ချင်းပြည်နယ် ဆယ်တန်းအောင်ချက် ယခင်နှစ်ထက် ကျဆင်း

ချင်းပြည်နယ် ဆယ်တန်းအောင်ချက် ယခင်နှစ်ထက် ကျဆင်း
by -
ခိုနူမ်ထုန် သတင်းဌာန

ယခုနှစ် ချင်းပြည်နယ်၏ဆယ်တန်း အောင်ချက် သည် ပြီးခဲ့သည့်နှစ်ဆယ်တန်းအောင် ချက်ထက် ကျဆင်း သွားသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၄ ရက်နေ့ကမြန်မာတနိုင်ငံ လုံးတက္ကသိုလ်ဝင်တန်းအောင် စာရင်းကိုထုတ်ပြန်ကြေညာခဲ့ပြီး ချင်းပြည် နယ်မှတက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊သား စုစုပေါင်း  ၈၀၀၈ဦးရှိသည့်အနက် ၁၀၉၅ ယောက် အောင် မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသူလည်း၆၁ဦးရှိသည်ဟု သိရသည်။

ယခုနှစ်ချင်းပြည်နယ်၏အောင်ချက် ရာခိုင်နှုန်းအားဖြင့် ၁၃.၆၇ရာခိုင်နှုန်းသာရှိပြီး ပြီးခဲ့သည့်နှစ်တွင် ၁၆ ရာခိုင်နှုန်းကျော်အောင်ချက်ရှိခဲ့သည်။ ယခုနှစ်အောင်ချက်သည်ပြီးခဲ့သည့်အောင်ချက်နှင့်နှိုင်းယှဉ်ပါက ၄ရာခိုင်နှုန်းခန့်ကျဆင်းသွားခြင်း ဖြစ်သည်။

matriculationresults2011chro

ပြီးခဲ့သည့် ၂၀၀၉ -၂၀၁၀ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်း သူ၊သား စုစုပေါင်း  ၈၇၀၆ဦးရှိသည့် အနက် ၁၄၂၆ ယောက် အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသူ ၁၀၂ ဦးရှိခဲ့သည့် အပြင် ၅ ဘာသာ ဂုဏ်ထူးရှင် ၁ ဦးရှိခဲ့သည်။

ယခုနှစ်အောင်မြင်သူများတွင် ၄ ဘာသာဂုဏ်ထူးရှင် ၁ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ရ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၅၂ စုစုပေါင်းဂုဏ်ထူးရှင် ၆၁ ဦးသာရှိသည်။

ချင်းပြည်နယ် ၉ မြို့နယ်အနက် ထန်တလန်မြို့နယ် အောင်ချက်အညံံ့ဆုံးဖြစ်ပြီး ၅ ရာခိုင်နှုန်းခန့်သာ အောင်မြင် ကြောင်း သိရသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ထန်တလန်မြို့ပေါ် အထက်တန်းပြကျောင်းဆရာ တဦးက “ အဓိက က ကျောင်းဆရာ တွေ အားနည်းတာပါ၊ မစို့မပို့လစာနဲ့ စာသင်တာကမလွွယ်ဘူး၊ ဒီ တလ လေး ငါးသောင်းနဲ့ ဘယ်လိုမှ မဖြစ်ဘူး၊ ဆန်တ အိတ် ကျပ်ငွေသုံးသောင်း၊ အိမ်ငှားခ ရယ် ဘာရယ်နဲ့ မိသားစု အရေးက မလွယ်ဘူး၊” ဟု ပြောသည်။

ချင်းပြည်နယ် တမြို့နယ်ချင်း၏အောင်ချက်အခြေအနေတွင် ဖလမ်းမြို့နယ်မှ အောင်ချက်အကောင်းဆုံးဖြစ်ပြီး ၄ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး ၊ ၃ ဘာသာ ၁ ဦး၊ ၂ ဘာသာ ၂ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်၁၅ ဦး နှင့် စုစုပေါင်း အောင်မြင်သူ ၂၀၄ ဦး၊ ဟားခါးမြို့နယ်မှ ၂ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၈ ဦးနှင့်စုစုပေါင်း အောင်မြင်သူ၂၁၉ ဦး၊ တီးတိန်မြို့ နယ်မှ ၁ ဘာသာဂုဏ်ထူးရှင် ၁၂ ရှိပြီးစုစုပေါင်းအောင်မြင်သူ ၂၀၁ ဦး၊ မင်းတပ်မြို့နယ်မှ ၂ ဘာသာဂုဏ်ထူးရှင် ၂ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး စုစုပေါင်းအောင်မြင်သူ ၁၂၅ ဦး၊ပလက်ဝမြို့နယ်မှ ၁ ဘာသာဂုဏ်ထူးရှင် ၂ ဦး စုစုပေါင်း အောင်မြင်သူ ၁၂၄ ဦး၊ကန်ပက်လက်မြို့နယ်မှ ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်၁ဦးနှင့် စုစုပေါင်းအောင် မြင်သူ ၅၈ ဦး၊ မတူပီမြို့နယ်မှ ၁ဘာသာဂုဏ်ထူးရှင် ၂ ဦး စုစုပေါင်းအောင်မြင်သူ ၉၃ဦး၊ တွန်းဇံမြို့နယ်မှ ၁ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး စုစုပေါင်း အောင်မြင်သူ ၃၄ဦး နှင့်ထန်တလန်မြို့နယ်မှ စုစုပေါင်း ၃၇ ယောက် ရှိသည်။

Most read this week