NCGUB ၀န်ကြီးက ပြစ်မှုကျုးလွန်သော မြန်မာနိုင်ငံသားများကိုယ်စား မီဇိုရမ်အစိုးရနှင့် လူထုကို တောင်းပန်

NCGUB ၀န်ကြီးက ပြစ်မှုကျုးလွန်သော မြန်မာနိုင်ငံသားများကိုယ်စား မီဇိုရမ်အစိုးရနှင့် လူထုကို တောင်းပန်
by -
ခိုနူမ်ထုန် သတင်းဌာန

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်း အစိုးရ (အဲန်စီဂျီယူဘီ)  ပြန်ကြားရေးဝန်ကြီး၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ( မြန်မာနိုင်ငံ) အမတ်တဦးလည်းဖြစ်သည့် ဒေါက်တာတင့်ဆွေက ဒေသအတွင်း အစိုးရ ဥပဒေကို ချိူးဖောက်ကျူးလွန် နေကြသော မြန်မာနိုင်ငံသားများ၏ အမှားအတွက် မီဇိုရမ် ပြည်နယ် အစိုးရနှင့် ဒေသခံပြည်သူလူထုကို

ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်း အစိုးရ ( အဲန်စီဂျီယူဘီ)ပြန်ကြားရေးဝန်ကြီး၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ( မြန်မာနိုင်ငံ)အမတ်တဦးလည်းဖြစ်သည့် ဒေါက်တာတင့်ဆွေက ဒေသအတွင်း အစိုးရ ဥပဒေကို ချိူးဖောက်ကျူးလွန် နေကြသော မြန်မာနိုင်ငံသားများ၏ အမှားအတွက် မီဇိုရမ် ပြည်နယ် အစိုးရနှင့် ဒေသခံပြည်သူ လူထုကိုအလေးအနက် တောင်းပန်ကြောင်းပြောဆိုလိုက်သည်။

အိန္ဒိယ နိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ I & PR ခန်းမ၌ မေလ ၆ ရက်နေ့က ကျင်း ပခဲ့သော “Regime change in Burma: Post 2010 Elections and its Consequences” ဆိုသည့်ဆွေးနွေး ပွဲတွင် ၀န်ကြီး ဒေါက်တာတင့်ဆွေက ယခုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။

Dr.-Htint-Swe
” ကျနော်တို့မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ်မှာအများဆုံးနေထိုင်ကြတယ်၊ လူမှုဒုက္ခ ၊ အနေအထား အမျိုး မျိုးကြားထဲကပြစ်မှုမှန်း မသိဘဲနဲ့မှားကြတဲ့ လူတွေလည်း အများကြီးရှိလိမ့်မယ်၊ရာဇဝတ်မှုကအစ ဥပဒေကိုကျုး လွန်တဲ့ အထိလည်းရှိတယ်၊မူးယစ်ဆေးဝါးနှင့်အရက်သေစာအထိအမျိုးမျိုးပေါ့လေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေက ဒေသခံ အစိုးရကော ဒေသခံပြည်သူတွေပါ အနှောင့် အယှက်ဖြစ်စေတယ်၊ အဲဒီအတွက် ဒေါ်အောင်ဆန်း စုကြည်ဦး ဆောင်တဲ့အဲန်အယ်လ်ဒီပါတီကိုယ်စားလေးလေးနက်နက်တောင်း ပန် ပါတယ် ဟု ဒေါက်တာဦး တင့်ဆွေက ပြောဆိုခဲ့ သည်။

ဆက်လက်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ နှင့် ဒေသခံပြည်သူလူထုအနေဖြင့်၄င်းတို့ဒေသတွင် လာရောက်ခိုလှုံပြီး မြန်မာ့ဒီမို ကရေစီရေးအတွက်လှုပ်ရှားနေသူများနှင့် ရာဇဝတ်မှုကျုးလွန်သူများအား  ခွဲခြား မြင်ပေးရန်ဒေါက်တာ တင့်ဆွေကမေတ္တာ ရပ်ခံလိုက်သည်။

