နယ်ခြားစောင့်တပ်မှ တပ်သားသစ် တောင်းဆိုသည့်အပေါ် ကျေးရွာလူကြီးများမှ အသနားခံတင်ပြမည်

နယ်ခြားစောင့်တပ်မှ တပ်သားသစ် တောင်းဆိုသည့်အပေါ် ကျေးရွာလူကြီးများမှ အသနားခံတင်ပြမည်
by -
နော်ချိုဂေဖေါ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်မြဝတီမြို့နယ် ရှိရွှေက္ကိုကျေးရွာ မှာ ပြီးခဲ့တဲ့ဧပြီလ ၈ ရက်နေ့ ကနယ်ခြားစောင့်တပ် ထိပ်တန်းခေါင်း ဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူ၏ တပ်သား သစ်တောင်းခံ မူနှင့် ပတ်သက်ပြီး ကျေးရွာ (၁ဝ)

နော်ချိုဂေဖေါ (ဧပြီ-၂၁)။     ။ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် မြဝတီမြို့နယ်ရှိရွှေက္ကိုကျေးရွာ မှာ ပြီးခဲ့တဲ့ဧပြီလ ၈ ရက်နေ့ကနယ်ခြားစောင့်တပ်  ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူ၏ တပ်သား သစ်တောင်းခံ မူနှင့် ပတ်သက်ပြီး ကျေးရွာ (၁ဝ)ရွာမှ ရွာလူကြီး အချင်းချင်း စုစည်းတိုင်ပင်နေကြပြီး ၄င်းတို့တောင်း ခံသည့်အတိုင်း မပို့ပေးနိုင်ကြောင်း စောချစ်သူထံ သွားရောက်အသနားခံ တင်ပြ တောင်းဆိုရန် ပြင်ဆင်နေကြကြောင်းဒေသခံတစ်ဦးမှပြောပါ သည်။

မြဝတီမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ တပ်သားသစ် ရ၅ ဦးကို  ခွဲတမ်းချတောင်းပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ အရပ် အမောင်းမှာလည်း ၅ ပေ ၄ လက္မရှိသည့်သူများကိုသာ ရွေးချယ်ရှာခိုင်း သည်ဟု ရွာလူကြီးတစ်ဦးမှပြောသည်။ တပ်သားသစ်(၇၅)ဦးကို ထွက်ပြေးသွားသော ၄င်းတို့တပ်သား နေရာတွင် အစားထိုးအင်အားပြန်ဖြည့်ရန်အတွက်ဖြစ်ကြောင်းဆိုပါသည်။ တပ်သားသစ်တောင်းဆိုမှုနှင့်ပက်သက်၍ ဝှေ့တံတားအုပ်စုကျေးရွာဥက္ကဌတစ်ဦးကိုဆက်သွယ် မေးမြန်းရာ ဤသိုပြောဆိုခဲ့ပါသည်။

“ သူတို့တပ်သားသစ်တောင်းတာ နှစ်စဉ်နှစ်တိုင်းပဲ ကျနော်တို့မတတ်နိုင်တော့ဘူး၊ ကျနော်တို့မတတ် လုပ်လာတာလည်း နှစ်ပေါင်းများပြီး ဘာမှထူးခြားမလာဘူး၊ ဒီစစ်သားက ဘယ်သူမှမလုပ်ချင်ဘူး၊ ကျနော်တို့ ကျေးရွာဥက္ကဌတွေက ရွာသားတွေကို လိုက်ခိုင်းနေရတာ ယခုခိုင်းမရဲတော့ဘူး၊ အလုပ် အကိုင်လည်းမရှိ တစ်နှစ်စာ စားဖို့အတွက်တောင်မလုံလောက်ဘူး၊ အခု သူတို့တောင်းတဲ့အတိုင်း အရပ်အမောင်းနဲ့လည်း ကိုက်ညီအောင်ရှာပေးရမယ်ဆိုတော့ တကယ်မလွယ်လှ”

ယင်းသို့တပ်သားသစ် ကောက်ခံရာတွင် က္ကိုရွာမှ ၂ဝ ဦး၊ သဲပုံရွာ ၄ ဦး၊ ထီးခိုထောရွာ ၃ ဦး၊ ကယ်ဝေါ် ရွာ ၁ဝ ဦး၊ ထီးစားရာရွာ ၅ ဦး၊ တောအုပ်ရွာ ၁ ဦး၊ ထီးဝါ့ဘလောရွာ ၁၂ ဦး၊ လို့ဘောရွာ ရ ဦး၊ သီ့ဝါးပူရွာ ၃ ဦး၊ ဖားကလူးရွာ ၃ ဦး၊ သစ်ကာယာ့ရွာ ၂ ဦး၊ ချောင်းစုံရွာ ၁ ဦး၊ ကျဝေါ်ခို့ရွာ ၄ ဦးဖြစ်ကြောင်း သိရသည်။

ရွှေက္ကိုကျေးရွာလူကြီးတစ်ဦး၏ ပြောပြချက်အရ ပြီးခဲ့တဲ့နှစ်တွေထဲမှာ ဒီကေဘီအေ တပ်သား တောင်းခံရာမှာ ၄င်းတို့လိုက်လျောပေးပြီး ကိုယ့်ကရင်လူမျိုးအချင်းချင်း ပြန်လည် တိုက်ခိုက်သတ်ဖြတ် နေရ၍၄င်း ဗိုလ်မှူးကြီး စောချစ်သူတို့တပ်မှာလည်း စစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် ဖြစ်သွားသည့်အတွက်သော်၄င်း လုံးဝမလုပ်ချင်ကြကြောင်းပြောပါသည်။ ယခုနှစ်တပ်သားသစ် တောင်းခံမှုသည် အများဆုံးဖြစ်သည်ဟု အဆိုပါ ကျေးရွာလူကြီးမှပြောပါသည်။

Most read this week