SSPP/SSA အား ဆွေးနွေးရန် ရမခ တိုင်းမှူး ဟန်ပြကမ်းလှမ်းချိန် တိုက်ပွဲများဆက်လက်ဖြစ်ပွါး

SSPP/SSA အား ဆွေးနွေးရန် ရမခ တိုင်းမှူး ဟန်ပြကမ်းလှမ်းချိန် တိုက်ပွဲများဆက်လက်ဖြစ်ပွါး
by -
သျှမ်းသံတော်ဆင့်

အပစ်ရပ်စဲရေးအတွက်စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်အား ရမခ တိုင်းမှူးစေလွှတ်ဆွေးနွေး ခိုင်းစဉ်တပ်အင်အားဖြည့်တင်းမှုမရပ်ဘဲသျှမ်းပြည် အလယ်ပိုင်း၊တောင်ပိုင်းတွင်တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေ သေးကြောင်း သျှမ်းပြည် တပ်မတော် SSPP/SSA သတင်းရပ်ကွက်က ဆိုပါသည်။

ssa_sspp_36

“၁၁ ရက်က မိန်းခေးမှာတွေ့ဆုံဖို့ စိန်ကျော့က ကမ်းလှမ်းလာတယ်။ ကျနော်တို့ဖက်က ဗိုလ်မှူးခေးမောဝ်း ဦးဆောင် တဲ့ အဖွဲ့သွားတွေ့တယ်။ စိန်ကျော့ဖက်က ဦးကိုင်ဖှနဲ့ ဦးလှမြင့်တို့ပေါ့။ မန္တလေး- လားရှိုးကားလမ်း အထက်ပိုင်း သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ နမ့်ဆန် ဖက်မှာလှုပ်ရှားနေတဲ့ SSPP/SSA တပ်သားတွေ ဝမ့်ဟိုင်းဌာနချုပ်ကို ပြန်ဆုတ်ပေးရင် သီပေါ မြို့နယ် နမ့်မ မောက်တောင်း နဲ့ တန့်ယန်းမြို့နယ် နမ့်လောဝ်း ဒေသဘက်မှာ (လက်နက် မကိုင် ယူနီဖောင်းမဝတ်ဘဲ) ပုံမှန် ပြန်နေခွင့် အခြေချခွင့်ပြုမယ်။မဆုတ်ပေးရင် တော့ ဆက်လက်တိုက်ခိုက်သွား မယ်လို့ပြောလာတယ်။ ကျနော်တို့ ကတော့ ပြည်သူလူထုဆန္ဒကိုမေးမြန်း ကြည့်ရ ဦးမယ်လို့ဘဲ ပြန်ဖြေခဲ့တယ်” - ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

သို့သော် SSPP/SSA မှ အရာရှိဟောင်းတဦးကမူ “ တကယ်လို့ ကျနော်တို့ တစုံတခုသဘောတူညီမှုရလို့ တပ်ဆုတ် ပေး ခဲ့ရင်တောင်မှ ကျနော်တို့ နေရာမှာ တောင်ပိုင်းသျှမ်းပြည်တပ်မတော်က သွားပြီးအစားထိုး နေရာယူမှာမလွဲ ဘူး။ ဗမာဖက်ကအခုလို ကမ်းလှမ်းလာတာက တရုတ်ရဲ့ ဖိအားကြောင့်လဲ ဖြစ်နိုင်တယ်။ SSPP/SSA အခုလှုပ်ရှားနေ တဲ့ နေရာက ဂက်စ်ပိုက်လိုင်း ဖြတ်သန်းမယ့်နေရာဆိုတော့ တရုတ်အတွက် စိတ်ပူစရာဘဲပေါ့” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထိုသို့ ဗမာ့စစ်တပ်က ကမ်းလှမ်းလာသော်လည်း တန့်ယန်းမြို့နယ် တောင်ဟျိုးအုပ်စုဖက်တွင်ဗမာ့စစ်တပ် ဖက်မှ အင်အားဖြည့်တင်းမှုများရှိနေသည့်အပြင် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိတိုက်ပွဲများဆက်ဖြစ်နေ သေးကြောင်း သိရသည်။

ဧပြီ ၁၇ ရက်၂၀၁၁ 
တောင်ဟျိုးအုပ်စု ဟွေ့လောတ်ရွာနှင့်တောင်ဟျိုးရွာများတွင် သျှမ်းပြည်တပ်မတော်တပ်မဟာ ၃၆ မှ ဗိုလ်ကြီး ကောခင် ဦးဆောင်သောတပ်ဖွဲ့ တန့်ယန်းအခြေစိုက် ခမရ ၅၁၃ အား ၁၁ နာရီအချိန် ၁၅ မိနစ်ခန့် တိုက်ခိုက်။

