အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ မြန်မာ့ စီးပွားရေး သုံးသပ်ချက်

အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ မြန်မာ့ စီးပွားရေး သုံးသပ်ချက်
by -
ဇွန်ခေါင်

လွန်ခဲ့သည့် ၂နှစ်အတွင်း အတန်အသင့် ငွေဖောင်းပွမှုနှင့် အတူ စီးပွားရေး တိုးတက်မှု ရရှိခဲ့သည်။ လေ့လာ သုံးသပ်နေသည့် ကာလအတွင်း စီးပွားရေး အဆောက်အအုံတွင် အတန်အသင့် တိုးတက်မှုကို ရရှိသည်။

ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အထောက်အကူများ ရရှိခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ပတ်သက်၍ ချေးငွေများ မြင့်မားခြင်းတို့ကြောင့် ဖြစ်မည်။ မတ် ၂ဝ၁၁တွင် တက်လာသော အစိုးရသည် ထိုအလားအလာများ အပြည့်အဝ ရရှိနိုင်ရန် ပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရမည်။

စီးပွားရေး လုပ်ဆောင်မှု

အစိုးရ၏ တိုးတက်မှု ကိန်းဂဏန်းများသည် လောင်စာ သုံးစွဲမှု ကဲ့သို့သော စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှုနှင့် ဆက်နွယ်နေသည့် ကိန်းရှင်များနှင့် လိုက်လျောညီထွေ မရှိပေ။

၂ဝ၁ဝ ပြည့်နှစ် မတ်လ ၃၁ရက်တွင် ကုန်ဆုံးခဲ့သော ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း ၅.၁ ရာခိုင်နှုန်းရရှိခဲ့သည်။ ယခင်နှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်း ရိုက်ခတ်မှုနှင့် အိမ်နီးချင်းနိုင်ငံများမှ ဝယ်လို အားနည်းပါးခြင်းတို့ကြောင့် စီးပွားရေး တိုးတက်မှု နှေးကွေးပြီးနောက် အတန်ငယ် တက်လာခဲ့သည်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေး ဦးမော့လာခြင်းမှာ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်ချောထုတ်လုပ်မှု ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် အခြေအနေ ကောင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲ ဖြစ်သည်။ ငါးလုပ်ငန်း၊ သစ်တောကဏ္ဍ၊ မွေးမြူရေး လုပ်ငန်းများ အပါအဝင် စိုက်ပျိုးရေးကဏ္ဍက အလုပ်အကိုင် တဝက်နှင့် တိုင်းပြည်ဝင်ငွေ ၄ဝ ရာခိုင်နှုန်းခန့် ကို ဖြည့်ဆည်းထားသည်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် ဤကဏ္ဍမှ ထုတ်လုပ်မှု တိုးတက်လာခဲ့ခြင်းမှာ ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြန်လည် တည်ဆောက်မှု လုပ်ငန်းများ လုပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်

