ရန်ကုန် (မဇ္ဈိမ) ။ ။ အာတီမီစီနင်းငှက်ဖျားဆေး မတိုးမှု မြန်မာနိုင်ငံတွင် ဖြစ်ပွားလာသည်ဟုသံသယ ဖြစ်စရာ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက် တာ ဖေသက်ခင်က ဧပြီလ ၄ ရက်နေ့နေပြည် တော် ဆွေးနွေးပွဲတခု၌ပြောကြားသွာ းသည်ဟုဗုဒ္ဓဟူး နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြပါရှိ သည်။
ရွိုင်ရယ်ကုမုဒြာဟိုတယ်၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အာတီမီစီနင်း ဆေးယဉ်ပါး ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲ၌ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် ဦးစားပေး နှိမ်နင်းရမည့် ရောဂါတခု ဖြစ်နေကြောင်းနှင့် မြို့နယ် ၂၈၄ ခုတွင် ငှက်ဖျားရောဂါ အမြစ်တွယ်နေကြောင်း ဝန်ကြီး၏ ပြောဆိုချက် ပါရှိသည်။ အာတီမီစီနင်း ငှက်ဖျားဆေး ယဉ်ပါးမှုကို စီမံချက်ချကာ ကာကွယ်နှိမ်နင်းရန် လိုအပ်သည်ဟုလည်း ဆိုသည်။
အာတီမီစီနင်း တမျိုးတည်းပါဝင်သော ငှက်ဖျားဆေးများ မှတ်ပုံတင်ခြင်း၊ စံမမီသည့် ဆေးများနှင့် အတုများ တင်သွင်းခြင်း တားဆီးရန် ဆေးဝါးကွပ်ကဲမှုဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဝန်ကြီးက တောင်းဆိုခဲ့သေးသည်။ ထို့ပြင် ၂ဝ၁၁ ခုနှစ်တွင် ရောဂါကြီး ၃ မျိုး ရန်ပုံငွေမှတဆင့် အထောက်အပံ့များလည်း ထပ်မံရရှိရန် လိုအပ်နေသည်ဟုပါ ဆိုသည်။
၂ဝဝ၉ ခုနှစ်အတွင်း ငှက်ဖျားဖြစ်ပွားသူ ၅ သိန်းရှိကာ သေဆုံးသူ ၉၇၄ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။