စစ်မြေပြင်မှ ဒေသခံရွာသားများ မြန်မာစစ်တပ်၏ ရိုက်နှက်စစ်ဆေးမှုဒဏ်ကြောင့် သေဆုံးကြကြောင်း သျှမ်းပြည် အလယ် ပိုင်းသတင်းရပ်ကွက်ကဆိုပါ သည်။
ဧပြီလ ၁၃ ရက်၌ တိုက်ပွဲကာလတလပြည့်ပြီဖြစ်သော်လည်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရစစ် တပ် ကြား တိုက်ပွဲ မပြီးဆုံးသေးဘဲ ယနေ့တိုင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွါး နေသေးကြောင်းတန့်ယန်းဒေသခံတဦး က သျှမ်း သံတော်ဆင့် သို့ပြောပြသည်။
“၂၁ ရက်တုန်းက တန့်ယန်းမြို့အရှေ့တောင်ဖက် မိုင် ၃၀ ခန့်အကွာ တောင်ပေါ်ပလောင်ရွာမှာ တရက်ထဲ တိုက်ပွဲ ၃ နေရာဖြစ်တာ။ အစိုးရတပ်ဖက်က စစ်သား ၄ ယောက်သေတယ်။ ၈ ယောက်ဒဏ်ရာရတယ်” ဟု မိုင်းအောတ် ဒေသ ခံနှင့်အမျိုးတော်စပ်သည့် တန့်ယန်းသားတဦးကပြောသည်။
ထိုတိုက်ပွဲမှ ဗမာတပ်၏ ကျည် ၂၅ ဒေါင့်ပါ ကျည်ကပ်တခုနှင့် အသုံးအဆောင်ပစ္စည်းများ စားနပ်ရိပ်ခါများ ဖြစ်သည့် ဆန်ဆီဆားကုလားဘဲများ သျှမ်းတပ်မတော်ဖက်ကသိမ်းဆည်းရမိကြောင်းသိရသည်။
“အစိုးရတပ်ကတန့်ယန်းက ခမရ ၅၁၃ လေ။ ကျနော်တို့ လှုပ်ရှားတဲ့နေရာကို ဗမာတပ်ကတက်တိုက်တာ ဆိုတော့ SSPP/SSA တပ်မဟာ ၃၆ က ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုင်းဆိုင် ဦးဆောင်တဲ့အဖွဲ့သူတို့ကိုပြန်လိုက်တိုက် တယ်။ မိုင်း အောတ်မြောက်ဖက်အထိ ရောက်သွားပြီး အဲ့မှာတိုက်ပွဲထပ်ဖြစ်တာ” ဟု သျှမ်းပြည်တပ်မတော် SSPP/SSA မှ အရာ ရှိတဦးကလည်း ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွါးသည့်ကာလ ရွာသားများအား မြန်မာစစ်တပ်က ဖမ်းဆီးကာ သျှမ်းသူပုန်များအကြောင်း စစ် ဆေးမေးမြန်းရိုက်နှက်သဖြင့် အသက်သေဆုံးကြရသည်အထိ ဖြစ်ကြကြောင်း မိုင်းရှူးရောက်မိုင်းအောတ်ဒေသခံ များ ကလည်းပြောပြသည်။
“၁၅ ရက်နေ့က တန့်ယန်းအခြေစိုက် ခလရ ၂၂ က နားခါအုပ်စု ဝမ့်ပုံးရွာသား စိုင်းဆွေ (အသက် ၂၂ ) ကို ဖမ်းပြီး ရိုက်နှက်စစ်ဆေးလို့ နားဖူ လယ်ကွင်းဖက်မှာ သေနေတာ။ ရွာသားတွေ ဝိုင်းပြီးမြေမြုပ်သင်္ဂြိုဟ်ပေး လိုက်ရတာ။ ၁၉ ရက်နေ့တုန်းကလဲ နားထောန် ဟိုင ရွာသား စိုင်းကာလိန််(အသက် ၃၆ ကိုဖမ်းခေါ်သွား တယ်။သျှမ်းသူပုန် အကြောင်း မေးတာတဲ့ ရိုက်လိုက်တာ ထ တောင်မထနိုင်ဘူး။ အိမ်ကို ထမ်းသယ်ယူရတာ။ ၂၀ ရက်နေ့မှာ နောက်တခါ ထပ်ခေါ် ပြီး ရိုက်ပြန်တယ်။ သေတဲ့အထိဘဲ။ တကယ်တော့အဲ့လူတွေကတကယ့် ရိုးရိုးသားသား ရွာသားတွေဘဲ။ ဘာနိုင်ငံ ရေးစစ်ရေးမှ နားလည်တာမဟုတ်ဘူး” ဟုမိုင်းရှူးဒေသခံတဦးက ပြောပြသည်။
