သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ကျူဆွန်ရေတံခွန် မှ ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် နောင်မ ဘုန်းကြီး ကျောင်းတွင် စစ်အာဏာပိုင်တို့ ၃ လ လောင်းကစားဝိုင်းဖွင့်ထားကြောင်း သိရသည်။
“ ကျူဆွန်ရေတံခွန်က ကျိုင်းတုံအနောက်မြောက်ဖက် ၁၂ မိုင်လောက်အကွာမှာရှိတယ်။ အဲဒီကနေ ရေ အား လျှပ်စစ်ထုတ်ဖို့ မတ်လ ၃ ရက်က ဝဇီပိတ်ဆရာတော် ဦးကောဝိတရဲ့ ဖိတ်ခေါ်မှုနဲ့ တြိဂံတိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး အပါအဝင် ခယရ ဗျူဟာမှူး၊ မယကတွေကျိန်းဖောင်း ရွာက ဆရာတော်ရဲ့ သာသန ဝေပုလ္လ ကျောင်းမှာအစည်းအဝေးလုပ်ကြတယ်လေ။ အဲ့ဒီအတွက် ကျပ်သန်း ၆၅၀ သုံးဖို့ လျာထားကြတာ။ ဆရာတော် ကိုယ်တိုင် ကျပ်သန်းပေါင်း ၁၀၀ မတည်မယ်ဆိုတော့ စစ်တပ်နဲ့ အာဏာပိုင်တွေဖက်က ကျပ်သန်း ၅၅၀ တာဝန်ယူရတာပေါ့။ အဲ့ဒါကြောင့် လောင်းကစားဝိုင်းထောင်တာ” ဟု ကျိန်းဖောင်းဒေသခံတဦးကပြောသည်။
ထို့ပြင် မြို့ခံလူထုထံမှ တအိမ်လျင် ကျပ် ၂ သိန်းကောက်ခံသည်ဟုလည်း အမည်မဖော်လိုသည့် ဝန်ထမ်းတဦးက ပြောသည်။
“ရွာတွေမှာဆိုရင် ရွာသူကြီးကကောက်တာပေါ့။ မြို့ထဲမှာကျတော့ စည်ပင်ကကောက်တာ။ ကျိုင်းတုံမှာကုမ္ပဏီ ကြီး ၁၆ ခုရှိတယ်။ တခုကျပ် ၂၅ သိန်းထဲ့ရတယ်”
အဆိုပါရေအားလျှပ်စစ်စီမံကိန်းကိုမည်သည့်အချိန်၌စတင်မည်မသိရသေးသော်လည်း လောင်းကစားဝိုင်းမှရမည့် အခွန်ကိုမူ ၃ ပုံခွဲဝေ၍ နောင်မကျောင်းအတွက် ၁ ပုံ၊ စစ်တပ်အကြီးအကဲများအတွက် ၁ ပုံ နှင့်လျှပ်စစ်ထုတ်လုပ် ရေးအတွက် ၁ ပုံ ခွဲဝေပေးရန်ရှိသည်ဟု ဆုံးဖြတ်ကြကြောင်း သိရသည်။
လောင်းကစားဝိုင်းကြောင့် သူခိုး ဓါးူပြ လူယက်မှုများ တိုးပွားလာမည်ကို ဒေသခံအများစုကစိုးရိမ်နေကြသည်ဟ ုလည်းဆိုသည်။