ရန်ကုန်။ ။ ရန်ကုန်မြို့ ပြီးခဲ့သည့်နှစ်သင်္ကြန် ကာလတွင် ယာဉ်တိုက်မှု ၂ဝ ရှိခဲ့ရာမှယခုနှစ် တွင် ၃ဝ ကျော် ရှိခဲ့ကြောင်းတိုင်းယာဉ်စည်းကမ်း ထိန်းသိမ်းမှု ကော်မတီ တာဝန်ရှိသူတဦးကပြော သည်။
ယခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ သင်္ကြန်ကာလ ကျရောက်ခဲ့ရာ အကြိုနေ့တွင် ယာဉ်တိုက်မှှု ၆ ခု၊ အကျနေ့ ၁ဝ မှု၊ အကြတ်နေ့ ၄ မှုနှင့် အတက်နေ့တွင် ၁၂ မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခင်နှစ်သင်္ကြန် ယာဉ်တိုက်မှုတွင် ၅ ဦး သေဆုံးခဲ့ရာမှ ယခုနှစ်တွင် ရ ဦး သေဆုံးခဲ့သည်။ သို့သော် ရေကစားသူများ၊ ရေပက်ခံ ထွက်သည့် ကားများလည်း ယခုနှစ်တွင် ပိုမိုလျော့နည်းခဲ့သည်။
ရန်ကုန်၌ သင်္ကြန် မဏ္ဍပ်ကြီးများသည် ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်း တွင်သာ ရှိပြီး၊ ယခင်နှစ်ကထက် ထက်ဝက်ကျော်ပင် နည်းပါးခဲ့သည်။