မြောက်ကိုးရီးယား ဆန်တင််သင်္ဘော ဘင်္ဂလာဒေချ့်တွင် နစ်မြုပ်

မြောက်ကိုးရီးယား ဆန်တင််သင်္ဘော ဘင်္ဂလာဒေချ့်တွင် နစ်မြုပ်
by -
နိရဥ္စရာ သတင်းဌာန

မြောက်ကိုးရီးယား ဆန်တင် သင်္ဘောတစ်စီးသည် ယမန်နေ့က ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း ဆိပ်ကမ်း အနီး ပင်လယ်ပြင်တွင်နစ်မြုပ်သွားခဲ့ သည်။

North-Korea-ship-sink-in-CTG-portအဆိုပါ သင်္ဘောသည် ပါကိစ္စတန်နိုင်ငံမှ ဆန်တန်ချိန် ၁၃၀၀၀ ကို တင်ယူ၍ လာစဉ် ဘင်္ဂလာဒေချ့် သင်္ဘော တစီးနှင့် တိုက်မိရာမှ နစ်မြုပ်သွားခြင်း ဖြစ်သည်။

ဘင်္ဂလာဒေချ့် တာဝန်ရှိသူများ အပြောအရ အဆိုပါ သင်္ဘော၏ အမည်မှာ Hang Ro Bong ဖြစ်ပြီး ဘင်္ဂလာဒေချ့် သင်္ဘော Bangalakan နှင့် ညဉ်က ၁၂ နာရီ အချိန်တွင် တိုက်မိခဲ့သည်ဟု ပြောဆိုသည်။

သင်္ဘောပေါ်တွင် ပါလာသူ သင်္ဘောသားများကို ကယ်တင်နိုင်လိုက်သည်ဟု သိရသည်။ ယခုအခါ အဆိုပါ သင်္ဘော နစ်မြုပ်သွားမူကို စုံစမ်း စစ်ဆေးရန် ကော်မီတီ သုံးဦးပါ ကော်မရှင်ကို ဘင်္ဂလာဒေချ့်အာဏာပိုင် များက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

Most read this week