ချင်းဒုက္ခသည် ၂၅၀၀ ကျော် နယူးဒေလီတွင်ဆန္ဒပြကြ

ချင်းဒုက္ခသည် ၂၅၀၀ ကျော် နယူးဒေလီတွင်ဆန္ဒပြကြ
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို ့တွင် ချင်း ဒုက္ခသည် ၂၅၀၀ ကျော်က ၄င်းတို ့၏အရေးကိစ္စနဲ့ပတ်သက် ၍ ပိုမိုလေးထား ဆောင်ရွက်ပေး ရန် တောင်းဆို သည့်အနေဖြင့် ဇွန်လ ၂၀ ရက်နေ့တွင်ကျ ရောက်သော နှစ် ၆၀ မြောက် ကမ္ဘာ့ ဒုက္ခသည် များနေ ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

Rally-2-300x225ဆန္ဒပြပွဲကို ချင်းမျိုးနွယ်စုအသီးသီးမှ ကိုယ်စားပြုဖွဲ ့စည်းထားသော ချင်းဒုက္ခသည်များဆိုင်ရာ ကော်မီတီ (စီအာရ်စီ)မှ ဦးဆောင်၍ နယူးဒေလီမြို့ Jantamantar တွင် ယမန်နေ ့နံနက် ၁၁းဝဝ နာရီမှ ညနေ ၂းဝဝ နာရီခန် ့အထိ ဆန္ဒပြကြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် ဦးဆောင်သူတဦးဖြစ်သည့် စီအာရ််စီခေါင်းဆောင်း Steven Ral Kap Tluang က ‘’ ယနေ ့ဟာ ကမ္ဘာ့ ဒုက္ခသည်များနေ ့အဖြစ် နိုင်ငံတကာ မှာ ကျင်းပနေကြတဲ့အချိန်မှာ ဒေလီမှာရှိတဲ့ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး၊ အိန္ဒိယအစိုးရ၊ နိုင်ငံတကာရှိ အစိုးရမဟုတ်တဲ့ အဖွဲ ့အစည်း များနှင့် အိန္ဒိယနိုင်ငံရှိ လူမှုအဖွဲ ့အစည်းများအား မိမိတို ့အခက်အခဲကို နားလည်ပေးပြီး ထောက်ပံ့မှု ပိုမိုပေးရန်နှင့် ပိုမိုသေချာခိုင်မာတဲ့အခြေအနေတခု ဖန်တီးပေးဖို့ တောင်းဆို ကြတယ်’’ဟု ပြောသည်။

နိုင်ငံတကာအစိုးရအဖွဲ့ နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် နယူးဒေလီမှမြန်မာဒုက္ခသည် များ၏အရေးထက် ထိုင်း နှင့် မလေးရှားနိုင်ငံမှ ဒုက္ခသည်များအရေးကိုသာအဓိကဦးစားပေးဆောင်ရွက် နေကြသောကြောင့် မိမိတို့အရေးကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုသိရှိနားလည်လာပြီး ဒေလီရောက် ဒုက္ခသည်များအား တတိယနိုင်ငံသို့ ပိုမိုပို့ဆောင်ပေး နိုင်ရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟုသူကပြော သည်။

နယူးဒေလီမြို့မှ မြန်မာဒုက္ခသည်များအား တတိယနိုင်ငံသို့မသွားရောက်မှီဒေလီမြို့ပေါ်တွင်နေထိုင် နေစဉ်ကာလအတွင်း စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ အတတ်နိုင်ဆုံး စီစဉ်ပေးရန်တောင်းဆိုခဲ့ကြသည်ဟုလည်းသူကဆက် ပြောသည်။

မြန်မာနိုင်ငံ အစိုးရသစ်သည် ပြည်တွင်းစစ်ဖြစ်ပွါးရန် တိုင်းရင်းသားလက်နက်ကိုင်များအား ထိုးစစ်ဆင် နေပြီဖြစ် သောကြောင့်  မြန်မာ ဒုက္ခသည်များပိုမိုများလာနိုင်သည့် အခြေအနေတွင်ရှိနေသည်ဟု၄င်းက ဆိုသည်။

Rally-300x225”မြန်မာနိုင်ငံ အစိုးရသစ််တွင် မည်သည့်နိုင်ငံ အပြောင်း အလဲအတွက် လုပ်ဆောင်ချက်ကို မတွေ ့ရဘဲ တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်် နေတယ်။ Kachin Independence Army (KIA), DKBA, Democratic Karan Buddhist Army, Karen National Union (KNU) and SSA, Shan state Army အစရှိတဲ့ လက်နက်ကိုင်များ ကိုတိုက်ခိုက်နေပါတယ်” ဟု Stevan Ral Kap Tluang က ပြောသည်။

စစ်အစိုးရ မှ အရပ်သားအစိုးရသို့ပြောင်းလှဲသွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖေါက်မှုဆက် လက်ရှိနေပြီး ချင်းပြည် နယ်တွင်လည်း အစိုးရက လူ ့အခွင့်အရေးဆက်လက်ချိုးဖောက် လျက်ရှိကြောင်း၊ ချင်းအမျိုး သားများ မိမိတို ့ဌာနေတွင် ဆက်လက်မနေနိုင် လောက်အောင်အခက်အခဲ တွေ ့နေကြရသည်ဟု သူကဆက်ပြောသည်။

နယူးဒေလီမြို့တွင် ယခုလက်ရှိချင်းဒုက္ခသည်ပေါင်း ၁၁၅၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

သို ့သော် ဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတ်တမ်းအရ မြန်မာ ဒုက္ခသည် ၈၀၀၀ ကျော်သာ ရှိကြောင်း ဇွန်လ ၁၇ရက်နေ ့ထုတ် Newsleaks အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထား သည်။

လက်ရှိ နယူးဒေလီမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဟာ ဒုက္ခသည် ၁၄ ရာခိုင်နှုန်းကို အလုပ်အကိုင်ရှာပေးနိုင်ခဲ့ပြီး တလကို ရူပီး ရ၀၀၀ နဲ့ မိသားစု ၁၂၇ စုကို အလုပ် ရှာဖွေ ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း Burma today အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

၂၀၁၁ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဒေလီရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတဆင့် တတိယနိုင်ငံသို ့ ချင်း ဒုက္ခသည် (၉) အိမ်ထောင်စုသာ သွားနိုင်သောကြောင့် နောက်နောင်ချင်းဒုက္ခသည် များအတွက် အလားအလာ ဆိုးရွားလာဖွယ် ဖြစ်သည့် အတွက် ယခုကဲ့သို ့ ဆန္ဒပြခြင်းဖြစ်ကြောင်း စီအာရ် တာဝန်ရှိများက ဆိုကြသည်။

ချင်းဒုက္ခသည်များသည် မလေးရှားနိုင်ငံတွင် ၃၀၀၀၀ ကျော်၊ မီဇိုရမ်တွင် ရ၀၀၀၀ ခန် ့နှင့် ထိုင်းနိုင်ငံတွင် လည်း ထောင်နှင့်ချီ ခိုလှုံနေကြသည်။

Most read this week