကို မြန်မာတွေ အများကြီးဝိုင်း ထားတဲ့နေရာကို ငါးမြို့နယ်က ရဲတပ်ဖွဲ့ အင်အား ၁၀၀ လောက် လာပြီး ကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေ လူစုခွဲဖို့ မိုက်နဲ့အဆက်မပြတ်အော်နေ တယ်။

မြန်မာတွေလည်း လူစုမခွဲဘဲ များများလာတယ်။ နောက်ပိုင်း တရုတ်တွေကို ရဲကားနဲ့ ထုတ်သွားရတယ်” ဟု ဒေသခံတဦးက သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

မန္တလေးမြို့ အမှတ် ရ အပိုင် ရဲစခန်းမှ ရဲအရာရှိ တဦးက “ ကျောက်ဝိုင်းဆိုတော့ နည်းနည်းအုံးအုံးဖြစ် သွားတာပေါ့။ အခု ဘယ်လို ဖြစ်တယ်ဆိုတာ စစ်ဆေးနေတုန်းပါပဲ။ အထက်လူကြီးတွေအားလုံးသွားလာ လှုပ်ရှားနေကြတုန်းပါ ခင်ဗျ” ဟု မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် ပြောသည်။

Most read this week