သည်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်၌ ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး  မြို့တော်သစ်နေပြည်တော်နှင့် မန္တလေးရှိ တည်ဆောက်ရေး လုပ်ငန်းများကြောင့်ဖြစ်သည်။ နေပြည်တော်နှင့် မန္တလေးကို ဆက်သွယ်ပေးသည့် လမ်းမကြီး ကိုလည်း တည်ဆောက်ဆဲဖြစ်သည်။ မြန်မာနိုင်ငံမှ အစားအစာနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ ကုန်ပစ္စည်းများ စျေးနှုန်းမြင့်မား လာခြင်းအပါအဝင် အိမ်နီးချင်း နိုင်ငံများတွင် စီးပွားရေးဦးမော့ လာခြင်းကြောင့့် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှု မြင့်မားလာစေခဲ့သည်။ သို့သော်လည်း ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် အလယ်ပိုင်းဒေသ၌ ဆက်လက်မိုးခေါင်ရေရှားခြင်း၊ ဆိုင်ကလုံး နာဂစ်ဒဏ်ခံဒေသများ၌ မြေများ ဆားပေါက် ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် တိုးတက်မှု အချို့နှေးကွေးဆဲ ဖြစ်သည်။ အခြား ခန့်မှန်းချက်များနှင့်စာလျှင် သိသိသာသာ မြင့်မားတတ်သော အစိုးရ၏ တိုးတက်မှု ကိန်းဂဏန်းများသည် လောင်စာသုံးစွဲမှု ကဲ့သို့သော စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှင့် ဆက်နွယ်နေသည့် ကိန်းရှင်များနှင့် လိုက်လျောညီထွေ မရှိပေ။ စီးပွားရေး စာရင်းအင်းများက အချိန်နှင့် တပြေးညီလည်း မဟုတ်သဖြင့် စီးပွားရေးတိုးတက်မှုကိုခန့်မှန်းရန် ခက်သည်။ အစိုးရက ၄င်း၏ ဘတ်ဂျက် ဘဏ္ဍာရေးလိုငွေကို လွန်ခဲ့သော ၃နှစ်ကကဲ့သို့ ငွေစက္ကူရိုက်နှိပ်သည့်နည်းကို ကျင့်သုံးမည့်အစား ငွေတိုက်စာချုပ်များ ထုတ်ရောင်းသည့်နည်းကို ကျင့်သုံးခဲ့သည်။ ဤနည်းကြောင့် ယခင်က ၂ဝရာခိုင်နှုန်းကျော်ရှိနေသော ငွေဖောင်းပွမှုနှုန်းကို ခုဂဏန်းရောက်အောင် နှိမ့်ချနိုင်ခဲ့သည်။ ပျမ်းမျှငွေဖောင်းပွမှုနှုန်းသည် ၂ဝဝ၉-၂ဝ၁ဝဘဏ္ဍာရေးနှစ်တွင် ၈.၂ရာခိုင်နှုန်းနှင့် ၂ဝ၁ဝ-၂ဝ၁၁တွင် ရ.၃ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းကြသည်။

 နိုင်ငံခြားမှ ရငွေများ၌ အဓိကဝင်ပေါက်မှာ သဘာဝဓာတ်ငွေ့ပို့ကုန်မှဖြစ်သည်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ငွေ့စျေး ၂ဝရာခိုင်နှုန်းခန့် ကျဆင်းခဲ့သဖြင့် ဤအရင်းအမြစ်မှ ရရှိသည့်ဝင်ငွေများလျော့ပါးခဲ့သည်။ သို့သော် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ရငွေပြန်ဦးမော့လာပြီး ဒေါ်လာ ၂.၇ဘီလျံ ရရှိခဲ့ခြင်းမှာ ထိုင်းမှ ဝယ်လိုအားပြန်တက်လာခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ဆောက်လုပ်ရေးသုံးကုန်ကြမ်းများနှင့် အသုံးအဆောင်များ ပြည်ပမှဝယ်ယူတင်သွင်းမှုမြင့်မားလာခြင်းကြောင့် သာမန်စာရင်းလိုငွေသည် ၂ဝ၁ဝ-၂ဝ၁၁တွင် တိုင်းပြည်ဝင်ငွေ၏  ၂.၂ ရာခိုင်နှုန်း အထိ ဖြစ်သွားခဲ့သည်။ ၂ဝဝ၉-၂ဝ၁ဝ ၌ ၁.၃ရာခိုင်နှုန်းသာ ရှိသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးြမှုပ်နှံမှုများ စီးဆင်းလာခြင်းကြောင့် နိုင်ငံခြားသီးသန့်ရန်ပုံငွေသည် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်ကုန်၌ ဒေါ်လာ ၅.၃ဘီလျံခန့် ရှိခဲ့သည်။ ၄င်းပမာဏသည် (၇)လစာ သွင်းကုန်တန်ဖိုးနှင့်ညီမျှသည့် အရန်ငွေများ ဖြစ်ပေါ်စေခဲ့သည်။ စျေးကွက်ငွေ ဖလှယ်နှုန်း ၁ဒေါ်လာ မြန်မာကျပ် ၁ဝဝဝနှုန်းမှ ၂ဝ၁၁ ဇန်နဝါရီ တွင် ကျပ် ၈၃ဝနှုန်းအထိ မြင့်မားခဲ့သည်။ ဗဟိုအစိုးရနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘတ်ဂျက်လိုငွေသည် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ၅.၄ရာခိုင်နှုန်း ရှိရာမှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းပြည်ဝင်ငွေ ၅.၇ ရာခိုင်နှုန်းအထိ ကျယ်ပြန့်သွားမည်ခန့်မှန်းသည်။ နေပြည်တော် တည်ဆောက်ရေးနှင့် ပတ်သက်သည့်အသုံးစရိတ်များ ဘတ်ဂျက်လိုငွေ ဆက်ပြနေဆဲဖြစ်ပြီး ဘဏ္ဍာရေးရငွေ တိုးတက်မှု နှေးကွေးလျက် ရှိသည်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ ပို့ကုန်တန်ဖိုးများကို အစိုးရတရားဝင် ဖလှယ်နှုန်းဖြစ်သော တဒေါ်လာလျှင် ၅ ကျပ်ခွဲနှုန်းဖြင့် ဆက်လက် ပြနေခြင်းကြောင့် သုံးစွဲရန်ရရှိသည့် ဘဏ္ဍာတော်ငွေများ၏ တန်ဖိုးကို လျော့ပါးစေသည်။ အုပ်ချုပ် ကွပ်ကဲမှုမြင့်မားသည့် ဘဏ်များ၏ အတိုးနှုန်းသည် ချေးငွေအတွက် ၁၇ ရာခိုင်နှုန်းနှင့် အပ်ငွေအတွက် ၁၂ ရာခိုင်နှုန်းဖြစ်သဖြင့် ဘဏ်များသည် အတိုးနှုန်းနိမ့်သော ငွေတိုက်စာချုပ်များကို ဝယ်ယူလိုခြင်းမရှိကြပေ။ ထို့ကြောင့် ငွေတိုက်စာချုပ် ရောင်းချမှုမှရသော ငွေသည် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးဘတ်ဂျက် လိုငွေ၏ သုံးပုံတပုံမျှသာ ဖြည့်စွမ်းနိုင်သည်။    ၂ဝ၁ဝ-၂ဝ၁၁တွင် အစိုးရက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအများအပြားကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ရာ လေကြောင်းလိုင်း ၁ခု၊ ဓာတ်ဆီဆိုင် ၂၃၄ဆိုင်၊ ပြည်သူပိုင်အဆောက်အဦးများ၊ ဆန်ဖြန့်ဖြူးရေး လုပ်ငန်းများပါ ပါဝင်သည်။ ထပ်၍လည်း ရောင်းချဦးမည် မျှော်လင့်ရသည်။

