အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ

အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ
by -
စောသိန်းမြင့်

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက်အစိုးရ စစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၂) လက် အောက် ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်နေ့ကကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (KNLA)ထံသို့လာရောက် လက် နက်ချခဲ့သည်ဟု KNLAက ပြောသည်။

KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက “မနေ့က ကော့ကရိတ်အခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ၀င် ၂ဦး ကျနော်တို့ KNLA တပ်ရင်း(၁၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊  MA-4 ၁လက်။ စုစုပေါင်း လက်နက် ၄လက်နဲ့ လမ်းလျှောက် စကားပြော စက်တစ်လုံး ပါတယ်။”ဟုပြော သည်။

အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း (၁၀၁) ထိန်းချုပ် ရာ နယ်မြေတနေ ရာတွင် လက်ခံထားခဲ့ပြီး ရှေ့ဆက် ၎င်းစစ်သည်များ၏ ဆန္ဒအတိုင်းစီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစော ဖောဒိုက ပြောသည်။

ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၁၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏထွက်ပြေးရောက်ရှိ လာသော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ မေလထဲတွင် ဦးဆုံးထွက်ပြေးရောက်ရှိလာသည့်အစိုးရစစ်သည် များဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ဝေါ်လေဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအဝင် စစ်သည် ၂၀ကျော်သည်လစာဖြတ်တောက်ခံရမှု နှင့် ဝေါ်လေဒေသတွင် ဆက် လက် မလှုပ်ရှားလိုတော့သည့်အတွက် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

Most read this week