ဘုရားသုံးဆူနယ်စပ်တွင် ကုန်စည်ဖလှယ် စျေးရောင်းပွဲတော်ကျင်းပ

ဘုရားသုံးဆူနယ်စပ်တွင် ကုန်စည်ဖလှယ် စျေးရောင်းပွဲတော်ကျင်းပ
by -
မိစန္ဒာဦး

မိစန္ဒာဦး (ဧပြီ-၇)။ ။ ထိုင်းမြန်မာနယ်စပ်ဘုရား သုံးဆူမြို့တွင် ယနေ့မှစ၍ ဧပြီလ (၉)ရက်နေ့ အထိ စျေးရောင်းပွဲတော်အခန်းအနားကျင်းပခဲ့ သည်ဟု ဒေသခံတစ်ဦးမှ ပြောပါသည်။

ထိုင်းဘက်ခြမ်းရှိရဲစခန်းအနီး ပရိဘောဂစက်ရုံးအရှေ့တွင်ကျင်းပခဲ့သည်ဟု ဆိုသည်။အခန်းအနား ကျင်းပရခြင်းရည်ရွယ်ချက်မှာ စားသုံးသူများကုန်ပစ္စည်း ဝယ်ယူမူသက်သာစေရန်နှင့်နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်လာစေရန် ဖြစ်သည်ဟု ထိုင်းကုန်သည်တစ်ဦးမှပြောပါသည်။

ထိုအခန်းအနားကို ကန်ချနပူရီ ခရိုင် အုပ်ချူပ်ရေးမှုးမှ ဖွင့်လှစ်ခဲ့ပြီး ထိုင်မြန်မာစစ် တပ်နယ်ဘက် အရာရှိများ ၊ ကုန်သည်များ ပြည်သူလူထု ၂၀၀ ခန့်တက်ရောက်ခဲ့သည်။ အဆိုပါစျေးရောင်းပွဲတော်ကိုတက်ရောက်ခဲ့ သည် ဘုရားသုံးဆူမြို့ခံတစ်ဦးက ယ္ခုလိုပြောပါသည်။

“ ဒီစျေးပွဲတော်မှာ စျေးဝယ်ရတာ တန်တယ်၊ စျေးလဲနည်းတယ်၊ ပစ္စည်းလဲစုံတယ်၊ ကျွန်မဆို တီဗွီတို့ စက်ပစ္စည်းတွေ ဝယ်လိုက်တယ်”

ညနေပိုင်တွင်စံခလပူရီမှ မွန်ယဉ်ကျေးမှုအဖွဲ့များ၊ ထိုင်းအဆိုအကအဖွဲ့များမှ ဖြေဖျော်ခဲ့သည် သည်ဟု ဒေသခံများမှပြောပါသည်။

ထိုင်းမြန်မာနယ်စပ်ဂိတ်ကို မြန်မာ အာဏါပိုင်များမှ ပိတ်ပင်ထားသောကြောင့် ပြည်တွင်းသို့ကုန်စည်စီးဆင်းမှု နည်းပါးနေသည်ဟု ကုန်သည်တစ်ဦးမှ ပြောပါသည်။ တချို့ကုန်ပစ္စည်းများကိုနားလည်မှုဖြင့်ဝင်သွင်းနေ ရသည် ဟု ဆီကုန်သည် တစ်ဦးမှပြောသည်။

“မနက်(၇)နာရီမှာ လှို့ဝှက်လမ်းကပေါ့ ။ ကိုယ့်ပစ္စည်းကိုနားလည်မှုယူပြီး သုံးဆူကိုသွင်းရတယ်။ ၈ နာရီ ကျော်ရင် မြန်မာအာဏာပိုင်တွေကလာပိတ်ပြီး၊ သွင်းလို့မရတော့ဘူး ။ စားသုံးဆီ၊ စက်ဆီ ဓါတ်ဆီတခြား ပစ္စည်းတွေကို ခိုးသွင်းရတာပေါ့။ နားလည်မှုရှိမှရမယ်။ နိူ့မို့ဆိုမလွယ်ဘူး”

ကုန်သွယ်ရေးအပိုင်းတွင် ပိတ်ပင်ထားသော်လည်း မြန်မာဘက်ကမ်းရှိ အလုပ်သမားများ အလုပ်ရုံဆင်းရာတွင် ပိတ်ပင်ခြင်းမရှိဟု အဆိုပါကုန်သည်မှ ပြောပါသည်။

ဘုရားသုံးဆူမြို့တွင် မြန်မာ အလုပ်သမား ၄၀၀၀ ခန့်ထိုင်းဘက်ကမ်းရှိ အလုပ်ရုံတွင် အလုပ်ဆင်းနေပါသည်။
ယ္ခုလိုကုန်စည်ဝင်သွင်းမှုပိတ်ပင်ထားသည့် အပြည် ကေအေန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးမှ လည်းကုန်စည် စီးဆင်းရာ လမ်းကြောင်း ကိုပိတ်ပင်ထားသောကြောင့် ကုန်စည်စီဆင်းမှုနှောင်နှေးကာ ဘုရားသုံးဆူမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းကြီးမြင့် နေသည်ဟု ဒေသခံများမှ ပြောပါသည်။

Most read this week