စီးပွားရေး အလားအလာ

သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရသည့်ငွေကြောင့် နိုင်ငံခြား သီးသန့် ဝင်ငွေ တိုးပွားစေခဲ့သော်လည်း တရားဝင် ဖလှယ်နှုန်းကို သုံးခြင်းကြောင့် ဘတ်ဂျက် သို့မဟုတ် တိုင်းပြည်ဝင်ငွေအပေါ်၌ ဂယက်ရိုက်ခတ်မှု အနည်းငယ်သာ ရှိသည်။

အနာဂတ်ကာလတွင် ရာသီဥတုအခြေအနေပုံမှန်ရှိပြီး ၂ဝ၁၁ မတ်တွင် တက်လာသောအစိုးရက ဖြေးဖြေးချင်း စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုမည်ဟု ခန့်မှန်းရသည်။ ပို့ကုန်များ တိုးပွား လာခြင်းနှင့် စျေးကွက်တွင် ရောင်း ချသော စျေးနှုန်း မြင့်မား လာခြင်းတို့ကြောင့် ကျေးလက် ဝင်ငွေ မြင့်မားကာ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိက စားသုံးမှုမြင့်မား လာမည်ဟု မျှော်လင့်ရသည်။ မြန်မာ့စိုက်ပျိုးရေး ဘဏ်က ၂ဝ၁ဝ-၂ဝ၁၁တွင်လည်း လယ်သမားများအား ချေးငွေ နှစ်ဆ တိုးချေးခဲ့ပြီး လာမည့် ၂ နှစ်အတွင်းထပ်၍ တိုးပေးရန်စီစဉ်ခဲ့သည်။ စိုက်ပျိုးရေး ကဏ္ဍသည် ချေးငွေရှားပါးမှုပြဿနာကို ဆိုးဆိုးဝါးဝါး ခံစားနေရသည်။ ချေးငွေတိုးပေးခြင်း၊ မကြာသေးမီနှစ်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို ထိန်းချုပ်မှု ဖြေးဖြေးချင်း လျှော့ပေးခြင်းတို့ကြောင့် ထုတ်လုပ်မှုများ တိုးပွားစေရန် လှုံ့ဆော်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။ လေ့လာနေသော ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် တိုးနိုင်မည်။ အထူးသဖြင့် ဆောက်လုပ်ရေး ကဏ္ဍတွင် ဖြစ်သည်။ တည်ဆောက်ရန် စီစဉ်ထားသည့် စီမံကိန်းများတွင် ရေအားလျှပ်စစ်၊ တရုတ်နိုင်ငံသို့ တင်ပို့သည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ကျခံ တည်ဆောက်ထားသည်။

