ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီကနေကျင်းပခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ မေလ (၁၆)ရက် ထုတ်ပြန်ကျေညာချက်
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီကနေကျင်းပခဲ့သည့်အစည်းအဝေးဆုံးဖြတ်ချက် အရ မေလ(၁၆)ရက် ထုတ်ပြန်ကျေညာချက်ထဲတွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းမည့်အပေါ် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၏ ဒု-ဥက္ကဌ ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ နိုင်ငွေသိမ်းမှထောက်ခံကြိုဆို သည် ဟုပြောပါသည်။
“ဒီဥစ္စာကကောင်းတဲ့အလုပ်ဘဲလေ။ ကျွန်တော်တို့တောမှာနေတုန်းကကြိုးစားခဲ့တာ မဖြစ်ခဲ့ဘူး။ စည်းလုံးညီညွတ်မှု မရှိလို့က တိုက်ပွဲတွေကမအောင်မြင်ဘူး။ ကိုယ့်ဆီဟာကိုယ်တိုက် သူ့ဆီဟာသူတိုက် အဲဒီလိုဖြစ်တယ်။ ကျွန်တော်တို့ တစ်ဖွဲ့ချင်းဖြစ်ပြီးတော့ တစ်ဦးတစ်ယောက်ထဲအနေနဲ့တပ်ကိုစုဖွဲ့တိုက် လို့ရှိရင်ဆိုရင်တော့ အောင်မြင်မှုများတယ်လို့ အဲဒီလို မျိုးကျွန်တော်တို့ယူဆတယ်။ အခုဒီလိုလုပ်လို့ ရတာဆိုတာ အင်မတန်ကောင်းတဲ့လက္ခဏာပါဘဲ။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည််ဦးဆောင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသား ရင်ကြားစေ့ရေးကို ပြန်လည်ကြိုးပမ်းတဲ့အနေနှင့် ဒုတိယပင်လုံကဲသို့သော စာချုုပ်ချုပ်ဆိုရန် ကြိုးပမ်းနေသည်ဟု နိုင်ငွေသိန်း ကပြောပါသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအနေ နှင့်လည်း ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း ရေးအတွက်ကြိုးပမ်းရာတွင် ပြည်တွင်းပြည်ပမှ နိုင်ငံရေးအဖွဲ့များနှင့်ညှိနှုင်းဖို့လိုနေသည်ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေ အရ နိုင်ငံရေးပါတီများသည် စစ်တပ်လွှမ်းမိုးတဲ့စံနစ်အောက်တွင် လုပ်ဆောင် နေရသည့် အပေါ် အခက်ခဲရှိသလို စစ်အစိုးရအနေနှင့် အာဏာကိုလက်လွှတ်မည့်အနေအထား မရှိဟု နိုင်ငွေသိန်းမှ ပြောပါသည်။
“ဥဒေအတွင်းလုပ်တဲ့အခါကျတော့က ပိုပြီးအခက်အခဲတွေတယ်။ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ (၁၉၅၈)ခုနှစ်က ဒီမိုကရေစီရှိတဲ့အစိုးရမှာကျွန်တော်တို့လုပ်ရတဲ့အတွက် လွတ်လပ်ခွင့် အခွင့်အရေး ရှိသင့်သလောက်ရှိတဲ့အတွက် ကျွန်တော်တို့ကရွေးကောက်ပွဲဝင်တယ်။ မွန်ရေးရာဝန်ကြီးလောက်ဖြစ်တယ်။ မွန်ပြည်နယ်ဖေါ်လို့ရတယ်။
ကျွန်တော်တို့လွှတ်တော်မှာပြောလို့ရတယ်။ ဒါပေမဲ့(၆၂)ခုနှစ် အာဏာသိမ်းပြီးဗနာက်ပိုင်းမှာဒါတွေပျက် သွား ပါတယ်။ ဒီလေ့လာရသလောက်ဆိုလို့ရှိရင်အခုစစ်အစိုးရပါ။ စစ်အစိုးရဆိုတာကအာဏာရှင်အစိုးရ ဆိုတာက လွယ်လွယ်နဲ့ဖြုတ်ချလို့မရဘူးဖြစ်နေတယ်။ သူတို့ကအာဏာကို လက်မလွှတ်ချင်ဘူး။ သူတို့ကအသေခံပြီးတော့ သေမှသူတို့က အာဏာကိုလွှတ်ချင်တယ်။”
လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းအရ တွေ့ဆုံဆွေးနွေးရန်လိုအပ်နေသည်ဟု မွန်အမျိုးသား ဒီမို ကရေစီအဖွဲ့၏ ဒု-ဥက္ကဌ ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ နိုင်ငွေသိမ်းမှယခုလိုပြောဆိုတိုက်တွန်းခဲ့ ပါသည်။
“ကျွန်တော်တို့ငြိမ်းချမ်းစွာကူးပြောင်းရေးကိုလုပ်ချင်တယ်။ ဒီလက်ရှိအစိုးရက အမျိုးသားရင်ကြားစေ့ ရေးလုပ်ချင်တယ်ဆိုလို့ရှိရင် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့၊သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့လိုမယ်။
ဒီဟာမှ မလုပ်နိုင်လို့ရှိရင်တော့ ငြိမ်းချမ်းစွာကူးပြောင်းရေးဟာ ဖြစ်ဖို့တော်တော်ခဲယဉ်းတယ်လို့ကျွန်တော် တို့မြင်တယ်။ ဒါကို သူတို့မျက်ကွယ်ပြုနေတယ်။ငြိမ်းချမ်းစွာဖြစ်ပေါ်ဖို့အတွက်လက်ရှိအစိုးရကတွေ့ဆုံ ဆွေး နွေးလုပ်ပါလို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။”
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်စုဖွဲ့ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီကို ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသား အစည်းအရုံး မွန်ပြည်သစ်ပါတီ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး လားဟူဒီမိုကရက်တစ် သမဂ္ဂ ညီညွတ်သောရခိုင်အမျိုးသားပါတီ ရှမ်းပြည်တိုးတက်ရေးပါတီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ချင်းအမျိုးသားတပ်ဦးတို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂) ဖွဲ့နှင့် ဖေဖေါ်ဝါရီ (၁၆)ရက်နေ့တွင် ဖွဲ့စည်းထားပါသည်။