အင်အား ၂၀၀ နီးပါးရှိ ခမရ ၅၁၃ ၊  ခမရ ၅၄၂ တောင်ဟျိုးရွာအတွင်း စခန်းချသောဗမာစစ်တပ်၏ တို့အား အင်အား တရာကျော်ရှိ ဒု တပ်မဟာမှူး ဗိုလ်မှူးစိုင်းရှဲန်  ဦးစီးသော SSA  တပ်မဟာ ၃၆  တပ်ရင်း ၁၉၂၊ ၁၉၉ က ရ နာရီ ၄၅ မှ ၁၄ နာရီ ၂၀ မိနစ်အထိ ဝိုင်းပိတ်တိုက်ခိုက်ရာ  ဗမာ့ စစ်တပ် အရာရှိအချို့အပါအဝင် တပ်သား ၆ ယောက်သေ။ အာဖီဂျီ  ၅ လုံးနှင့် ကျောပိုးအိတ် ၆ လုံး SSPP/ SSA ကသိမ်း ဆည်းရမိ။ 

ဧပြီ ၁၆ ရက်၂၀၁၁
တန့်ယန်းမြို့နယ် တောင်ဟျိုးအုပ်စု တောင်ဟျိုးရွာ ( မိုင်းအောတ်အုပ်စု မြောက်ဖက်) တွင် ခမရ ၅၁၃ နှင့် SSPP/ SSA ၏ မြို့နယ်အမှတ် ရ အုပ်ချုပ်ရေးတပ်ဖွဲ့ တပ်မဟာ ၃၆ နှင့် တပ်မဟာ ရ၄ ပူးပေါင်းတပ်ဖွဲ့က ၁၆း ၄၅ မှ ၁၉း၃၀ နာရီအထိ တောင်ဟျိုးရွာအတွင်းရှိ ဗမာတပ်ဖွဲ့အား ဝိုင်းပိတ်ပစ်ခတ်သဖြင့် ရွာသားများ၏ နေအိမ်ထဲ၊ ပုန်းခိုကျင်းထဲ၊ ထင်းပုံအကြား ဗမာစစ်သားများ ဝင်ရောက်ပုန်းခိုသဖြင့် SSPP/SSA ကပစ်ခတ်မှု ရပ်နားလိုက်ရ။ ရွာအနီးရှိ ဗမာတပ်စခန်းကို သျှမ်းတပ်က သိမ်းပိုက်နိုင်ခဲ့။

ဧပြီ ၁၅ ရက်၂၀၁၁ 
သီပေါ- မိုင်းရယ် ကားလမ်း ခိုလောင်းနှင့်ကျေးသီးအကြား (ပန်ပုတ်နှင့် ပုန်းထွန်ရွာအကြား) လွယ်ယွဲရွာ မြောက်ဖက် တွင်မွန်းလွဲ ၂ နာရီမှ ၃ နာရီ အကြား ၁၅ မိနစ်အထိတိုက်ပွဲဖြစ်ပွါး။ ပန်စေ့ ဟိုခိုင်းဖက်မှ လာသောဗိုလ်မှူးအေးအောင် ဦးဆောင် လင်းခေးအခြေစိုက် ခမရ ၅၇၈ ကလမ်းကြောင်းသွားရောက်စစ် ဆေးသော သျှမ်းပြည်တပ်မတော် SSPP/ SSA ဗိုလ်စိုင်းစိန်ဦးဆောင်သည့် တပ်မဟာ ရ၂ တပ်ရင်း ၁၈၇ အားဝင်ရောက်ပစ်ခတ်ခြင်းဖြစ်။ ဗိုလ်မှူးအေးအောင် ဖက်မှ ၃ ယောက်သေ ၁ ယောက်ဒဏ်ရာရ။  

အဆိုပါ တပ်ဖွဲ့နှင့်ပင် ၁၆ ရက် ကျေးသီးမြို့အရှေ့ဖက် ၆ မိုင်ခန့်အကွာ ပန်စေ့ရွာအနီး ဆက်လက် တိုက်ပွဲဖြစ်။ ဗမာစစ်သား ၁ ယောက်သေ ၂ ယောက်ဒဏ်ရာရ။

ဧပြီ ၁၂ ရက်၂၀၁၁ 
မိုင်းလင်း၊ နောင်တောင်း၊ ကျိန်းဟောင်း ရွာအိမ်ခြေ ၃၀ ကျော် အားလည်းကောင်း၊ ပန်ပေါင်း၊နမ့်တွတ်ရွာ အိမ်ခြေ ၆၀ ခန့်အား လည်းကောင်းမြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင် ရန် ဗမာစစ်တပ်ဆင့်ဆို။ တချို့မှာ နမ့်ပန်ချောင်းအရှေ့ ဖက်သို့ပြောင်းရွှေ့နေထိုင် တချို့ကလည်း ထိုင်းသို့ထွက်ပြေး။

ဧပြီ ၁၁ ရက်၂၀၁၁
တောင်ကြီးမှ အရှေ့အလယ်ပိုင်းတိုင်းသို့ တပ်မ ၅၅ မှ တပ်ရင်း ၄ ရင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲမှတဆင့်၊ ဝမ့်စင်း၊ မိုင်းနောင်မြို့နယ်ခွဲ(SSPP/SSA ထိမ်းချုပ်နယ်အနီး) ဖက်သို့လည်း တက်သွားသည်ကိုတွေ့ရကြောင်း ကုန်သည် တဦးပြောပြ။