ထိုင်းကုမ္ပဏီ တခုနှင့် မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းဖြစ်သော ထားဝယ်၌ ယခုနှစ်မှစ၍ ဆိပ်ကမ်းတခု၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် စက်မှုဇုန် တည်ဆောက်ရန် သဘောတူခဲ့သည်။ တရုတ်နိုင်ငံမှ ကုမ္ပဏီတခုက နေပြည်တော်တွင် လေဆိပ်တခု တည်ဆောက်ရန် သဘောတူ လက်မှတ် ထိုးခဲ့သည်။ လေ့လာနေသော ကာလတွင် ဓာတ်ငွေ့ထုတ်လုပ်မှု တိုးတက်မှု မရှိတော့ပေ။ ဓာတ်ငွေ့လုပ်ငန်း စီမံကိန်းများမှ ရလဒ်များ ထွက်ပေါ်ရန် ၃ နှစ်ခန့် စောင့်ရဦးမည်။ ဓာတ်ငွေ့တင်ပို့မှုမှ ရရှိသောစျေးနှုန်းသည်တက်ရန်အလားအလာရှိသည်။ ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ

မြင့်မားလာခြင်း၊ ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်မားလာခြင်းတို့ေြကာင့်ဖြစ်သည်။ သို့သော်တိုင်းပြည်ဝင်ငွေအပေါ်၌ သိသိသာသာအကျိုးသက်ရောက်မှု မရှိနိုင်ပေ။ သဘာဝဓာတ်ငွေ့မှရသည့် ဝင်ငွေကို စျေးကွက်ပေါက်စျေးဖြင့် မပြောင်းလဲဘဲအစိုးရဖလှယ်နှုန်းြဖင့် ပြောင်းလဲခြင်းကြောင့်ဖြစ်သည်။ ထိုအကြောင်းတရားများကို စုပေါင်းလိုက်သည့်အခါ တိုင်းပြည်ဝင်ငွေသည် လာမည့် ၂ နှစ်အတွင်း ၅.၅ ရာခိုင်နှုန်းစီ တိုးတက်မည် ခန့်မှန်းရသည်။

လေ့လာနေသော ကာလအတွင်း ငွေဖောင်းပွနှုန်း ၈ ရာခိုင်နှုန်းခန့်ရှိမည်။ ပြည်တွင်းဝယ်လိုအားကောင်းလာခြင်းနှင့် အစားအသောက်နှင့် လောင်စာကမ္ဘာ့စျေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ဖြစ်သည်။ ပြည်တွင်း၌ဆန်စျေးနှုန်းသည် ၂ဝ၁၁ အစောပိုင်းကတည်းကပင် တက်နေသည်။ အစိုးရက မတ် ၂ဝ၁၁ တွင် ဆန်တင်ပို့မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဆန်စျေးထိန်းချုပ်နိုင်ပြီယူဆရေသာ်လည်း ဆန်အတော်များများ တရားမဝင် တင်ပို့ရောင်းချဆဲ ဖြစ်သည်။ သာမန် စာရင်းလိုငွေသည် တိုင်းပြည်ဝင်ငွေ၏ ၄.၁ ရာခိုင်နှုန်းမှ ၄.၇ ရာခိုင်နှုန်းအထိ ကျယ်ပြန့်မည်။ သဘာဝဓာတ်ငွေ့နှင့် စားနပ်ရိက္ခာများ တင်ပို့မှုမှရသည့် ဝင်ငွေကို ဆောက်လုပ်ရေး အသုံးအဆောင်များ တင်သွင်းမှု မြင့်မားခြင်းက ခြေဖျက်သွားနိုင်သည်။

