အိန္ဒိယ-မြန်မာနယ်စပ်အမှတ်(၂) နယ်စပ် ကုန်သွယ်ရေးစခန်းအခြေစိုက်ရာနယ်စပ်ချောင်း မှ မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇောလ် သို့ တက်လာသော ခရီးသည်တင် sumoကား တစီး ယနေ့နံနက်ပိုင်းက တိမ်းမှောက်ခဲ့မှု ကြောင့် ချင်းအမျိူးသမီးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၅ ဦး ပြင်းထန်စွာဒဏ်ရာရရှိကြသည် ဟုသိရသည်။
Sumo ကားသည် နယ်စပ်ချောင်း Zokhuathar ကျေးရွာမှ အိုင်ဇောလ်မြို့သို့ တက်လာသည့် ညကားဖြစ်ပြီး၊ အိုင်ဇောလ် မြို့မဝင်ခင် Tuirial ကျေးရွာတွင် ပေ ၅၀ ကျော်မြင့်သော တောင်ကမ်းပါးထဲသို့ထိုးကျသွားသည် ဟု သိရသည်။
သေဆုံးသူ ချင်းအမျိုးသမီးမှာ Kaplianmawii အသက် (56) ဖြစ်ပြီး မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ကလေးမြို့၊ မွန်းလိုင် ကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။ ပြင်းထန်စွာဒဏ်ရာရ ရှိကြသော ၅ ဦးမှာ ဒေသခံမီဇို လူမျိုးများဖြစ် သည်ဟုသိရသည်။
“မနက် ၄ နာရီလောက်က သူတို့ Seling ရောက်တော့ ကျနော့ကို ဖုန်းဆက်တယ်၊ ဖုန်းဆက်ပြီးနောက် သိပ်မကြာဘူး အခုလို ဖြစ်သွားတာဘဲ” ဟု သေဆုံးသူ၏ယောကျာင်္ဖြစ်သူ Lalzarzova က ပြောသည်။
ကားတိမ်းမှောက်ရသည့်အကြောင်းရင်းကို အတိကျမသိရှိနိုင်သော်လည်း အခြားသော ကားသမားများ၏ ပြော် ဆိုချက်အရ ကားသမား (Driver) အိပ်ငိုက်တာဖြစ်နိုင်ကြောင်းသိရသည်။
သေဆုံးသူချင်းအမျိုးသမီးကို Bawngkawn ရဲစခန်းမှ စစ်ဆေးမှုပြုလုပ်ပြီးနောက် အိုင်ဇောလ် ပြည်သူ့ ဆေးရုံကြီး တွင် Postmortem ပြန်လည်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒဏ်ရာရသူ ၅ ဦးအနက် ၃ ဦးမှာ ပိုမိုပြင်းထန်ကြောင်းသိရပြီး လက်ကျိုး၊ ခေါင်းပေါက်၊ မျက်စိ များထိခိုက်ကြ ကြောင်း၊ ၄င်းတို့လည်း ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံနေရကြောင်းသိရသည်။