ချင်းလူမျိုးမိသားစု ၂၀ ကျော်ထပ်မံ မောင်းထုတ်ရန်အမိန့်ထုတ်

ချင်းလူမျိုးမိသားစု ၂၀ ကျော်ထပ်မံ မောင်းထုတ်ရန်အမိန့်ထုတ်
by -
ခိုနူမ်ထုန် သတင်းဌာန

မီဇိုးရမ်းပြည်နယ် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာ လက်အောက်ခံ Saikhumphai ရပ်ကွက်တွင် အမောင်း ထုတ်မခံရဘဲ ကျန်ရှိနေသေးသည့်နောက် ထပ်မိသားစုပေါင်း ၂၀ ကျော်ကိုယခုမေလ မကုန်ခင် အဆိုပါဒေသမှ ထွက်ခွါသွားကြရန် Vaphaiအဲန်ဂျီအို အဖွဲ့ကအမိန့်ထပ်မံထုတ်ပြန် ထားသည်ဟုစုံစမ်း သိရှိရသည်။

Saikhumphai တွင်နေထိုင်သူအများစုမှာ မြန်မာနိုင်ငံမှချင်းလူမျိူးများဖြစ်ကြပြီး မီဇိုးရမ်းပြည်နယ် မဲဆန္ဒပေး ပိုင်ခွင့်စာရင်း တွင် မပါ၀င်သူ ချင်းအိမ်ထောင်စု ၂၂ စုကို ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့မတိုင်ခင်က Vaphai ကျေးရွာအဲန်ဂျီအိုအဖွဲ့က မောင်းထုတ်ခဲ့ပြီးဖြစ်သည်။

Vaphai_copy

ယခုတခါ အဆိုပါဒေသတွင် ကျန်ရှိနေသေးသော နောက်ထပ်ချင်းအိမ်ထောင်စုပေါင်း ၂၂ စုတို့ကိုလည်း မေလ ၃၀ ရက်နေ့မတိုင်ခင် Saikhumphai မှထွက်ခွါကြရန် Vaphai အဲန်ဂျီအိုများကထပ်မံအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အမောင်းထုတ်ခံရသော ချင်းလူမျိူးများသည် မီဇိုးရမ်းပြည်နယ် မဲဆန္ဒပေးပိုင်ခွင့်ရှိသူများဖြစ်ကြသည်။

သို့သော်လည်း Vaphai ကျေးရွာမှ (ရပ်ကွက်ကောင်စီ၊ မီဇိုးလူငယ်အသင်း၊ မီဇိုးအမျိူးသမီးများအဖွဲ့ချူပ်၊ မီဇိုး သက်ကြီး အဖွဲ့)စသည့် အဲန်ဂျီအိုများက ၄င်းတို့ကို မီဇိုးရမ်းပြည်နယ် မဲဆန္ဒပေးပိုင်ခွင့်စာရင်းမှအကုန်ဖျောက် ဖျက်ဖြစ်မည်ဟုပြော ဆိုကြောင်း Saikhumphai ဒေသခံတဦးကပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး Saikhumphai ဒေသခံများမှ Vaphai အဲန်ဂျီအိုအဖွဲ့ထံ အသနားခံစာရေးသားကာ ၄င်းတို့ကို Vaphai ကျေးရွာလက်အောက်တွင် ဆက်လက်နေထိုင်ခွင့်ပြုရန် နှင့်ယခင်အမောင်းထုတ်ခံရသူများ ကိုလည်း ပြန်လည်နေ ထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသော်လည်း Vaphai အဲန်ဂျီအိုအဖွဲ့ကလက်မခံပယ်ချခဲ့ သည်ဟု အဆိုပါဒေသခံကပြော သည်။

ပြီးခဲ့သည့်ဧပြီလ ၃၀ ရက်နေ့က Saikhumphai မှရပ်မိရပ်ဖ ၁၁ ဦးတို့က ရူပီး ၆ ထောင်ခန့်ပေးရသည့် ၀က် တကောင် နှင့်အတူ Vaphai ကျေးရွာသို့သွားရောက်ကာ ထပ်မံ၍အသနားခံ တောင်းဆိုခဲ့သော်လည်းမအောင်မြင် ခဲ့ကြောင်း သူက ဆက်ပြော သည်။

