မလေးရှားတွင် ပြုလုပ်သော မြန်မာ့ ဥယျာဉ်ကုမ္ပဏီ ၏ ပဥ္စမအကြိမ်မြောက် သင်္ကြန် အထူးစည်ကား

မလေးရှားတွင် ပြုလုပ်သော မြန်မာ့ ဥယျာဉ်ကုမ္ပဏီ ၏ ပဥ္စမအကြိမ်မြောက် သင်္ကြန် အထူးစည်ကား
by -
နိရဥ္စရာ သတင်းဌာန

မြန်မာ့ဥယျာဉ်ကုမ္ပဏီ(မလေးရှား) ၏ ပဥ္စမအကြိမ် မြောက် မြန်မာရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန် ပွဲတော်ကို မလေးရှားနိုင် Port Dickson ပင်လယ် ကမ်းခြေ တွင် ဧပြီးလ ၁၄ ရက်နေ့က ကျင်းပခဲ့ရာ အထူးစည်ကားခဲ့ ကြောင်း သတင်း ရရှိသည်။

Malaysia-Rakhine-Thungramသင်္ကြန်ပွဲတော်သို့ တက်ရောက်ခဲ့သူ လူငယ် တစ်ဦးက “ ပွဲတော်က အထူး စည်ကားပါတယ်။ မြန်မာ တိုင်းရင်းသားပေါင်းစုံ တစ်ထောင်ကျော် ပါ၀င်ဆင်နွဲ့ခဲ့ကြပါတယ်” ဟု ပြောသည်။

သင်္ကြန်ပွဲတော်တွင် ရခိုင်ရိုးရာ နံ့သာသွေးခြင်း-ဘုရားရေသပ္ပါယ်ခြင်း နှင့် ရခိုင်ရေလောင်း မဏ္ဍပ်တွင် အပျိုလူပျို ရေလောင်းကစားခြင်း၊ မြန်မာ့ရိုးရာ ရေကစားခြင်းအပြင် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲပြုလုပ် ကျင်းပခြင်း၊ မလေးရှားရောက် မြန်မာသမီးပျို များရဲ့ မြန်မာ့ရိုးရာ သင်္ကြန်အကအလှ များဖြင့်ဖျော်ဖြေခြင်း နှင့် မြန်မာလူငယ်များ သံချပ်ထိုးခြင်း စသည့် အစီအစဉ်များကို စည်ကားသိုက်မြိုက်ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Malaysia-Rakhine-Thungram-1-မြန်မာ့ဥယျာဉ်ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးမှလည်း “ မြန်မာ့ ဥယျာဉ် ကုမ္ပဏီသည် မလေးရှားရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ ရိုးရာမပျက် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသကြန် ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပနိုင်ရေးအတွက် အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးပမ်း ကျင်းပပေးလာခဲ့ရာ ယခုအခါ ပဥ္စမအကြိမ် မြောက်ကျင်းပနိုင်ခြင်း ဖြစ်ပြီး နောက်ကိုလည်း နှစ်စဉ်နှစ်တိုင်းကြိုးပမ်းပေး သွားမည်ဖြစ်ကြောင်း”ပြောကြား သည်။

Most read this week