” မြန်မာပြည်သားတွေဆိုတဲ့နေရာမှာမြန်မာ့ဒီမိုကရေစီရေးနှင့်နိုင်ငံရေးကိုလှုပ်ရှားဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ် တွေကိုကိုယ့်ရဲ့ဝမ်းရေး အတွက်နယ်စပ်ကျော်ပြီးရောက်လာတဲ့လူတွေနဲ့ခွဲခြားပြီး တော့မြင်ကြဖို့ပေါ့လေ၊ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကို ရာဇဝတ်မှုကျူးလွန်လေ့ရှိတဲ့မြန်မာနိုင်ငံသားတွေ့နဲ့ခွဲခြားပြီးမြင် ပေးပါ”ဟု သူက ပြောဆို ခဲ့ သည်။

မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများကိုဒေသခံရဲများကဖမ်းဆီးမိတိုင်းအများစု မှာ မြန်မာ နိုင်ငံသားများဖြစ်ကြသည်။ ထို့ကြောင့်ဒေသခံမီဇိုပြည်သူ တွေအနေနဲ့လည်းမြန်မာနိုင်ငံသားများ အပေါ် သနားကျင်နာမှု လျော့နည်းလာကာမြန်မာနိုင်ငံသားများကိုဒုစရိုက်သားကောင်အဖြစ်ရှုမြင်လာကြ သည်။

မြန်မာ့ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးခြွတ်ခြံုကျမှု၊အုပ်ချုပ်ရေးညံ့ဖျင်းမှုတွေကြောင့်မြန်မာနိုင်ငံသားများ သည် မကောင်း မှုဒုစရိုက်မျိုးစုံကို လုပ်နေရခြင်း ဖြစ်ပြီး ယင်းဆိုးကျိုးသည် မီဖိုရမ်ပြည်နယ်အထိထိခိုက်လာ ကြောင်း ထို့ ကြောင့် မြန်မာ ပြည်သူများသည်မီဇိုပြည်သူများ၏ အမြင်စောင်းမှုကို ခံနေရကြောင်းဆက်ပြော သည်။

” ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်ဘိန်းဖြူအများဆုံးထုတ်လုပ်တဲ့နိုင်ငံမှာ မြန်မာနိုင်ငံကတစ်(သို့)နှစ်မှာအမြဲ တမ်း ရှိတယ်၊ အဲဒီ အဆင့်နေရာကို အမြဲတမ်းယူနေတဲ့နိုင်ငံတွေထဲမှာ  မြန်မာနှင့်အာဖဂါနန် စတန် နိုင်ငံတို့ဟာ အဲဒီအခြေခံမှာသွားတူနေတယ်၊ အဲဒါတွေအခြေခံက နိုင်ငံရေးမတည်ငြိမ်မှု၊စီးပွားရေး ခြွတ်ခြံုကျမှု နှင့် အုပ်ချုပ်ရေးည့ံ ဖျင်းမှုတွေကြောင့်ဖြစ်တယ်၊ နိုင်ငံသားတွေဟာတခြား ကောင်းရောင်းကောင်း ၀ယ်လုပ်ဖို့ အခွင့်အလမ်းနည်းတဲ့အတွက်မူးယစ်ဆေးဝါး လုပ်ငန်း တွေကိုအားကိုးကြတယ်၊တဆက်တည်းမှာ ဘဲ အုပ်ချုပ်သူတွေဘက် က မူးယစ်ဆေးဝါးနှိမ် နှင်းရေးမှာပျက်ကွက်သလို စီးပွားရေးခြွတ်ခြံုကျ မှုကြောင့် သာမန်ပြည်သူတွေဟာဖြတ်လမ်းနဲ့ ၀င်ငွေ ရနိုင်မယ့်နည်းကို လိုက်ကြတယ်၊အဲဒါတွေကတခုချင်းဖြေရှင်း လို့မရဘူး၊ တပါတည်း ဖြေရှင်းမှ  ရပါလိမ့်မယ်” ဟုပြောသည်။

