SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓါတုလက်နက်ပါအသုံးပြု

SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓါတုလက်နက်ပါအသုံးပြု
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာတပ် တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဆက်ဖြစ်နေရာ မြန်စစ်တပ်ဘက် ဓါတုလက်နက် အသုံးပြုသည်ဟု ယူဆကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ဒီနေ့မနက် ၅ နာရီ ၁၅ မိနစ် ကတည်းက စဖြစ်တာတိုက်ပွဲက။ မွန်းတဲ့အချိန်အထိဘဲ။ တန့်ယန်းမြို့ နယ် မိုင်းကောဝ် တိုက်နယ်ရဲ့ တောင်ဘက် ရ မိုင်လောက်ဝေးတဲ့ သျှမ်းတပ်ကို ဗမာတပ်က တက်တိုက်တာ” - ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။
sspp-ssa
ဂျွန် ၃ ရက် ယနေ့မနက်အစောကြီးမှ စ၍ မြန်မာစစ်တပ်က တန့်ယန်း နှင့် မိုင်းရှူးကြားရှိ သျှမ်းပြည်တပ် မတော် SSPP/SSA  ရ မိုင်စခန်းအား တက်တိုက်ခြင်းဖြစ်ကြောင်း၊ ထိုမတိုင်မီ ဖြတ်သွားဖြတ်လာရာမှ ယခု ပထမ ဆုံး ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲ၌ မြန်မာစစ်တပ်ကဓါတုလက်နက်စတင် အသုံးပြုလာသည် ဟုပြောနိုင်ကြောင်း အမည် မဖေါ်လိုသည့် SSPP/SSA အရာရှိတဦးက ပြောပါသည်။

“ဗမာတပ်ဘက် အင်အား ၁၀၀ ကျော်တယ်၊ ဒေသတွင်းလှုပ်ရှားနေတဲ့တပ်တွေဘဲ၊SSPP/SSA  တပ်မဟာ ၃၆ က လူအင်အားလဲ ၈၀ ကျော်လောက်ရှိမှာပေါ့။ ဒီစခန်း က SSPP/SSA  နယ်မြေရဲ့ တောင်နဲ့မြောက်ကို ဆက် သွယ်ပေးတဲ့ စခန်း၊ အဓိက မဟာဗျူဟာမြောက်နေရာတခုဘဲ။ အဲဒီတိုက်ပွဲမှာ ထူးဆန်းတာက ဗမာတပ်တွေ ဓါတုလက်နက် စ သုံးတယ်။ ဗုံးတလုံးကျလာရင် မျက်ရည်ကျတယ်။ မူးတယ်။အသက်ရှူ ကျပ်တယ်။ ဒီမွန်းလွဲပိုင်း သျှမ်းတပ် ဖက်က ဆုတ်ပေးလိုက်တယ် ” ဟု အဆိုပါ အရာရှိကသျှမ်းသံတော်ဆင့် သို့ပြောပြ၏။

“ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကလဲ ကျနော်တို့ သီပေါ မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်သေးတယ်။တိုက်ပွဲကျ  ဗမာတပ်က ဗိုလ်မှူးတဦးရဲ့ အသုဘတောင်  သီပေါမှာ လာလုပ်သေးတယ်” - ဟု သီပေါမြို့ခံတဦးကလည်း ပြောပြပါ သည်။

အဆိုပါကိစ္စသည် ပြီးခဲ့သည့် မေလ ၂၆ ရက် ညနေ ၁၆:၃၀ မှ ၁၇:၃၀ အထိ သီပေါမြို့နယ် ဆောင်ကြဲ တိုက်နယ်၊ နောင်တွမ်အုပ်စု နမ့်မော်အက်ကျေးရွာ စိန်ကျော့(ဌာနေပြည်သူ့စစ်) ဌာနချုပ် အနောက်ဖက် ၁၂ မိုင်အနီး၌ မြန်မာစစ်တပ် စကခ ၁ လက်အောက်ခံ ခမယ ၅၀၄ နှင့် သျှမ်းတပ် တပ်မဟာ ၁ လက်အောက်ခံ ၆၄၁ တပ်ရင်း တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မြန်မာစစ်တပ်ဘက် ဗိုလ်မှူးတ ယောက် အပါအဝင် ၁၀ ယောက်ထက် မနည်း သေဆုံးကြောင်း၊ သျှမ်းတပ်ဘက်က နယ်မြေကျွမ်း ကျင် လက်ဦးမှု ရရှိသော ကြောင့် ဒဏ်ရာအနည်းငယ် သာရရှိကြောင်း သီပေါမြို့နယ်ရှိ သျှမ်းအရာရှိတဦးက ပြောပါသည်။