ထောင်တွင်း ဆန္ဒပြသူများအတွက် ထောင်ဝင်စာပို့ခွင့်ရှိ

ထောင်တွင်း ဆန္ဒပြသူများအတွက် ထောင်ဝင်စာပို့ခွင့်ရှိ
by -
အောင်မြတ်စိုး

ဘန်ကောက် (မဇ္စ္စျိမ) ။      ။အကျဉ်းသားအခွင့် အရေး အစာငတ်ခံဆန္ဒပြသဖြင့် စစ်ခွေးတိုက် အပို့ခံရသည့်  နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို အင်းစိန်ထောင် မူလအဆောင်များဆီကြာသပ တေးမနက်တွင်ပြန်ပို့လိုက် ပြီးထောင်ဝင်စာပို့ခွင့် လည်း ရသွားသည်။

ဗုဒ္ဓဟူး ညနေပိုင်းတွင် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ဆန္ဒပြသူ ၁ဝ ဦး တွေ့ဆုံခဲ့အပြီး၊ နောက်တရက်တွင် စစ်ခွေးတိုက်ထဲမှ ပြန်ရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။ 

innsein2ဆန္ဒပြရာတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသား များ၏ မိသားစုဝင် ၂ ဦးလည်း ကြာသပတေးနေ့ နေ့လည် ၁ နာရီတွင် ထောင်ဝင်စာတွေ့ခွင့်ရခဲ့ ပြီး၊ ပါဆယ်ပို့ခွင့် ရခဲ့သည်ဟုနိုင်ငံရေးအကျဉ်း သားမိသားစုများအကျိုး ဆောင် ကွန်ယက်မှ ကိုအောင်ဇော်ထွန်းကလည်း မဇ္စ္စျိမကို ပြော သည်။

ထိုကွန်ယက်ကို ၂ဝ၁၁ ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦး၏ မိသားစုအဖွဲ့ဝင် ၆ဝ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B အတွင်းရေးမှူးဦးတိတ်နိုင်က လည်း “ သိရတဲ့ သတင်းက စစ်ခွေးတိုက်က လူတွေအကုန်လုံးကို အဆောင်တွေကို ပြန်ပို့လိုက်ပြီ” ဟု ပြောသည်။

သန့်ရှင်းသော အစားအသောက်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ စာပေနှင့် ဘာသာစကား လေ့လာ ခွင့်ပြုရေး အပါအဝင် တောင်းဆိုချက် ၆ ခုဖြင့် ဆန္ဒပြခဲ့သည်။ ဆန္ဒပြနေစဉ်ကသပိတ်မှောက်နေသူများအတွက် အစားအစာကို ထောင်အာဏာပိုင်များက လက််မခံဘဲ ပြန်ပေးခဲ့သည်။

ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း နှက်ဖက်သဘောတူညီချက်ကြောင့် ဆန္ဒပြမှုရပ်ဆိုင်းလိုက်ဟန် လည်း ရှိသည်ဟု လေ့လာသူများက ထင်ကြေးပေးကြသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်စန်က မြန်မာအစိုးရ မည်သို့တု့ံပြန်မည်ကို အနီးကပ် စောင့်ကြည့်မည်ဟု ပြောဆိုခဲ့သည်။