ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်သော သျှမ်းပြည်တပ်မတော်အား မြန်မာ စစ်တပ်က ဖြတ်လေးဖြတ်နည်း သုံး ထိုးစစ်ဆင်တိုက်ခိုက် နေချိန်သျှမ်းသူပုန်အားဆက်သွယ်ထောက်ပံ့သည် ဟုဆိုကာ ဒေသခံတချို့ဖမ်းဆီးစစ် ဆေးရိုက်
ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်သော သျှမ်းပြည်တပ်မတော်အား မြန်မာ စစ်တပ်က ဖြတ်လေးဖြတ်နည်း သုံး ထိုးစစ်ဆင်တိုက်ခိုက်နေချိန် သျှမ်းသူပုန်အားဆက်သွယ်ထောက်ပံ့သည်ဟုဆိုကာ ဒေသခံ တချို့ဖမ်းဆီးစစ် ဆေးရိုက်နှက်ခြင်းခံရသည့်အပြင် အမည်မသိလူတစုကလည်း ဒေသခံရွာသားများနှင့် ကျောင်းဆရာများ အားပစ်မှတ် ထား၍ ပစ်သတ်နေကြောင်း သျှမ်းပြည်အလယ်ပိုင်းရပ်ကွက်က ဆိုပါသည်။
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အနောက်မြောက်ဘက် မိုင် ၆၀ အကွာတော့ဆန်အုပ်စု ဒေသခံ အမျိုးသား ၁၀ ယောက်အား သျှမ်းသူပုန်နှင့် ဆက်သွယ် ထောက်ပံ့သည်ဟုဆိုကာ ကျောက်မဲအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၀၁ ၊ ၅၀၂ တို့က အိမ်တိုင်ယာရောက် ရောက်ဖမ်းဆီးရိုက်နက်ခဲ့ကြောင်းတော့ဆန်ဒေသခံတဦးကပြော သည်။
“ဧပြီလ ရ ရက်နဲ့ ၁၃ ရက်ကြားမှာဖမ်းတာ။ ဒီအပတ်ထဲမှာ ၂ ယောက်ကို လွှတ်လိုက်ပြီကြားတယ်။ကျန်တာ တော့ ကျောက်မဲရဲစခန်းမှာမှာချုပ်ထားတယ်။ ညောင်ပန်လှ ရွာသူကြီးလုံးဟန်လဲပါတယ်။သူ့ကိုအာဏာပိုင် တွေ ရိုက်နှက်စစ်ဆေး တာ ခေါင်းကွဲတယ်။ အဖမ်းခံရတဲ့ လူတွေရဲ့ မိသားစုတွေကတော့ မျက်ရည်နဲ့မျက်ခွက် ဘဲ။ အရမ်းစိုးရိမ်နေကြတယ်” ဟု ဆိုသည်။
တဖက်ကလည်း ဗမာပြည်မှလာသော ကျောင်းဆရာ ဆရာမများအား ပစ်မှတ်ထား၍ ပစ်သတ်နေမှုလည်းရှိ ကြောင်း သိရသည်။
“ဒီလဆန်းထဲမှာ တန့်ယန်းမြို့နယ် ဟိုမန်းအုပ်စုက ကျောင်းဆရာ ၂ ယောက်အပစ်ခံရတာ။ နောင်မိန်း ရွာက ကျောင်းဆရာလူအေးတဲ့။ ဒဏ်ရာက ပြင်းထန်တယ်။ နောက်တနေရာက ပါဆာရွာက ကျောင်းဆရာ လင်မယား။ ယောက်ျားကပွဲချင်းပြီး၊ သူ့မိန်းမကတော့ လက်မှာဒဏ်ရာရပြီး အခုလားရှိုးဆေးရုံရောက်နေ တယ်” ဟုတန့်ယန်း ဒေသခံတဦးကပြောသည်။
အဆိုပါလက်သည်မှာ သျှမ်းစစ်တပ်ကဖြစ်သည်ဟု မြန်မာစစ်တပ်က တန့်ယန်းမြို့တွင်း၌သတင်းလွှင့် သော်လည်း သျှမ်းပြည်တပ်မ တော် SSPP/SSA ကမူ ၎င်းတို့လက်ချက်မဟုတ်ကြောင်းသျှမ်းသံတော်ဆင့်သို့ အတည်ပြုပြော ဆိုသည်။
“ သျှမ်းပြည်အလယ်ပိုင်း စစ်ပွဲဖြစ်ပွါးနေတဲ့ နယ်မြေတွေမှာ ဗမာပြည်ကလာတဲ့ ကျောင်းဆရာ ၁၀၀ ကျော် ရှိတယ်။ အခု သူတို့ကို တန့်ယန်းမြို့ပေါ် အကုန်သွားနေဖို့ အာဏာပိုင်တွေက ခေါ်ထားတယ်။”ဝန်ထမ်းနှင့် အမျိုးတော်စပ် သည့် ၎င်းကပြောသည်။