” အသနားခံတောင်းဆိုတဲ့အနေနဲ့ တစ်ကောင်ကို ဆွဲသွားပြီး ရပ်မိရပ်ဖ ၁၁ ဦးသွားကြတယ်၊ ဒါပေမဲ့ Vaphai ကျေးရွာ ကောင်စီဥက္ကဌက ကျနော်တို့ကော်မီတီအဖွဲ့ရဲ့ ဆုံးဖြတ်ပြီးသား ကိစ္စဖြစ်တဲ့အတွက် ခင်များတို့ကို ပြန်ပြီးတော့ လက်မခံနိုင် ဘူး၊ ခင်းများတို့ဝက်ကိုလည်းပြန်ယူသွားပါဆိုပြီးပြောတယ် ဒါနဲ့ စကားတခွန်းမျှ တောင်မပြောဆိုဘဲပြန်လာကြ တယ်”ဟု သူကပြောသည်။

Saikhumphai ၌ယခုလက်ရှိတွင် အိမ်ထောင်စုပေါင်း ၃၂ စုသာကျန်ရှိနေသေးပြီး ယင်းအထဲမှ အိမ်ထောင်စု ၂၂ စုတို့မှာ မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာကြသူများဖြစ်ကြသည်။ ၄င်းတို့သည် မီဇိုးရမ်းပြည်နယ်၌မဲဆန္ဒပေးပိုင်ခွင့်ရှိ သူများဖြစ်ကြ သော်လည်း မီဇိုးရမ်းမြေတွင် ချက်ကြွေသူများမဟုတ်သည့်အတွက်ကြောင့် ယခုကဲ့သို့ထပ်မံ မောင်းထုတ်ခံနေရခြင်းဖြစ် သည်။

Saikhumphai ဒေသခံများသည် အဆိုပါကိစ္စကြောင့် နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြရသည်ဟု ဒေသခံ ကပြောသည်။

”ရပ်မိရပ်ဖတွေက ၀က် တွေနှင့်သွားပြီး အသနားခံတောင်းပန်ကြတယ်ဆိုတော့ vaphai တွေဘက်ကလည်းပြန် လက်ခံကြ မှာဘဲဆိုပြီး ထင်တားကြတယ် ဒါပေမဲ့ ကိုယ်ထင်ထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတော့ ရှေ့ဆက်ပြီး ဘယ်လိုနေကြမလဲ၊ ဘယ်လိုဆက်လက်ရပ်တည်ကြမလဲဆိုတာ ကျနော်တို့မစဉ်းစားတတ်တော့ဘူး”ဟုသူက ပြောသည်။

ယခုကိစ္စစတင်ဖြစ်ပေါ်လာရသည့်အကြောင်းမှာ Vaphai လက်အောက်မှာရှိသည့် Saikhumphai ရပ်ကွက်ကို ဒေသခံများ ကကျေးရွာခွဲအဖြစ်ရပ်တည်ရန်တောင်းဆိုခဲ့ရာမှ စတင်လာခြင်းဖြစ်သည်ဟုသိရသည်။

သို့သော်တဖက်တွင်းလည်း  မြန်မာနိုင်ငံသားများက မီဇိုးရမ်းပြည်နယ်တွင် ကိုယ်ပိုင် အိမ်၊ ခြံ များပိုင် ဆိုင်လာခြင်း၊ Saikhumphai သည် မီဇိုးရမ်း-ချင်းပြည်နယ် နယ်စပ်လမ်းကြောင်းပေါ်တွင်တည်ရှိပြီး မီဇိုရမ်ပြည်နယ်သို့ လက်နက် နှင့် မူးယစ်ဆေးဝါးများသယ်ဆောင်လာရာဒေသဖြစ်သည်ဟုဆိုကာ  Saikhumphaiကိုရည်ရွယ်ချက်ရှိရှိဖျက်စီး လိုကြခြင်းသာ ဖြစ်ကြောင်း သိရသည်။

” Vaphai အဲန်ဂျီအိုအဖွဲ့တွေက အဓိကတော့ Saikhumphai ဆိုတဲ့ရပ်ကွက်ကိုဖျက်ချင်တာ၊ Saikhumphia မှာ အိမ်တ အိမ်မှ မရှိရဘူး၊ မီးခိုးထွက်တာကိုလည်း မမြင်ချင်တော့ဘူး၊ ထွက်လည်းမထွက်လာစေရဘူး”ဟုပြောဆို ကြောင်း ဒေသခံ တဦးကပြောသည်။

Most read this week