မဲခေါင်မြစ်ဝှမ်းပြန်ပေးဆွဲမှု ဓါးစာခံများအား ဘတ်သန်း၂၀ ကျော်ဖြင့် ပြန်ယူ

မဲခေါင်မြစ်ဝှမ်းပြန်ပေးဆွဲမှု ဓါးစာခံများအား ဘတ်သန်း၂၀ ကျော်ဖြင့် ပြန်ယူ
by -
သျှမ်းသံတော်ဆင့်

ပြီးခဲ့သည့်အပတ်က မဲခေါင်မြစ်အတွင်း ဓါးပြတိုက် ပြန်ပေးဆွဲခံရသည့် King Roman Casino လောင်း ကစားရုံ က ၎င်း တို့အလုပ်သမားများအားဘတ်ငွေ သန်း ၂၀ ကျော်ဖြင့်ပြန်လည်ရွေးယူလိုက်ပြီ ဖြစ် ကြောင်း သိရသည်။

naw_khamnaw_kham“ကစားရုံပိုင်ရှင် ကျောက်ဝေ ( Zhao Wei) က ဘတ်ငွေ ၂၅ သန်းနဲ့ သူ့လူတွေကို ပြန်ရွေးယူတယ်။ ဓါးပြအဖွဲ့နဲ့ လောင်းကစားရုံကို ကြားထဲက ဆက်သွယ်ပေးတာတော့ ပူအွတ်လို့ခေါ်တယ်။ သူ့နာမည်အရင်းက Damras Sompongphan လို့ခေါ်တယ်။ ဓါးပြအဖွဲ့က ပြောတယ် ပြန်ပေးဆွဲတာမဟုတ်ပါဘူးတဲ့။ လုံခြုံရေးအခွန် ဆောင်ခိုင်း တာပါတဲ့။ ဓါးစာခံက ၁၃ ယောက်လေ။ ” ဟု ကျောက်ဝေနှင့်နီးစပ်သူ  တဦးကသျှမ်းသံတော်ဆင့်အား ပြောပြသည်။

ထိုဒေသ၌လှုပ်ရှားနေသော ပြည်သူ့စစ်တပ်ဖွဲ့ကမူ ၃-၄ နှစ်ဆက်တိုက် ဓါးပြတိုက်နေသည်မှာ ကွယ်လွန်သူ ဦးခွန်ဆာ ဦးဆောင်သည့် MTA လက် ကျန် နော်ခမ်းအဖွဲ့သာ ဖြစ်ကြောင်း အတည် ပြုပြောဆိုသည်။

ဓါးပြတိုက်ခံရသူများတွင် ပန်ဆန်းမှ ဝ ခေါင်းဆောင်တဦး၏ အမျိုးလည်း ပါဝင်သဖြင့် ထိုအတောအတွင်း ရွှေတြိဂံ နယ်မြေအတွင်းသို့ ဝ တပ်ဖွဲ့များ ဝင်ရောက်လာမှုသည် အဆိုပါ ဓါးပြတိုက်မှုကြောင့်ဖြစ်နိုင်သည်ဟု ထင်ကြေးပေး သူများ လည်း ရှိသည်ဟုဆို၏။

တရုတ်နယ်စပ်နေ ကုန်သည်တဦးက “ အားယုံ ဆိုသူက ပန်ဆန်းက ဝ ခေါင်းဆောင်တဦးရဲ့ တူတော်တယ်။ မတ်ခ်ျ လထဲမှာဘဲ သူလဲ ဓါးပြ တိုက်ခံရတယ် ဘတ်ငွေ ၅၈ သန်းနဲ့ ညီမျှတဲ့ တရုတ်ငွေတွေလေ။ အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး နော်ခမ်း အဖွဲ့ကိုရှင်းဖို့ ဝ ဖက်က အင်အားလွှတ်လိုက်တာလို့ တချို့ကပြောကြတယ်။ ဒါပေမယ့် အားယုံပြန်ပေးဆွဲ ခံရတဲ့ကိစ္စ သူ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာ။ အဖွဲ့အစည်းကိစ္စမဟုတ်လို့ အင်အား စေလွှတ်ရ တဲ့အထိတော့ မဖြစ် နိုင်ဘူးလို့ ကျနော်ထင်တယ်” - ဟု ပန်ဆန်းအသိုင်းအဝိုင်းနှင်းနီးစပ်သည့် ၎င်းကပြောသည်။

