အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့်မြန်မာနိုင်ငံ အတွင်းသို့တရားမဝင်ခိုးဝင်လာသူမူစလင် ကုလားလူမျိုး ၁၄ ဦးကို မေလ ပထမပတ် အတွင်းချင်းပြည်နယ် တီးတိန်မြို့နယ်ရှိမြန်မာ ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်သည်ဟု သိရသည်။
၄င်း ၁၄ ဦးသည် မီဇိုရမ်-ချင်းပြည်နယ် နယ်စပ် တီအို (Tiau) ကျေးရွာမှတဆင့် ဆိုင်ကယ်ဖြင့် ကလေးမြို့သို့ သွားရန် တောရွာတွင် ပုန်းအောင်းနစဉ်ဖမ်းဆီးခံခဲ့ကြခြင်းဖြစ်သည်။
“နယ်စပ်ချောင်းကနေ ဆိုင်ကယ် ကယ်ရီနှင့် ကလေးမြို့ဘက်ကို အသွား မေလ ၆ရက်နေ့က တီးတိန်မြို့ အနီး Sezang ရွာမှာ သုံးဦး၊ Kaptel ရွာမှာ တဦး၊မေ ၉ ရက်နေ့က Suangpi ရွာနားမှာ သုံးဦးထပ်ဖမ်းတယ်၊ ဒီမနက်မှာတောထဲမှာပုံး နေကြတဲ့ ရ ယောက်ကို ထပ်ဖမ်းတယ်” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ မူစလင်ကုလား ၁၄ ဦးသည် မြန်မာနိုင်ငံမှ တဆင့်မလေးရှားနိုင်ငံသို့သွားရောက်မည့်သူများဖြစ်ကြ ကြောင်းနှင့် ပွဲစားမှာချင်းအမျိူးသားဟုသိရပြီး ၄င်းအား တဦးလျှင် ကျပ်ငွေ ၁၀သိန်းစီပေးထားကြောင်း ထပ်မံသိရသည်။
“အဲဒီလူတွေနှင့် ဆက်စပ်မှုရှိတဲ့ ရဲဝန်ထမ်းတဦးကိုလည်း ဖမ်းထားတယ်၊ပွဲစားကိုတော့ အခုထိမဖမ်း နိုင်ကြသေးဘူး” ဟု ဒေသခံ တဦးက ပြောသည်။
အဖမ်းဆီးခံရသည့် ကုလားမူစလင် ၁၄ ဦးမှာ တီးတိန်မြို့ရဲစခန်းတွင်စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲဟုသိရပြီး ၄င်းတို့သည်အိန္ဒိယ-မြန်မာ-ဘင်္ဂလာဒေရှ့်နယ်စပ်တွင် နေထိုင်ကြသောရို ဟင်ဂျာလူမျိုးများဖြစ်ကြသည်ဟု လည်း တီးတိန်မြို့ခံ တဦး ကပြောသည်။
၄င်းတို့ကို တီးတိန်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး လွတ်မြောက်သွားသောပွဲစားအား ဖမ်းဆီးပြီးမှသာသူတို့ အား ပြန်လွှတ် ဘွယ်ရှိသည်ဟုသိရသည်။