တရုတ်နယ်စပ်ဘက် သယ်ယူလာသည့် မြန်မာ ကျောက်စိမ်းတုံးများကို ဧပြီ ၃ ရက်က မူစယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နှင့် မူစယ် - ကျယ်ဂေါင် အဝင်ဂိတ်များတွင် တစ်ရက်တည်း ၂ ကြိမ်တိုင်တိုင် ဖမ်းဆီးလိုက် ကြောင်း သိရသည်။
ကုန်ကားကြီးတစ်စီးပေါ်ပါ ကျောက်စိမ်းများကို မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနမှ ဧပြီ ၃ ရက် နေ့လည်ပိုင်းက ပထမအကြိမ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ညနေပိုင်းတွင် တရုတ်နယ်စပ် မူစယ် - ကျယ်ဂေါင် အဝင် ဆင်ဖြူဂိတ်၌ ဟိုင်းအေ့စ်ကားပေါ်ပါ ကျောက်စိမ်းများ ကို တရုတ် အာဏာပိုင်များက ထပ်မံဖမ်းဆီးခဲ့ကြောင်း ကျောက်ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“နေ့လည်ပိုင်းမှာ ၁၀၅ မိုင်မှာ ဖမ်းတယ် ဒီလိုပဲရှာဖွေရင်း တွေ့ရှိဖမ်းဆီးတယ်ပေါ့ဗျာ ညနေပိုင်းကျတော့ ဆင်ဖြူဂိတ်ကနေ ဟိုက်အေ့ကားနဲ့သယ်လာတဲ့ ကျောက်ထုတ် ၃ ထုတ် တရုတ်ကဖမ်းပြီး မြန်မာဘက်ကို ပြန်လွဲပေးလိုက်တယ် ဖမ်းတဲ့ ပစ္စည်းတွေကတော့ ပိုင်ရှင်မဲ့ပေါ့” ဟု သူက ဆိုသည်။
အဆိုပါ ဖမ်းဆီးမိသည့် ကျောက်စိမ်းများသည် တန်ဖိုးအားဖြင့် ကျပ်သိန်းထောင်ချီရှိကြောင်း သူကဆက်ပြော သည်။
လွန်ခဲ့သည့်လပိုင်းက ယူနန်ပြည်နယ် တယ်ဟုန်(တိုက်ခုန်းသျှမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)တိုင်း ရင့်ကျဲန်းမြို့ အနီး၌ ပြင်းအား ၅.၈ ရစ်ချ်စတာ စကေးရှိ မြေငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း ရင့်ကျန်းနှင့်ရွေလီမြို့ရှိ ကျောက်စိမ်း စျေးကွက် အရောင်းအဝယ်များ ထိုင်းမှိုင်းနေကြောင်းသိရသည်။