ဖွံ့ဖြိုးရေး စိန်ခေါ်မှုများ

လူမှုရေး ကဏ္ဍများတွင် အသုံးပြုမှုသည် တိုင်းပြည် ဝင်ငွေ၏ ၁ ရာခိုင်နှုန်းသာ ရှိသဖြင့် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အောက်တွင် ရောက်ရှိနေသည်။

၄င်းအလားအလာများကို အမှန်တကယ် အကောင် အထည်ဖော်ရန် ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြု လုပ်ရန် လိုသည်။ လူနေမှု အဆင့်အတန်းတွင်ရော၊ ဆင်းရဲမှု လျော့ပါးရေး၌ပါ အိမ်နီးချင်းနိုင်ငံများနောက် ရောက်နေပြီး စီးပွားရေး အလျင်အမြန် တိုးတက်ရန် လိုသကဲ့သို့ ဆူကြံုနိမ့်မြင့် ကွာဟမှုများ လျှော့ချရန် ပျမ်းမျှဝင်ငွေနှင့် ဥစ္စာဓနမျှမျှတတ ခွဲဝေဖြန့်ဖြူးရန်လည်း လိုအပ်နေသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းမွန်ရေး၊ လူမှုရေးနှင့် အခြေခံအဆောက်အအုံများတွင် အသုံးပြုနိုင်ရန် ဘဏ္ဍာရေး အရင်းအမြစ်များ ပေါ်ထွက်ရေး၊ ငွေဖလှယ်နှုန်း တခုတည်း သတ်မှတ်ရေး၊ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မိုက်ခရိုအဆင့် စီးပွားရေး စီမံခန့်ခွဲမှု တောင့်တင်းခိုင်မာရေးနှင့် စီးပွားရေးနှင့် ဖွံ့ဖြိုးမှု လွတ်လပ်ခွင့်ပေးခြင်းတို့ ပါဝင်သည်။ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှု မရှိသော်လည်း စီးပွားရေး တိုးတက်မှုကို အတိုင်းအတာတခုအထိ အထောက်အကူ ဖြစ်နိုင်မည့် အလားအလာ ရှိသည်။ ဘဏ်အသစ် ၄ ခုနှင့် ဘဏ်ခွဲအသစ် ၄၉ ခုကို ၂ဝ၁ဝ-၂ဝ၁၁တွင် ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ပုဂ္ဂလိကချေးငွေ သိသိသာသာ တိုးလာခဲ့သည်။ သို့သော်လည်း ဘဏ်များ ပိုင်ဆိုင်သည့် အက်ဆက်ပမာဏ နိမ့်နေသည်။ ပုဂ္ဂလိက အရင်းအနှီး၏ သုံးပုံတပုံခန့်သာ တရားဝင်ကဏ္ဍမှ ရရှိသည်။ တရားဝင်ဘဏ္ဍာရေး အရင်းအမြစ်များကို လက်လှမ်းမီမှု ကျယ်ပြန့်လာစေရန်အလို့ငှာ နိုင်ငံပိုင်ဘဏ်များကို အပြည့်အဝ စီးပွားရေးဆန်ဆန်လည်ပတ်ရန် ၊ အတိုးနှုန်းများကို လွှတ်ပေးရန်၊ အပေါင်ပစ္စည်း သတ်မှတ်ချက်များ လျှော့ချပေးရန်နှင့် ဘဏ်များအတွက် အပ်ငွေနှင့် အရင်းအနှီးအချိုးတို့ကို လျှော့ပေးရန် လိုအပ်သည်။

