မြန်မာပြည်မြောက်ပိုင်းရှိ KIA တပ်အားလုံး တပ်လှန့်ထား

မြန်မာပြည်မြောက်ပိုင်းရှိ KIA တပ်အားလုံး တပ်လှန့်ထား
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရှေ့တန်း တပ်အားလုံးကို တပ်လှန့်ထားပြီး ရှေ့တန်းရှိ မြန်မာတပ်များအားလုံး မေ ၂၅၊ ယနေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် KIA ၏တောင်း ဆိုချက်ကို မြန်မာအစိုးရက မည်သို့တုန့်ပြန်မည် ကို စောင့်ကြည့်နေသည်ဟု KIA က ဆိုသည်။

မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ ကို ၀န်းရံထားသည့် မြန်မာတပ်စခန်း ၃ ခုပါ တပ်ဆုတ်ပေးရန် သတိပေးထားသည်။

kachin_army_kachin_state
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ၏ ထူးခြားသော ယင်းသတိပေးချက်မှာတာပိန်မြစ် ရေး အားလျှပ်စစ်စက်ရုံနှစ်ခုအနီးရှိ ဒွမ်ဘွမ်ကရုန်အခြေစိုက် KIA တပ်ရင်း ၂၅ သို့ မြန်မာစစ်တပ်က ရ၅ မမ အမြောက်ဖြင့် ပစ်ခတ်ပြီးနောက် မေလ ၁၉ ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် မဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ဗဟိုမြန်မာအစိုးရက စစ်ရေးအရတုန့်ပြန်လျှင် ပြည်တွင်းစစ်ဖြစ်လာမည်ဟု လိုင်ဇာဌာနချုပ်မှ KIA အရာရှိများ ပြောသည်။

Most read this week