နော်ခမ်းဦးဆောင်သည့် ဆက်ကြေးကောက်သည့်အဖွဲ့နှင့်ပါတ်သက်၍ ဝ တပ်ဖွဲ့က သျှမ်းပြည်တပ်မတော် တောင် ပိုင်းအား သင်္ကာမကင်းဖြစ်နေသည့်အပေါ် သျှမ်းတပ်ဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က နော်ခမ်းအဖွဲ့သည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ အဆိုပါဒေသဘက် လှုပ်ရှားမှု ပြုတိုင်းလည်း ဗမာစစ်အုပ်စု လိုက်လံနှောင့် ယှက်သောကြောင့် အခြေချလှုပ်ရှားနိုင်ခြင်းမရှိကြောင်း သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုသည်။

နယ်စပ်းစောင့်ကြည့်လေ့လာသူတဦးက - “ ဝ ဖက်က သျှမ်းတပ်ကို သင်္ကာ မကင်းဖြစ်တယ်ဆိုရင်လဲ ဖြစ်စရာဘဲ။ နော်ခမ်း ကိုယ်တိုင်က - သူရလာတဲ့ ငွေ ၃ ကျပ်ဟာ ဗမာစစ်တပ်အတွက် ၁ ကျပ်။ ယွက်စစ် အဖွဲ့အတွက် ၁ ကျပ်။ သူ့အတွက် ၁ ကျပ် လို့ ပြောဆိုဝါဒဖြန့်ထားဖူးတယ်” - ဟု ပြောသည်။

၂၀၀၆ ဧပြီလကလည်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကလည်း နော်ခမ်းသည် စဝ်ယွက်စစ်၏ ကိုယ်ရေး အရာရှိ တဦးဖြစ်ဖူးကြောင်း ပြောဆိုခဲ့ဖူးသည်။ သို့သော် အဆိုပါနော်ခမ်းမှာ ယခုလက်ရှိပြည်ထဲရေးဝန်ကြီး ဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို နှင့် ရင်းနှီးကျွမ်းဝင်သည်ဟုလည်း နော်ခမ်းတပ်ဖွဲ့ဝင်နှင့်နီးစပ်သည့် မိုင်းဖုန်း ဒေသခံတဦး ကလည်း ပြောပြသည်။

ယခုလက်ရှိ အသက် ၅၁ နှစ်အရွယ်နော်ခမ်းမှာ ၁၉၉၆ က နဝတ အစိုးရထံလက်နက်ချလိုက်သော ဦးခွန်ဆာ ဦးဆောင်သည့် MTA မုန်တိုင်းတပ်မတော်၏ လက်ကျန်အဖွဲ့ဝင်ဖြစ်သည်။ တရုတ်ဖိအားကြောင့် ၎င်း၏ တာချီလိတ် ရှိနေအိမ်အား နအဖစစ်တပ် ဝင်ရောက်ရှာဖွေမွှေနှောက်ပြီးနောက် ၂၀၀၆ ဂျန္နဝါရီလ  က လက်နက် ကိုင်တော ပြန်ခို ကာ မဲခေါင်မြစ်ဝှမ်း ရွှေတြိဂံနယ်မြေ၌ လှုပ်ရှားကျက်စားနေခဲ့သည်။ ထိုစဉ်က ၎င်း၏နေအိမ်မှ သေနတ် ၁၅၀ လက်၊ ယာဘထုတ်စက် ၂ လုံးနှင့် အတူယာဘဆေးပြား ကားအစီးပေါင်းများစွာ ဖမ်းဆီး မိခဲ့သည်။ အဆိုပါယာဘများအား ပြန်လည်ရောင်းချနိုင်ပါက တာချီလိတ်တမြို့လုံးကိုပင်ဝယ်နိုင်သည်ဟု သျှမ်းပြည်မူးယစ် ဆေးဝါးကို ပြည်သူ့စစ် ခေါင်းဆောင်တဦးက စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောသည်။

Most read this week