ထို့ပြင် ၂၁ ရက်နေ့က ပြည်သူ့စစ် ၂ ယောက် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် ခိုတုံး ရွာသား ၂ ဦးကို လားဟူ ပြည်သူ့စစ်များက ဖမ်းဆီးရိုက်နှက်စစ်ဆေးသည့်အပြင် ဒဏ်ငွေ တယောက် ကျပ် ၂ သိန်းစီရိုက်သေးသည်ဟု လည်း သိရသည်။
“၂၁ ရက် နေ့လည် ၁ နာရီခွဲလောက်က တန့်ယန်း နားကော်အုပ်စု ဝမ့်ပိန်းနင်ရွာကို ဆိုင်ကယ်စီးဖြတ်သွားတဲ့ လက်နက်ကိုယ်စီနဲ့ ပြည်သူ့စစ် ၂ ယောက်ကို သျှမ်းကချောင်းပစ်တာ ဒဏ်ရာရပြီးတန့်ယန်းဆေးရုံ ရောက်နေ တယ် လေ။ အဲဒီ့နောက် တရက်ကျတော့ ဂျညီးနဲ့ ဂျကော် ပြည်သူ့စစ်အဖွဲ့က ခိုတုံးရွာသား လုံးမိန်းမောင်နဲ့ လုံးကောလီ ၂ ယောက်ကို ဖမ်းပြီးစစ်တာ။ ပြီးတော့အခင်းဖြစ်ပွါးတဲ့ ပိန်းနင်ရွာသားတွေဆီက လျော်ကြေး ကျပ် ၂ သိန်းတောင်း တယ်။ ခိုတုံးရွာသားတွေဆီက ၁ သိန်းခွဲတောင်းတာ။ ကိုယ့်ဟာကိုယ်ဖြစ်ပြီးရွာသားကိုအနိုင် ကျင့် နေတာ” ဟု လည်း တန့်ယန်းဒေသခံ ဈေးသည်တဦးကလည်းပြောပြသည်။
ရွာသားများအား ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး ဗမာပြည်မှလာသော ကျောင်းဆရာများအား ပစ်မှတ်ထားသတ်ဖြတ် မှု နှင့်ပါတ်သက်၍ ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ပြန်ကြားရေးနှင့်စည်းရုံး ရေးဌာန က ကြေငြာချက်တစောင်ထုတ်ပြန်ရာ မိမိတို့၏လက်ချက်မဟုတ်ကြောင်း အတည့်အလင်းကြေငြာခဲ့ သည်။
အဆိုပါသတ်ဖြတ်မှု လက်သည်အကောင်အထည်ဖော်ထုတ်နိုင်ရေး စုံစမ်းဖော်ထုတ်ရေးအတွက် စစ်ဆေးရေး ကော် မတီတခု ဖွဲ့စည်းထားသည်ဟု ကြေငြာချက်တွင်ဖော်ပြထားသည်။ လက်နက်ကိုင်တပ်ဖွဲ့ပေါ်ပေါက် လာခြင်း သည် လူမျိုးရေးပြသနာကြောင့်မဟုတ်ဘဲ စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေး ၊တန်းတူညီမျှရေး အတွက် နှင့် အမျိုးသားအခွင့်အရေး အတွက်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။