ရေဒီယို ဖြန့်ဝေပြီး တောင်ကုတ်တွင် နိုင်ငံရေး လူပ်ရှားသူ လူငယ်များက လူပ်ရှားမူ ပြုလုပ်

ရေဒီယို ဖြန့်ဝေပြီး တောင်ကုတ်တွင် နိုင်ငံရေး လူပ်ရှားသူ လူငယ်များက လူပ်ရှားမူ ပြုလုပ်
by -
နိရဥ္စရာ သတင်းဌာန

တောင်ကုတ်မြို့တွင် နိုင်ငံရေး လူပ်ရှားသူလူငယ် များ စုပေါင်းပြီး ဆင်းရဲသူ ဆင်းရဲသားများကို မြို့မ စျေးကြီးတွင် ရေဒီယို ဖြန့်ဝေ လှူဒါန်းကာ လူပ်ရှားမူ တစ်ခု ပြုလုပ် ခဲ့သည်ဟု လူပ်ရှားရာတွင် ပါ၀င်သူ လူငယ် ခေါင်းဆောင် တစ်ဦးကပြော သည်။

" ကျွန်တော်တို့ ဇွန်လ ရရက်နေ့ နံံနက််ပိုင်းမှာ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ရေဒီယို ၀ယ်နားမထောင်နိုင်တဲ့သူတွေကို ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ စုစုပေါင်း ရေဒီယို ၁၇ လုံးကို ဖြန့်ဝေ ဖြစ်ခဲ့ကြပါတယ်" ဟု သူက ပြောသည်။Taung-gup-Arakan

ရေဒီယိုများမှာ တရုတ်လုပ် ရေဒီယိုများ ဖြစ်ကြပြီး တစ်လုံးကို ကျပ် ရ၀၀၀ ဖြင့် ၀ယ်ယူကာ ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ကိုယ့်အိတ်ထဲကငွေနဲ့ စုဆောင်း ၀ယ်ယူပြီး ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်နိုင်သလောက် ဖြန့်ဝေခဲ့ကြတာပါ။ ရေဒီယို လက်ခံရရှိတဲ့ ဆိုက်ကားသမားတွေကတော့ အထူး ၀မ်းသာကြပါတယ်။ ကျေးဇူးလည်း တင်ကြပါတယ်။ သူတို့ အနေနဲ့ နောက်ဆို ရေဒီယို နားထောင် ကြရတော့ ဖြစ်တဲ့ အတွက် ခုလို လုပ်တာ ကောင်းတယ်လို့ ပြောပါတယ်။"

တောင်ကုတ်မြို့တွင် ဆင်းရဲသူ လက််လုပ် လက်စားများမှာ သတင်းစာ၊ ဂျာနယ်များကို ၀ယ်ဖတ်နိုင်သည့် အခြေအနေမရှိသဖြင့် ယခုကဲ့သို့ ရေဒီယိုများ လှူဒါန်းရခြင်း ဖြစ်ကြောင်းသူက ပြောသည်။

" သူတို့က သတင်းစာ ဂျာနယ်တွေလည်း ၀ယ်မဖတ်နိုင်ဘူး။ ရေဒီယို မရှိတော့ ပြည်ပ သတင်း ဌာနတွေက သတင်းတွေလည်း နားမထောင်နိုင်ဘူး။ ဒါကြောင့် သူတို့မှာ တိုင်းပြည်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာသိခွင့် မရဘူး။ သူတို့အနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေကို သိရှိနိုင်ရန်နဲ့ တခြား ဗဟုသုတတွေရနိုင် အောင် ခုလို ရေဒီယိုတွေကို ဖြန့်ဝေရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

နိုင်ငံရေး လူပ်ရှားသူ လူငယ်များ၏ ရေဒီယို ဖြန့်ဝေ လူပ်ရှားမူ အပေါ် အာဏာာပိုင်များက သိရှိခဲ့ခြင်း မရှိကြောင်းနှင့် လိုက်လံ စုံစမ်းခြင်း လည်း မရှိကြောင်းသူ ပြောသည်။ နောက်နောင်တွင်လည်းပိုက်ဆံများ စုဆောင်းကာ ရေဒီယိုများကို ဆင်းရဲသူများ အကြား ဖြန့်ဝေသွားမည် ဖြစ်ကြောင်း နိုင်ငံရေး လူပ်ရှားသူ လူငယ် ခေါင်းဆောင်က ပြောသည်။

တောင်ကုတ်တွင် နိုင်ငံရေး လူပ်ရှားသူ အများအပြားကို သက်ဆိုင်ရာမှ နည်းမျိုးစုံဖြင့် နှိပ်ကွက်နေသည့် အပြင် ခေါင်းဆောင် တစ်ချို့ကိုလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်သဖြင့် ယခုအခါ နိုင်ငံရေး လူပ်ရှားမူမှာ မရှိ သလောက် ဖြစ်နေသဖြင့် နိုင်ငံရေး လူပ်ရှားမူများ ဆက်လက် ပေါ်ပေါက်ရန် နိုင်ငံရေး လုပ်သူ လူငယ်များက ကြိုးပန်း အားထုတ်လျှက် ရှိကြောင်း သိရသည်။

Most read this week