မျက်မှောက်မြန်မာ့နိုင်ငံရေးပြသနာတွင်ခွဲထွက် ရေး ပြသနာသည် အဓိကအချက်အနေဖြင့်ပါ၀င် နေသည်။ တချို့ကခွဲထွက်ခြင်း၏အကျိုးအပြစ် များကို စနစ်တကျခွဲခြမ်းစိပ်ဖြာပြီးမှခွဲမထွက် သင့်ဟု ယူဆသူများလည်း ရှိကြသည်။ တချို့ လည်း ဘာဘဲဖြစ်ဖြစ်ခွဲမထွက်သင့်ဟုအမြင်ရှိကြ သည်။
တချို့လည်းဘာဘဲဖြစ်ဖြစ်ခွဲထွက်မှ ဖြစ်မယ်ဟု အမြင် ရှိကြသည်။တချို့လည်းတိုင်းရင်းသားများအား ရာသက်ပန်လက်အောက်ခံအဖြစ်ထားလိုပြီး ခွဲထွက်ရေးကိုခွင့်မပြု လိုသူများရှိကြသည်။ တချို့လည်း ပေါင်းနေသောအားဖြင့် အမျိုးသားအခွင့်အရေးများ ဆုံးရှုံးသည် အကျိုးမရှိမည့် အတူ ခွဲထွက်လိုကြသည်။ ခွဲထွက်ရေးကိုခွင့်မပြုဆိုသူများ၏ နောက်ကွယ်တွင် ပယောဂမျိုးစုံပါလာသည်။ခွဲထွက် ခွင့်ကိုတားမြစ်လိုလျှင် အကျိုးတူဖြစ်ဖို့လိုသည်။ အကျိုးမတူလျှင်အကျိုးရှိ သူကသာ ခွဲထွက်ခွင့်ကိုဆန့်ကျင်မည် ဖြစ်သည်။ အကျိုးယုတ်သူများ၏ဆန္ဒကားခွဲထွက်ရန်အမြဲတမ်းကြိုးပမ်းနေ မည်ဖြစ်သည်။ လိုရင်းအားဖြင့် ခွဲထွက် လိုသောပြသနာသည် အကျိုးတူမတူဆိုသည့်ပြဿနာပင်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် ခွဲထွက်ရေးကိုပြောဖို့အတွက် ကြောက်နေကြသည်။ဗမာအများစုကလဲကြောက်နေကြ သည်။ ဗမာမဟုတ်သော တခြားအမျိုးသားများကလဲ ကြောက်နေကြသည်။ သူတို့ကြောက်နေကြသည်မှာ အထက်ပါ အကြောင်းအမျိုးမျိုးရှိနိုင်သည်။ တချို့အကြောင်းပြချက်မှာ ခွဲထွက်ရေးသည် မျက်မှောက်ကမ္ဘာတွင် ခေတ်ကုန် သွားပြီ မည်သည့်နိုင်ငံမှမထောက်ခံ ထို့ကြောင့်ခွဲထွက်ရေးကို မပြောသင့်ဟုဆိုကြသည်။ပြောသော အားဖြင့် အာဏာရရန်သူ၏ အမြတ်ထုတ်မှုကိုသာ ခံသွားရမည်ဟုဆိုကြသည်။ အာဏာရအဆက်ဆက်သည် ခွဲထွက်ရေး သမားများအဖြစ် အမြဲတမ်းစွပ်စွဲလာသူများဖြစ်သည်။ ဤသည်ကိုချေပရန်အတွက် ခွဲထွက်ရေး စကားကို မပြော သင့်ဟုဆိုကြသည်။ ဤသည်ပင်လျှင် အမှန်တရားကို မျက်ကွယ်ပြုခြင်းဖြစ်သည်။ဤပြဿနာ သည် ကြောက်နေ ၍ပြီးသွားမည့်ပြသနာမဟုတ်။ ခေါင်းရှောင်နေ၍ ပြေလေသွားမည့် ပြသနာမဟုတ်။ ဖုန်းကွယ်ထား၍ရမည့် ပြသနာလည်းမဟုတ်သည်ကို သတိပြုသင့်သည်။
