ပြည်ထဲရေး ရုံးအဖွဲ့မှူးဟောင်း လာဘ်ယူမှုဖြင့် စစ်ဆေးခံနေရ

ပြည်ထဲရေး ရုံးအဖွဲ့မှူးဟောင်း လာဘ်ယူမှုဖြင့် စစ်ဆေးခံနေရ
by -
သျှမ်းသံတော်ဆင့်

ရဲအရာရှိများကို ရာထူးတိုးမြှင့်ရာတွင် လာဘ်ငွေ ယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ယခင် နအဖ၏ ပြည်ထဲရေး ဝန်ကြီး ဌာန ရုံးအဖွဲ့မှူးဗိုလ်မှူးကြီး နေမျိုးအား နေပြည်တော်တွင် ခေါ်ယူစစ်ဆေး  လျှက်ရှိ ရာ ယနေ့အထိပြန် မလွတ်သေး ကြောင်း စုံစမ်းသိရသည်။

၎င်းသည် ပြည်ထဲရေးဝန်ကြီး ဋ္ဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာန များကို တိုက်ရိုက်ကွပ်ကဲရသူဖြစ်ပြီး လာဘ်ယူသည့် ကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ဟောင်း ဗိုလ်မှူးချုပ်ခင်ရီ သိရှိခြင်းမရှိ ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

myanmar_police_flag

“တကယ်အရည်အချင်းရှိတဲ့လူတွေက ရာထူးမတိုးဘူး ငွေပေးတဲ့လူကိုပဲ အဆင့်တိုးပေးတာနေရာကောင်း ဆိုရင် သိန်း ၅၀ ကနေ ၁၀၀ အထိပေးရတယ် ရဲချုပ်တော့ စစ်ဆေးခံရတဲ့ အထဲမှာမပါဘူး ဘယ်လောက် ချမ်းသာနေ သလဲဆိုတာ တွက် တာကြည့်တော့ နေပြည်တော်မှာ ခေါ်ပြီးစစ်ဆေးနေတယ်ပြန်မလွတ်သေး ဘူးထိန်းထား တယ် ” - ဟု နေပြည် တော်နှင့် နီးစပ်သူက ဆိုသည်။

လာဘ်ငွေပေး၍ ရာထူးတိုးမြှင့်ခံထားရသည့် နယ်စပ်ဒေသများမှ ရဲအရာရှိများကိုပါ နေပြည်တော်သို့ ခေါ်ယူစစ်ဆေး နေပြီး ရဲတပ်ဖွဲ့အတွင်း နေရာအပြောင်းအလဲများ ပြုလုပ်နေကြောင်း သိရသည်။

“ငွေရမဲ့နေရာကောင်းတွေဆို မူစယ်တို့ မြဝတီတို့လို နယ်စပ်မြို့တွေပေါ့ ငွေမပေးလို့ကတော့ရုပ်မပေါက်တဲ့ နေရာ တွေချ ပေးတာ ဒီနယ်စပ်မြို့တွေက ရဲအရာရှိတွေ တော်တော်များများ ခေါ်စစ်နေတယ်” ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း သျှမ်းပြည်(မြောက်ပိုင်း)ရှိ ခရိုင်မြို့များသို့  ခရိုင်ရဲမှူးသစ်များဖြင့်အစားထိုးတာဝန် ပေးလိုက် ကြောင်း သိရသည်။

ဗိုလ်မှူးကြီးနေမျိုးအားလာဘ်စားမှုဖြင့် ခေါ်ယူစစ်ဆေးနေသော်လည်း ယခင်လာဘ်စားမှုဖြင့်အရေးယူခြင်းခံ ထားရ သည့် စစ်ထောက်လှမ်းရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ပြန်လွတ်ထားသည်ဆိုသည့်သတင်းများ ထွက်ပေါ်နေ သည်။