မြန်မာ့စစ်အာဏာရှင် ဦးနေဝင်းလက်ထက်တွင် မတရားကြိုးပေးကွပ်မျက်ခံရသည့် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင် မောင်ဦး ကွယ်လွန် ခြင်း (၃၅) နှစ်ပြည့်သည့် အောက်မေ့ဖွယ်အခမ်း အနားကို နယူးဒေလီရှိချင်းကွန်မြူနီတီကွန် ရက် က ကမကထပြု ဦးဆောင်ကျင်းပ ပြု လုပ်မည်ဟု သတင်းရရှိသည်။
အခမ်းအနားကို ဆလိုင်းတင်မောင်ဦးသေဆုံးခဲ့သည့် ရက်ပြည့် ဇွန်လ (၂၆) ရက်နေ ့တွင် ဒေလီရှိ မြန်မာကွန်မြူနီတီခန်းမ (Burma Community Resource Central- BCRC) တွင် ကျင်းပသွားမည် ဖြစ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန် ့ပေါင်းအစိုးရ တောင်အာရှရေးရာ ၀န်ကြီး ဒေါက်တာ တင့်ဆွေ၊ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ ့ချုပ် သဘာပတိအဖွဲ ့ဝင် ဒေါ် သင်းသင်းအောင်၊ Mizzima သတင်းဌာနမှ အယ်ဒီတာချုပ် ဦးစိုးမြင့်နှင့် မြန်မာနိုင်ငံ အလုပ်သမားများအဖွဲ ့ချုပ်မှ ဒေါက်တာ ဇော်ဝင်း အောင် တို ့က အမှာစကား ပြောကြား သွားကြမှာဖြစ်ပြီး ဦးဖြူဝင်းမှ ဆလိုင်းတင်မောင်ဦးနှင့်ပတ်သက်သည့် အတွေ ့ အကြုံများ ပြောကြားသွား ကြမှာဖြစ် ကြောင်း အခမ်းအနားကို နေ ့လည် တစ်နာရီ မှ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း ချင်းကွန်မြူနီ တီကွန် ယက် ဥက္ကဋ္ဌ ဆလိုင်း ဆလောင်းထံမှ သိရသည်။
ထိုနောက် ဆလိုင်းတင်မောင်ဦး အေက်မေ့ဖွယ်အခမ်းအနားကို ကနေဒါရောက် သူ ့၏ဆွေမျိုးများက ဦးဆောင်ကာ ဇွန်လ ၂၅ ရက်နေ ့ ဗန်ကူးဗားမြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ၄င်းအခမ်း အနားတွင် U Aung Saw Oo (USA), Salai Kipp Kho Lian (Germany), U Htun Aung Gyaw (USA), U Aung Htoo (Sweden), Dr. Darlene Collins (USA), Ko Ko Lay (USA)တို့မှ ဆလိုင်းတင်မောင်ဦး နောက်ကြောင်း နှင့် ပတ်သက် သည့် အကြောင်းအရာများ ပြောဆိုကြ မည်ဖြစ် သည်ဟု သိရသည်။
ထို ့အပြင် အခမ်းအနားတွင် မြန်မာနိုင်ငံရှေ ့နေများကောင်စီ အတွင်းရေးမှူးဖြစ်သူ ဦး အောင်ထူးမှ ရေးသားသော “Tin Maung Oo: A Forgotten Hereo of Asia” ခေါင်းစဉ်ဖြင့် အင်္ဂလိပ် ဘာသာကို လည်း တပြိုင်တည်း ဖြန် ့ ဝေမည်ဖြစ်ကြောင်း The Chinworld.info အင်တာနက် စာမျက်နှာ မှ သိရှိရ သည်။
“ မင်းတို ့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။ မင်းတို ့ငါ့ကိုသတ်လို ့ရပေမဲ့ ငါ့ရဲ ့ ခံယူချက်နဲ ့ စိတ်ဓါတ်ကိုတော့ ဘယ်တော့မှ သတ်လို ့မရဘူး” ဆိုသည့် ဆလိုင်းတင်မောင်ဦးရဲ့ စစ်အာဏာရှင်စိန်ခေါ်သံ နှင့်အတူ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့က စတင်ဖြစ်ပွါးခဲ့ သော ဦးသန် ့ အရေးအခင်း၊ ၁၉၇၅ ခုနှစ် ဇွန်လ (၆)ရက်နေ ့အတွင်း ဖြစ်ပွါးသော အလုပ်သမားနှစ် ပတ်လည်အရေးအခင်း တို ့တွင် ခေါင်းဆောင်အဖြစ် တက်ကြွစွာ ပါ၀င်ခဲ့ပြီး ၁၉၇၆ ခုနှစ် မတ်လ (၂၃)ရက်နေ ့တွင် ပြုလုပ်မည့် မှိုင်းရာပြည့် အရေးအခင်းအ ကောင်အ ထည်ဖော်ရေးအတွက် ပါ၀င်ကြိုး ပမ်းနေစဉ် မတ်လ (၂၂) ရက်နေ ့ တွင် အာဏာပိုင် တွေက ဖမ်းဆီးကာ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ ့တွင် ရက်စက် ယုတ်မာစွာကြိုးပေးခံရ သည်။