ခွဲထွက်ရေး၏အမှန်တရားသည် မည်သူမျှပါယ်ဖျက်၍မရသော လူမျိုးတိုင်း၏မွေးရာပါအခွင့်အရေး(Basic Rights) ဖြစ်သည်။ ခွင့်ပြုချက်ကိုလက်ဖြန့် တောင်းစရာမလိုသည့်အခွင့်အရေးဖြစ်သည်။တဖက်တွင် သမိုင်း တလျှောက်လုံး သီးခြားစီနေထိုင်လာခဲ့ကြခြင်းလည်းဖြစ်သည်။ အမှန်တရားကို ငြင်းပါယ်နေသမျှ၊ ဟန်ဆောင် နေသမျှ၊ မျက်ကွယ် ပြုနေသမျှကာပတ်လုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံဖြိုးရေးနှင့်အလှမ်းဝေးနေ မည်သာဖြစ်သည်။ အာဏာရအဆက်ဆက်သည် ခွဲထွက်ရေးကိုအင်အားသုံး တားမြစ်လာခဲ့ကြသည်။တနည်း အားဖြင့် စည်းရုံးရေး ကိုအင်အားသုံး တည်ဆောက်လာခဲ့ကြခြင်းဖြစ်သည်။ ဒေသရဇ်ခေတ်အဆက်ဆက်ကို အားကျနေကြသူများဖြစ် သည်။ ဝံသာနုလွန်ကဲသူ ဗမာများကလည်းအားပေးထောက်ခံလာကြသည်။ ၀ံသာနုစိတ်ဓါတ်ဆိုသည်မှာ လူမျိုး တိုင်းအတွက် ကောင်းသောလက္ခဏာရပ်တခုဖြစ်သည်။ သို့သော်လိုအပ် သည်ထက်ကျော်လွန်လျှင် အမုန်းပွါးမှု ကိုသာ ရစေတတ်ပါသည်။ မြန်မာနိုင်ငံသည် အမုန်းပွားမှုသာမက ပဋ္ဋိပက္ခသံသရာရှည်ကြာနေသော နိုင်ငံဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် ကိုယ့်လူမျိုးကိုကိုယ်ချစ်လျှင်တရားခံဖြစ် သည်။
ဤသို့ဆိုလျှင် ကျနော်လည်းခွဲထွက်ရေးသမားပင်ဖြစ်သည်။ ကျနော့ခွဲထွက်ရေးက သူများနှင့်တူချင်မှတူမည်။ ရ ခိုင်တို့သည် အတိတ်သမိုင်းတလျှောက်သီးခြားနေလာသူများဖြစ်ခြင်း။ ခွဲထွက်ခွင့်သည်လူမျိုးတိုင်း၏မွေးရာပါ အခွင့်အရေးဖြစ်ခြင်း။ ပူးတွဲနေလာသော ရာစုတဝက်ကျော်သက်တမ်းအတွင်းအကျိုးဖြစ်ထွန်းမှုဟူ၍ပြစရာ မရှိခြင်း။ ထို့ကြောင့် ပူးတွဲနေသောအားဖြင့် အကျိုးယုတ်မဲ့အတူ သီးခြားနေလိုခြင်း။ သီးခြားနေသောအားဖြင့် ကိုယ့်ကံ ကြမ္မာကိုဖန်တီးခွင့်ရခြင်း်။ သူတပါး၏ခေါင်းပုံဖြတ် ချယ်လှယ်မှုအောက်မှ လွတ်ကင်းသွားခြင်း။ အနိမ့်ဆုံးအားဖြင့် လူမျိုးခြားလက်အောက်ခံ ကျွန်အဖြစ်ဖြင့်ချမ်းသာခြင်းထက် လွတ်လပ်စွာဆင်းရဲလိုခြင်း။ လိုရင်းအားဖြင့် လူမျိုး ပေါင်စုံ၏ အဓိကတောင်းဆိုချက်ဖြစ်သော စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို