ပထမဆုံး အကြိမ် စင်္ကာပူ ရခိုင်သင်္ကြန် ဧပြီ ၁၀ ရက်နေ့က စတင်

ပထမဆုံး အကြိမ် စင်္ကာပူ ရခိုင်သင်္ကြန် ဧပြီ ၁၀ ရက်နေ့က စတင်
by -
ထွန်းထွန်း

ပထမဆုံး အကြိမ်ကျင်းပသော စင်္ကာပူနိုင်ငံ၏ ရခိုင်သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၀ ရက်နေ့ စတင် ကျင်းပခဲ့သည်။

ရခိုင် သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၀ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် စင်္ကာပူနိုင်ငံရှိ ဆန်ဘာဝန်း ပန်းခြံတွင် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

Singapore-Rakhine-thangran-2011

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်သို့ ရခိုင်အမျိုးသား အမျိုးသမီးများသာမက တခြား တိုင်းရင်းသားများလည်း ပါ၀င် ဆင်နွဲခဲ့ကြသည်။ ရာပေါင်းများစွာသော သင်္ကြန်မောင်မေ များက ရခိုင် ရေကစား မဏ္ဍပ်တွင် ပါ၀င်ရေ ကစားခဲ့ကြသည်။

ယခု ပြုလုပ်သော ရခိုင်သင်္ကြန်ပွဲတော်ကို ရခိုင်လူငယ်များ စုပေါင်းပြီး ပြုလုပ်ကြခြင်း ဖြစ်ပြီး ပြုလုပ်ရသော ရည်ရွယ်ချက်ကို ဦးဆောင်ရာတွင်ပါ၀င်သူ လူငယ် တစ်ဦးက ယခုကဲ့သို့ ပြောသည်။

Singapore--water-festival-Rakhine-thangran-2011

“ကျွန်တော်တို့ စင်္ကာပူရောက်ရခိုင်မောင်မေများက ရခိုင်သင်္ကြန်ကိုပထမအကြိမ်အဖြစ်ဆင်နွဲခဲ့တာဖြစ် ပါတယ်။ ဘယ်နိုင်ငံမှာဘဲရောက်ရောက် ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် မိမိရိုးရာယဉ်ကျေးမှုဓလေ့ထုံး စဉ်လာကို ပပျောက်မသွားအောင် အဓိကရည်ရွယ်ပြီးလုပ်ကြတာပါ။ ပီးရင ်စင်္ကာပူ ရောက်နေကြတဲ့ ရခိုင်သားတွေဟာ စည်းစည်း လုံးလုံးနဲ့ရှိကြတယ်ဆိုတာကို ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ ညီအစ်ကိုမောင် နှစ်တွေကိုအသိပေးစေချင်တာလည်း ပါတယ်“ ဟု သူကပြောသည်။

ယခုကဲ့သို့ ရခိုင်သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၀ ရက်နေ့တွင် ကြိုတင် ကျင်းပရခြင်းမှာ သင်္ကြန်မှာ ရုံးဖွင့်ရက်နှင့် တိုက်ဆိုင်နေသဖြင့် ရုံးအားလပ်ရက် တနင်္ဂနွေနေ့တွင် စီစဉ် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။ စင်္ကာပူ နိုင်ငံတွင် ခန့်မှန်းခြေ အားဖြင့် ရခိုင်လူမျိုး စုစုပေါင်း ၁၅၀၀ နှင့် ၂၀၀၀ အကြားရှိပြီး အများစုကသင်္ကြန်ပွဲ တော်ကို လာရောက် ပါ၀င်ဆင်နွဲခဲ့ကြသည်ဟု သိရသည်။

Most read this week