ချင်းလူငယ် ၈၀ ရာခိုင်နှုန်းကျော် အိပ်ချ်အိုင်ဗွီ အသိကင်းမဲ့

ချင်းလူငယ် ၈၀ ရာခိုင်နှုန်းကျော် အိပ်ချ်အိုင်ဗွီ အသိကင်းမဲ့
by -
ခိုနူမ်ထုန် သတင်းဌာန

မြန်မာနိုင်ငံအနောက်ဘက် ချင်းပြည်နယ်မှ ချင်း လူငယ် ၈၀ ရာခိုင်နှုန်းကျော်သည်အိပ်ချ်အိုင်ဗွီ ရောဂါဆိုင် ရာအသိပညာ ကင်းမဲ့နေကြကြောင်း အဲန်ဂျီအိုအဖွဲ့အစည်းတခုဖြစ်သည့် Country Agency for Rural Development (CAD) က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ အခြေစိုက် စီအေဒီ အဖွဲ့က ယခုနှစ် ဇန်နဝါရီ ၁၀ရက်မှဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ ဟားခါး နှင့် ထန် တလန်မြို့နယ်ရှိကျေးရွာပေါင်း၁၀ ရွာမှ ချင်းလူငယ်အသက်(၁၄ မှ ၂၅) အကြား ၃၂၂ ဦးအားအိပ်ချ် အိုင်ဗွီ အသိပ ညာ နှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူရာတွင်ချင်းလူငယ် ၈၉.၁၄ ရာခိုင်နှုန်းအိပ်ချ်အိုင်ဗွီရောဂါ၏ အနက်ဓိပ္ပါယ် မသိနားမ လည်ကြကြောင်း မေလ ၂၄ ရက်နေ့ထုတ်ပြန်သည့်၄င်းတို့ကြေညာချက်တွင်ဖော်ပြ ထားသည်။

ချင်းလူငယ် ၆၀ ရာခိုင်နှုန်းကျော်သည် အိပ်ချ်အိုင်ဗွီရောဂါကိုကူးစက်မပြန့်ပွားအောင်ဘယ်လိုကာကွယ် တားဆီးရမည်ကိုမသိရှိကြကြောင်း၊ ရ၀ ရာခိုင်နှုန်းသောချင်းလူငယ်တွေက အဖော်(condom ကိုမသိမမြင် ဘူးကြကြောင်း၊ ကျန်းမာရေး အသိပညာဟောပြောပွဲ၊သင်တန်းကိုလည်းတက်ရောက်ရန်အခွင့်အလမ်းမရှိကြ ကြောင်း စီအေဒီ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

‘’ ချင်းလူငယ် ရ၀ရာခိုင်နှုန်းကျော်ကကျန်းမာရေးအသိပညာပေးဟောပြောပွဲတွေတက်ရောက်ဖို့အခွင့်အလမ်း မရှိကြဘူး၊ ၁၉ရာခိုင်နှုန်းလောက်ကတော့ တစ်နှစ်မှာတစ်ကြိမ်လောက်တော့တက်ဘူးကြတယ်၊ ၉ရာခိုင်နှုန်း လောက်က ၂ ကြိမ် တော့တက်ဘူးကြတယ်’’ ဟုသူတို့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ချင်းပြည်နယ်၏ မြို့ကြီးများတွင်နေထိုင်သူ လူငယ်အများစုမှာအိပ်ချ်အိုင်ဗွီရောဂါကို သိရှိနားလည်ကြသော်လည်း မြို့နှင့် အလှမ်းဝေး သောကျေးလက်ဒေသတွင်အသိပညာပိုမိုနည်းပါးကြသည်ဟု ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် ချင်းလူငယ်ထုအကြားတွင်အိပ်ချ်အိုင်ဗွီဗဟုသုတများမြင့်တင်ရန်၊ အိပ်ချ်အိုင်ဗွီနှင့်ဆိုင်သောကျန်းမာ ရေး သင်တန်းများ ဒေသတွင်း၌ပို့ချပေးရန်၊အဖော်(ကွန်ဒုံး)ပိုမိုအသုံးပြုလာနိုင်အောင် လုပ်ဆောင်ပေးရန် လုပ်ဆောင်ပေး သင့်ကြောင်း စသည့်လုပ်ငန်းများ အားဝင်ရောက်လုပ်ဆောင်ပေးသင့်ကြောင်းထုတ်ပြန်ထား သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် Chin Refugee Center ၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် တာဝန်ထမ်း ဆောင်ခဲ့သူ တဦးက “တချို့ ချင်း လူငယ်တွေဟာ ချင်းတောင်ကနေထွက်လာစဉ်ကတည်းကိုက အိပ်ချ်အိုင်ဗွီပိုးကို ပါလာ ကြတာတွေလည်းရှိတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှာ အခြေစိုက်သည့် အစိုးရအဖွဲ့အစည်းမဟုတ်သော စီအေဒီ ကိုလွန်ခဲ့သည့် ၂၀၀၄ ခုနှစ်မေ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဓိကအားဖြင့် ချင်းပြည်နယ်တွင် လူမှုရေးလုပ်ငန်း များကိုလုပ်ကိုင်လျက် ရှိသည်။

Most read this week