၁၉ ရက်ကလည်း သီပေါမြို့နယ် အထကကျောင်း၏ ကျောင်းအုပ်ကြီးနှင့် ဒရဝမ်လင်မယားကို အမည် မသိလူတစု ဝင်ရောက်ပစ်သတ်ခဲ့သေးကြောင်း သိရသည်။
သင်္ကြန်ကာလ ဧပြီ ၁၁ ရက်က မိုင်းရှုးမြို့ရပ်ကွက် ၁ နေ အသက် ရ၂ နှစ်ရှိ ဦးအောင်မြတ်လည်း မိုင်းရှူး မြို့ တောင်ဘက် ၁ မိုင်ခန့်ရှိတဲ့ ခြင်္သေ့ရေတွင်း (နမ့်မော်ဆန်ဆီ့) ၌ရေသွားချိုးရင်း အသစ်ဆောက် နေ သော ခလရ ၁၄၉ အား အမှတ်မထင် လှမ်းကြည့်မိသဖြင့် တပ်အာဏာပိုင်များက ၎င်းအား သျှမ်းသူပုန် သတင်းပေးဟုစွပ်စွဲ ကာ ရိုက်သတ်လိုက်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“ ရဲတွေက အရင်သိသွားတော့ ‘ ရပ်ကွက်ထဲ ဘယ်သူပျောက်သလဲ’ လို့စစ်သားတွေ လာမေးတာ။ ရဲကသွား စစ်ကြည့်တော့ ဦးအောင်မြတ်ရဲ့ ဂုတ်မှာ ဓါးခုတ်ထားတဲ့ ဒဏ်ရာကြီးဆိုတော့ လူသတ်မှုလို့ပြောမှ စစ်တပ်က သူ့သမီးကို ပိုက်ဆံတစ်သိန်းပေးတယ်။ လျော်ကြေးလို့လဲမပြောဘူး။ သူတို့တပ်ထဲမှာဖြစ်လို့ ပေးတာအဲလို သဘောမျိုးဘဲ။ ဧပြီ ၁၃ ရက်တုန်းကတော့ ဦးအောင်မြတ်ရဲ့ မိသားစုက ဆွမ်းသွတ်လှူဒါန်း ပေးလိုက်ပြီ” ဟု ဆိုပါသည်။
ယခုလ ၁၉ ရက်ကလည်း ဦးအောင်မြတ်သေဆုံးသည့် နမ့်မော်ဆန်ဆီ့အနီး ထင်းသွားခွေသည့် မိုင်းရှူးရပ် ကွက် ၁ ဒေသခံတယောက်က လူ ၃ ယောက်နောက်ယောင်ခံလိုက်ကြည့်ခံရသည့် အရိပ်အချေသိသည်နှင့်သစ်ခုတ် သည်ကို ရပ်ပြီး မလှမ်းမကမ်း၌ သွားစောင့်ချောင်းကြည့်ရာ ၎င်း၏ သစ် ခုတ်သည့်နေရာသို့ မြန်မာစစ်သား ၃ ယောက် ရောက်နေသည်ကို တွေ့ရကြောင်း ၎င်းနှင့်အမျိုးတော်စပ်သူတဦးက ပြော သည်။
တန့်ယန်းမြို့နယ် (မိုင်းရှူး အရှေ့တောင်ဘက် ၁၀ မိုင်အကွာ) ဝမ့်လွယ်ရွာ လားဟူလူမျိုး ၅ ဦးလည်း အမည် မသိ လူတစ်စုက လွန်ခဲ့သည့် သီတင်းတပတ်က သတ်ဖြတ်ခဲ့ကြောင်း ၊ တနင်္ဂနွေနေ့ ခရစ်ယာန် ဘုရားကျောင်း မတက်သည်ကို ရွာသားများက အိမ်အထိ လိုက်ရှာရာ အိမ်ထဲတွင် အလောင်းများ ပုပ်ပွအနံ့ ထွက်နေပြီဖြစ် ကြောင်း တန့်ယန်းရောက် ဝမ့်လွယ်ဒေသခံ တစ်ဦးက ပြောပြသည်။
အလားတူ တန့်ယန်းမြို့နယ် ၀မ့်နမ့်ဇဲန်(၀မ့်လွယ်မှ သံလွင်ကူးတို့ဆိပ်သွား ကားလမ်းဘေး) ရပ်ရွာဥက္ကဋ္ဌ လုံးစိုင်းခမ်း အပါအဝင် ဒေသခံ ၄ ဦးကိုလည်း အမည်မသိလူတစ်စု သတ်ဖြတ်ခဲ့သည်။ ထိုဒေသ၌ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့လည်း လှုပ်ရှားသဖြင့် ဗမာစစ်တပ်က လားဟူနှင့်သျှမ်းတပ်ဖွဲ့ကြား သွေးခွဲမှုလုပ်ဆောင် နေကြောင်း လေ့လာသူများ သုံးသပ်ကြပါသည်။