SNLD လဲချားပြည်သူ့လွှတ်တော် အမတ် ကွယ်လွန်

SNLD လဲချားပြည်သူ့လွှတ်တော် အမတ် ကွယ်လွန်
by -
သျှမ်းသံတော်ဆင့်

၁၉၉၀ ရွေကောက်ပွဲအနိုင်ရသျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် လဲချားလွှတ်တော် အမတ် သက်ကြီး ရောဂါ ဖြင့်ကွယ်လွန်သွား ကြောင်းသိရ သည်။

အသက် ရ၃ နှစ်ရှိ  (၁၉၉၀  ရွေးကောက်ပွဲ ) လဲချား ပြည်သူ့လွှတ်တော်အမတ် ဦးသာထွန်းမြ သက် ကြီးရောဂါ ဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သား ၄ ယောက်အနက် ဒုတိယ သားဖြစ်သူ စိုင်းခမ်းတင်း (အသက် ၄၂ နှစ်) က ပြောပါသည်။

“ အစက ပါးစပ်မှာအနာပေါက်တယ်။ နောက်တော့အစာမစားနိုင်လို့အားပြတ်တယ်။ ချင်းမိုင်ဆေးရုံရောက်တော့ ဆရာဝန်ကဆေးစစ်ပေးပြီး အသည်းနဲ့ ကျောက်ကပ်ရောဂါပေါ့။ သက်ကြီးရောဂါလို့ဆိုနိုင်ပါတယ်။ အခု ပါပေါက် ဘုန်းကြီးကျောင်းမှာ အလောင်းကိုထားထားတယ်။ မနက်ဖြန် ဆန်တိထမ်းသုဿာန်မှာ မီးသင်္ဂြိုဟ်မယ်” ဟု ပြောသည်။

ဂျွန် ၆ ရက်နေ့ ညဦးပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နခွန်းဖင်းဆေးရုံ၌ ကွယ်လွန်ခဲ့ပြီး Shan Health Care အဖွဲ့က ကမကထပြုပြီး ၈ ရက်နေ့၌ အသုဘ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ ဦးသာထွန်းမြတွင် သား ၄ ယောက်ရှိရာ သားကြီးမှာ ကွယ်လွန်ခဲ့ပြီးဖြစ်သည်။

“ ၁၉၉၀ တုန်းက လဲချားမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နိုင်တယ်လေ။ အဲ့တုန်းက ဆန္ဒမဲ ၁၂ ၄၈၀ အနက် ၈၆၁၅ မဲရပြီး ၈၀ ရာခိုင်းနှုန်းကျော်နဲ့နိုင်သွားတာလေ။ ဒါပေမယ့် စစ်တပ်က အာဏာပိုင်သိမ်းလိုက်ပြန်တော့ ဘာမှ မလုပ်နိုင်တော့ဘူး။ အဲ့နောက်ပိုင်း အဖေလဲ စိတ်ဓါတ်ကျပြီး ပရဆေးလုပ်ငန်းထဲမှာဘဲ စိတ်နှစ်ထားလိုက်တော့တာ” ဟု ၎င်းက ဆက်ပြောသည်။

ဦးသာထွန်းမြသည် ၁၉၆၆ မှ ၁၉၈၁ အထိမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ မိုင်းရှူးမြို့ ပါတီ ဥက္ကဌ ဖြစ်ခဲ့ဖူး သည်။ ၁၉၈၁ တောင်ကြီးမြို့ အထက ၁ ကျောင်းတွင် ကျောင်းဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ပင်စင်ယူကာ ၁၉၈၈ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ၌ ဝင်ရောက်ပူးပေါင်းကာ ၁၉၉၀ ရွေးကောက်ပွဲ တွင် လဲချားမြို့ ပြည်သူ့လွှတ်တော် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၁၉၃၈ စက်တင်ဘာ ၃၀ ရက်တွင် သျှမ်းပြည်အလယ်ပိုင်း မိုင်းရယ်မြို့၌ မွေးဖွားခဲ့သည့် ဦးသာထွန်းမြ၏ ပညာရေး ခရီးမှာ ကျောက်မဲမြို့ မိုင်းငေါ့ အမက ကျောင်း၊ ကျောက်မဲမြို့အထကကျောင်း၊ တောင်ကြီး ကောလိပ်နှင့် ရန်ကုန် တက္ကသိုလ် မြန်မာစာ ပထမနှစ် တို့ဖြစ်သည်။