ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ကျိုက်ဒုံ မြို့ နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကအစိုးရ စစ်တပ်နှင့် လက်နက်ကိုင်ကရင် တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRGက ယနေ့ သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိုကဲ့သို့ထိခိုက်သေဆုံးခဲ့ရခြင်း သည်ဟု KHRG၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
၎င်းပစ်ခတ်မှုများကြောင့်ကျိုက်ဒုံမြို့နယ်ခွဲ ရှိ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ်စသည့်ကျေးရွာ များမှ ရွာသား ၁၄၃ဦးသည် ထိုင်းနိုင်ငံနယ်စပ်တစ်နေရာ သို့ထွက်ပြေးခိုခဲ့ရသည့်အပြင်လူနေအိမ် တချို့ကို လည်း အစိုးရစစ်တပ်မှ မီးရှို့ဖျက် ဆီးခဲ့သည်ဟု KHRG က ပြောသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ စောအဲလ်ဘတ်(Albert) က “အဲဒီပစ်ခတ်မှုတွေကြောင့်ထိခိုက်ဒဏ်ရာ ရရှိတဲ့ လူတချို့ကို ကျနော်တို့လူတွေ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့ရတယ်။ ကျိုက်ဒုံဆေးရုံမှာ တယောက်သေတယ်။ နောက် တစ် ယောက်ကတော့မျက်လုံး ထိမှန်သွားတော့အခုထိုင်းဘက်ခြမ်း၊ အုန်းဖန် ဆေးရုံမှာ ဆေးကုသမှုခံယူနေ ပါတယ်။”ဟု ပြော
ထိုင်းနိုင်ငံနယ်စပ်တွင် ထွက်ပြေးခိုလှုံနေသည့် အဆိုပါရွာသားများသည် လက်ရှိအချိန်တွင် အလုပ်ခွင်အတွင်း သို့ ပြန်လည် လုပ်ကိုင်ကြပြီ ဖြစ်သော်လည်း နယ်မြေ မတည်ငြိမ်သည့် အခြေအနေကြောင့် စိုးရိမ်မှုများဖြင့် အလုပ်လုပ်ကိုင် နေရသည်ဟု စော အဲလ်ဘတ်က ပြောသည်။
အခုချိန်မှာတော့ ရွာသားတွေ အလုပ်ပြန်ဆင်းကြပြီ။ ဒါပေမယ့် အခြေအနေက တည်ငြိမ်မှု အပြည့်အဝ မရှိသေးတဲ့အချိန်ဆို တော့ သူတို့သားသမီးတွေကို နယ်စပ်မှာပဲ ထားခဲ့ရတယ်။ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ် တွေရှိပေမယ့် အလုပ်ကိုတော့ သူတို့ ချန်ထားပစ်လို့မရဘူးလေ။”ဟု ပြောသည်။