ယခုကျင်းပသည့် “Regime change in Burma: Post 2010 Elections and its Consequences” ဆွေးနွေးပွဲကို Burma Central – Delhi ၊ချင်းလူ့အခွင့်အရေးအဖွဲ့ နှင့် Grass root Development Network  တို့ကကမကထပြုလုပ်ခဲ့ကြပြီး ဒေသတွင်း  Zo Indigenous Forum အဖွဲ့ကလည်းပူးပေါင်းပါ၀င်ဆောင်ရွက် ခဲ့သည်။

BCD
ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင်အစိုးရသစ်တရပ်ပေါ်ပေါက်လာပြီဖြစ်သော်လည်းအစစ်အမှန်ပြောင်းလဲခြင်း မဟုတ်ကြောင်း စစ်ဝတ်စုံများကိုချွတ်ပြီး အရပ်သား အဝတ်ကို လှဲဝတ်ခြင်းဖြစ်ကြောင်း Mizoram Committee for Democracy in Burma (MCDB)အဖွဲ့ဥက္ကဌ Pu Vanlalngaia ကပြောသည်။

” ကျနော်တို့မြင်တာက စစ်ဝတ်စုံကိုချွတ်ပြီး အရပ်ဝတ်ကိုဝတ်ဆင်ထားတာပါ၊တကယ်ပြောင်းတာမဟုတ်ဘူး၊ ဒါကြောင့် ကျနော်တို့အများကြီးကြိုးစားရဦးမယ်၊ဒါပေမဲ့ အရင်ကလို စစ်ဝတ်စုံတွေကိုဝတ်ပြီးနေတာထက် ခုလိုအရပ်သားဝတ်စုံတွေဝတ်လိုက်တာဟာအဆင့်တဆင့်တော့တက်လှမ်းလိုက်တယ်လို့ကျနော်မြင်တယ်” ဟုပြောသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားစုစုပေါင်း ၈သောင်းခန့်ရှိသည်ဟုခန့်မှန်းရပြီး ယင်း ၀န်ထုပ်ကြီးသည် စီးပွားရေးအားနည်းသည့် မီဇိုရမ် အနေဖြင့်မလွယ်ကူကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမ ဟာမင်းကြီးရုံး (ယူအဲန် အိုက်စီအာရ်)အနေဖြင့် မီဇိုရမ်ပြည်နယ်တွင် ရုံးဖွင့်လှစ်ကာ မြန်မာနိုင်ငံသားများအား ကူညီဖြေရှင်းရန် လိုအပ် ကြောင်း Pu Vanlalngaia ကဆက်ပြောသည်။

” မီဇိုရမ်ရဲ့ Economic ကတော်တော်လေးဆိုးပါတယ်၊ ကျနော်တို့ပြည်တွင်းထွက်ကုန်တွေ မရှိဘူး၊ဒီလိုအခြေ အနေမျိုးမှာ ဧည့်သည် ၈သောင်းလောက်ကို လက်ခံဖို့ဆိုတာ ကျနော်တို့ရဲ့ခက်ခဲမှုကို ၈၊၁၀ရာခိုင်နှုန်း လောက်ကို တိုးပွားစေ တယ်လို ဆိုရမှာပါ၊ ဒါကြောင့်(ယူအဲန်အိုက်စီအာရ်)ဘက်ကနေ ဒီမှာရုံးတွေလာဖွင့်နိုင် မယ်ဆိုရင်တော့တဖက်မှာလည်း မီဇိုရမ်မှာ Fundingတွေဝင်လာမယ်၊ကောင်းကောင်းမွန်မွန်နဲ့အတူတကွ လက်တွဲလုပ်ဆောင်ကြမယ် Proper Restraint ionof Refugee ကိုလည်း ကောင်းကောင်းလုပ်ဆောင် ရမယ်ဆိုရင်တော့ ကျနော်တို ့ရဲ့လူမှုအခက်အခဲတွေတော်တော်များများကိုဖြေရှင်းနိုင်မယ်လို့ကျနော် မျှော်လင့်တယ်”ဟုသူကပြောသည်။