ဗိုလ်ချုပ်အောင်ဆန်းမှအပ လက္ခံသူမပေါ်သေးခြင်း။ လူမျိုးခြားတို့၏လက်အောက်ခံသူ့ကျွန်ဘဝတွင်လည်း နေရသေးသည်။ ခေါင်းပုံဖြတ်မှု လည်းခံရသေးသည်ဆိုလျှင် ထိုထက်လူဖြစ်ရှုံးခြင်းမရှိဟုယူဆခြင်း။ထို့ကြောင့် ကျနော်သည် သီးခြားနေလိုခြင်း (၀ါ) ခွဲထွက်လိုခြင်းဖြစ်ပါသည်။
မိမိတို့လက်ခံသောညီညွတ်ရေးဆိုသည်မှာ တဖက်သတ်တည်ဆောက်၍မရ။ အင်အားသုံးတည်ဆောက်၍မရ။ သခင်နှင့်ကျွှန်ပုံစံတည်ဆောက်၍မရ။ အလုပ်ရှင်နှင့်လုပ်သားပုံစံတည်ဆောက်၍မရ။ ထိုသို့တည်ဆောက်ခြင်း၏ ရလာဒ်မှာ သံသယကိုသာရမည်။ အာဃာတကိုသာရမည်။ ပဋ္ဋိပက္ခကိုသာရမည်ဖြစ်သည်။ ညီညွတ်ရေးဆိုသည် မှာ အကျိုးတူတည်ဆောက်ရသည်မျိုးဖြစ်သည်။အပြန်အလှန် နားလည်မှုဖြင့်တည်ဆောက်ရသည်မျိုးဖြစ် သည်။ ညီညွတ်ဖို့လိုအပ်သည်ကို လူ့ကျင့်ဝတ်အရ သဘောပေါက်လက်ခံဖို့လိုအပ်သည်။ထိုသို့တည်ဆောက်နိုင် မှသာ လျှင် စည်းနှောင်အား ပိုကောင်းမည်ဖြစ်သည်။ မျက်မှောက်နိုင်ငံတော်သည်စတုတ္တမြန်မာနိုင်ငံတော် ဖြစ်သည်။ ပဒေသရာဇ်တည်ဆောက်ပုံကို ပုံတူကူးချနေလျှင် တတိယမြန်မာနိုင်ငံတော်ပြိုကွဲခဲ့သလို စတုတ္တ နိုင်ငံတော်လည်း တနေ့တွင်ပြိုကွဲမည်မှာ မုချပင်ဖြစ်သည်။ မပြိုကွဲသမျှကာလပတ်လုံး သွေးမတိတ်ရောဂါမှာ ဆက်လက်ပြီးကြီး ထွားနေမည်ဖြစ်ပါသည်။ ၂၀-ရာစုကုန်ပိုင်းသည် ကမ္ဘာလုံးဆိုင်ရာတွင် အမျိုးသားနိုင်ငံများ ပြန်လည်စန်းပွင့်ချိန်် ဖြစ်သည်။ ဆိုဗီယက်၊ ယူဂိုဆလားဗီးယား၊ ချက်ကိုစလိုဗက်ဂီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှားတို့မှု မွေးဖွါး ပေးလိုက်သော နိုင်ငံသစ်နှစ်ဆယ်ကျော်ခန့် ကုသမဂ္ဂတွင်တိုးလာခဲ့သည်။
အင်အားသုံးတည်ဆောက်လာသောကြောင့် ရာစုတဝက်ကျော်သွားပြီဖြစ်သည်။ ဖွံ့ဖြိုးဖို့အစား ချွတ်ချုံကျသွား သည်။ တည်ငြိမ်မှုရဖို့အစား လူမျိုးရေးအာဃာတများတိုးပါွးလာသည်။ အကျိုးဆက်ရလာဒ်အဖြစ်ပဋိပက္ခ သံသရာရှည်ကြာလာသည်။ သွေးမတိတ်သော ဒဏ်ရာကြီးသာဖြစ်လာသည်၊ ၁၉၈၄ ကသောင်းကျန်းသူ များအား နောက်လေးနှစ်အတွင်း အမြစ်ပြတ်စေရမယ်ဟု ဗိုလ်ခင်ညွန့်ကြုံးဝါးခဲ့သည်။ ယင်းမတိုင်မှီကလည်း