နိုင်ငံပိုင် ပိုင်ဆိုင်မှုများကို ပုဂ္ဂလိကလက်သို့လွှဲပြောင်းခြင်းေကြာင့် ပြိုင်ဆိုင်မှုတိုးပွားလာကာ ရင်းနှီးမြှုပ်နှံမှုများပြားလာပါက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည့်အလားအလာရှိသည်။ ထိုလုပ်ငန်းစဉ်ကို မြင်သာထင်သာပိုရှိစေရန်ဆောင်ရွက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုတိုးပွားလာစေကာ အက်ဆက်များကို တန်ဖိုးဖြတ်မှုလည်း မြင့်မားလာစေနိုင်သည်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ယေဘုယျအားဖြင့် စည်းမျဉ်း စည်းကမ်းပိုင်း၊ တရားဥပဒေပိုင်းနှင့် မူဝါဒပတ်ဝန်းကျင်အပေါ်၌ မူတည်သကဲ့သို့ အုပ်ချုပ်မှုအဆင့် မြင့်မားရေးအပေါ်၌လည်းတည်နေသည်။ စိုက်ပျိုးရေးကဏ္ဍချေးငွေသည် ယခင်နှစ်က တိုးတက်မှုအတန်အသင့်ရှိသော်လည်း နည်းပါးဆဲဖြစ်သည်။ လယ်သမားများအနေဖြင့် လယ်ယာသုံး သွင်းအားစုများကို ပြည့်ပြည့်ဝဝမသုံးနိုင်သဖြင့် မြေယာအသုံးချမှုတွင် ထိရောက်မှုနည်းနေသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပေ။ ပုဂ္ဂလိကဘဏ်များ ကျေးလက်ဒေသများသို့ ချဲ့ထွင်ရန် အဟန့်အတားများကို ပယ်ဖျက်ခြင်း ၊သီးနှံအာမခံလုပ်ငန်းများ မိတ်ဆက်ကျင့်သုံးခြင်း၊ လယ်သမားများကို လယ်ယာအသုံးပြုခွင့် လက်မှတ်များ ထုတ်ပေးခြင်းတို့က ချေးငွေ ဖန်တီးရာ၌ အသုံးဝင်သော ပြုပြင်ပြောင်းလဲရေးများ ဖြစ်လာနိုင်သည်။ ထိုနည်းလမ်းများကို ကျေးလက်အခြေခံ အဆောက်အအုံ ကဏ္ဍများ၌ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစပ်နိုင်သည်။ သဘာဝ ဓာတ်ငွေ့ရောင်းချမှုမှ ရသည့်ငွေကြောင့် နိုင်ငံခြားသီးသန့် ဝင်ငွေ တိုးပွားစေခဲ့သော်လည်း တရားဝင်ဖလှယ်နှုန်းကို သုံးခြင်းကြောင့် ဘတ်ဂျက် သို့မဟုတ် တိုင်းပြည်ဝင်ငွေ အပေါ်၌ ဂယက်ရိုက်ခတ်မှု အနည်းငယ်သာ ရှိသည်။ အကယ်၍ စျေးကွက်ပေါက်စျေးကို ဖလှယ်မည်ဆိုပါက အစိုးရဘဏ္ဍာငွေကိုသိသိသာသာမြင့်မားစေပြီး ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံများအတွွွွွက် အသုံးစရိတ်များ သိသိသာသာတိုးစေနိုင်သည်။ ယခုအခါ၌ လူမှုရေးကဏ္ဍများတွင် အသုံးပြုမှုသည် တိုင်းပြည်ဝင်ငွေ၏ ၁ ရာခိုင်နှုန်းသာရှိသဖြင့် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အောက်တွင် ရောက်ရှိနေသည်။ နှုန်းအမျိုးမျိုး ဖြစ်နေသော ဖလှယ်နှုန်းများကို တမျိုးတည်းဖြစ်ရန် ပေါင်းစည်းသည့် နည်းကို ကျင့်သုံးခြင်း၊ ခြွင်းချက်အနည်းငယ်သာ ထားရှိကာ အခွန်ကောက်ခံသည့် အခြေခံကို ကျယ်ပြန့်စေခြင်း၊ ရိုးရှင်း လွယ်ကူသော အခွန်စနစ် ချမှတ်ကျင့်သုံးခြင်း၊ သွယ်ဝိုက်ခွန်များထက် ဆင်းရဲသားများအတွက်ပို၍ တရားမျှတသော တိုက်ရိုက်အခွန်ကို ပိုကျင့်သုံးခြင်းကိုလည်း ဆောင်ရွက်သင့်သည်။ ငွေဖလှယ်နှုန်း တခုတည်းဖြစ်အောင် လုပ်ခြင်းဖြင့် ဘဏ္ဍာရေး အရင်းအမြစ်များ ပေါ်ပေါက်လာစေနိုင်သည်။

Most read this week