မြန်မာစစ်တပ် တပ်ပြေး ၆ ယောက်ရွာတကာ လှည့်လည်ဓါးပြတိုက်

မြန်မာစစ်တပ် တပ်ပြေး ၆ ယောက်ရွာတကာ လှည့်လည်ဓါးပြတိုက်
by -
သျှမ်းသံတော်ဆင့်

ဧပြီ ၁၄ ရက် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့ နယ် ခိုလမ်မြို့နယ်ခွဲ အခြေစိုက် အရှေ့ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် ရလခ (ယာယီ)လက်အောက် ခံတပ်သား ၁၂ယောက်ထွက် ပြေးရာ ၆ ယောက် မှာသျှမ်းပြည် တပ်မတော်RCSS/SSA နှင့် ပူးပေါင်း ပြီး ကျန် ၆ယောက်မှာရွာတကာလှည့် လည် ဓါးပြ တိုက်နေ ကြောင်းနယ်စပ်သတင်း ရပ်ကွက်က ဆိုသည်။

bkkpost_spdc1

ခိုလမ်အခြေစိုက် ခလရ ၁၅၂ မှ အကြပ်/တပ်သား ၆ ယောက်၊ လက်နက် ၉ လက် နှင့်အတူ သျှမ်းပြည် တပ်မတော် RCSS / SSA ထံဝင်ရောက်ပူးပေါင်းသည်ဟု တိုင်းဖှရီးတမ်း ဝပ်ဆိုက်ကသတင်းထွက်ပြီးနောက် ယခုသီတင်း တပတ်အတွင်း ကွန်ဟိန်းမြို့နယ် ဆိုင်းမွန်အုပ်စုဖက် ဓါးပြတိုက်နေသည့် လက်နက်ကိုယ်စီဖြင့် မြန်မာတပ်ပြေး ၆ ယောက်ရှိသေးကြောင်း ကွန်ဟိန်းရောက် ဆိုင်းမွန်ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“ဒီ ခလရ ၁၅၂ တပ်က ဆိုင်းမွန်ဖက်မှာလှုပ်ရှားတာများတယ်။ အဲ့ဖက်မှာ ဘယ်ရွာက ဘယ်သူကဖြင့် ချမ်းသာတယ် ဆိုတာ သူတို့အကုန်သိနေပြီ။ သူတို့ဓါးပြဝင်တိုက်တဲ့ရွာကလူတွေလဲ သူတို့မျက်နှာ မှတ်မိတယ်။ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ တုန်းက ပလောင်ရွာကိုသူတို့ဓါးပြသွားတိုက်တာ ချမ်းသာတဲ့အိမ်ဘဲတက်တိုက်တာ။ ရွှေငွေတွေတော်တော်ရသွားတယ် လို့ကြားတယ်” ဟု ဆို၏။

၎င်းတို့သည် သျှမ်းပြည်တပ်မတော်နှင့် သွားရောက်ပူးပေါင်းသည့် စစ်သား ၆ ယောက်နှင့် အတူထွက်ပြေးခဲ့ကြ သူ များ ဖြစ် ကြပြီး ဆိုင်းမွန်အုပ်စုရှိ ပလောင်ရွာအပြင် တခြားရွာများသို့လည်း  ဓါးပြတိုက်ကြ သေးသည်ဟု ကွန်ဟိန်းဒေသခံ များပြောပြချက်အရသိရသည်။ (၎င်းတို့၏ အမည်များကိုမူ စုံစမ်းနေဆဲဖြစ်သည်။ )

သျှမ်းပြည်တပ်မတော်ထံ လက်နက်ချသည့် စစ်သားများမှာမူ တပ်ကြပ် တင်ကိုလှ (၂၆ နှစ်) ဦးဆောင်၍  ရဲဘော် မိုးစစ်၊ မောင်ထွေး၊ ကျော်သူ၊ တိုးသက်အောင်၊ မြင့်ချစ်ဦး တို့ ဖြစ်ကြသည်။ ၎င်းတို့ထံမှ - MA.1  လေးလက်၊ MA.2  နှစ်လက်၊ MA.3  နှစ်လက်၊ MA.4 79 ဖက်စပ် ၁ လက်၊ MA.ကျည်ကဒ် ၃၄ ခု၊ ကျည်ဆံ ၉၉၂ ဒေါင့်တို့ကိုရရှိကြောင်းသျှမ်းပြည် တပ်မတော်တောင်ပိုင်း လွယ်တိုင်းလျဲန်း၏ တိုင်းဖှရီးဒမ်း ဝက်ဆိုက်တွင်ဖော်ပြထားသည်။

အလားတူ ယခုလ ၁၆ ရက်နှင့် ၁၇ ရက် သင်္ကြန်အတက်နေ့ နှင့် နှစ်သစ်ကူးနေ့ တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွား ခဲ့သော ဗမာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA အကြား တိုက်ပွဲမှ တပ်ရင်းမှူးအပါဝင် ဗမာစစ်တပ်ဘက် မှ ၁၀ ယောက် ထက်မနည်း သေဆုံး၏။ ဧပြီ ၁၇ ရက်နေ့ တိုက်ပွဲဖြစ်နေစဉ်အတွင်းမှ ကိုယ်ပါပစ္စည်များ၊ လက်နက်၊ ကျည်ဆံများ၊ ပစ်ထား၍ ရဲဘော် ၅ ယောက် တပ်မှ ထွက်ပြေးကြောင်း၊ ၁၉ ရက်ကလည်း ထို့နည်းတူ  ရဲဘော် ၅ ယောက်ထပ်မံထွက်ပြေးကြောင်း လမ်းပြပေးသည့်ပြည်သူ့စစ်ခေါင်းဆောင် ပိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။