ဗိုလ်နေဝင်းက ကြိမ်ဖန်များစွာကြုံးဝါးခဲ့ဖူးသည်။ ကမ္ဘာတွင် နမူနာယူကြမည်ဆိုလျှင်အနာဂါတ်ပြည်ထောင်စု သို့ ဦးတည်လှုပ် ရှားမှုများလည်း အင်အားကောင်းသည်ထက်ကောင်းလာသည်။ ယင်းတို့မှာ ဥရောပသမဂ္ဂ၊ (CIS)နိုင်ငံများတို့ ဖြစ်သည်။ ပထမကမ္ဘာစစ်မတိုင်မှီကဥရောပကို အင်ပါယာပိုင်ဆိုင်မှုနှင့်ဖွဲ့စည်းခဲ့သည်။ ပထမကမ္ဘာစစ်ပြီးနောက် အင်ပါယာများပြိုကွဲသွားပြီး အမျိုးသားနိုင်ငံများပေါ်ထွက်လာကြသည်။ နှစ်ဆယ်ရာစု ကုန်ပိုင်းတွင် ကုသမဂ္ဂအဖွဲ့ဝင် နိင်ငံပေါင်း နှစ်ရာကျော်ထိတိုးတက်သွားသည်။ဆန္ဒကို မျက်ကွယ်ပြုပြီး အင်အားသုံးစည်းရုံးဖွဲ့စည်းခဲ့သော ဆိုဗီ ယက်ပြည်ထောင်စုတခုတည်းကပင်လျှင်အမျိုးသားနိုင်ငံပေါင်းတဆယ် ကျော်မွေးထုတ်ပေးခဲ့သည်။
ဗမာနှင့်တခြားလူမျိုးများအကြား တည်ရှိလာသောသံသယများ၊ အာဃာတများ၊ပဋိပက္ခများကိုအဆုံးသတ်နိုင် ရေး သည်စစ်ဝါဒဖျက်သိမ်းေရေးအဖြစ်ထားသင့်သည်။ ဗိုလ်နေဝင်းအာဏာသိမ်းစကဗမာဝံသာနုအများစုက ထောက်ခံ ခဲ့ကြဖူးသည်။ (88) တွင်ကိုယ့်အလှည့်ရောက်တော့မှ သဘောပေါက်သွားကြသည်။ မျက်မှောက် တိုက်ပွဲကို် ဗမာ ၀ံသာနုအစွဲသန်သူများနှင့် တခြားလူမျိုးရေးအစွဲသန်သူများ၏တိုက်ပွဲအဖြစ်အဓိပ္ပါယ်ဖေါ်ကြ သည်။ ဗမာပြည် သမိုင်းတွင်မ တည်ငြိမ်မှု၊ သင့်မြတ်မှုနှင့် ငြိမ်းချမ်းမှုဆိုမှာ ဘယ်တုန်းကမှမရှိခဲ့။ ထို့ကြောင့် ဖက်ဒရယ်ကို လက်ခံ သော ဗမာေခေါင်းဆောင်များကို်ဗိုလ်အောင်ဆန်းကခြိမ်းခြောက်နေသည်။လိုရင်း အားဖြင့် ဆိုလျှင် အတိတ် သမိုင်း၏ ပုံစံအတိုင်းသီးခြားစီ ပြန်နေကြခြင်းကသာအားလုံးအတွက်အကောင်းဆုံး ဖြစ်ပါလိမ္မည်။ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၏စိ်တ်ကူးယဉ်ဘဝကို ကျော်လွားနိုင်မည်ဟု မျှော်လင့်ပါသည်။ ယနေ့ကာလ ဗမာနိုင်ငံတွင် ဆိုဗီယက်ခေါင်းဆောင်ဟောင်းဘောရစ်စ်ယါယ်ဆင်လိုပုဂ္ဂိုလ် တဦး အရေးတကြီးလိုအပ်နေပြီ ဖြစ် ပါကြောင်း။ ဤသို့ဖြင့် ခွဲထွက်ရေးသမားကိုစောဒကတက်မယ် ဆိုလျှင် လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှု အခြေခံဖြင့်သာ စည်းစားရမည်ဖြစ်ပါကြောင်း။