မြန်မာဆက်သွယ်မည့် ရထားလမ်း ဘင်္ဂလာဒေချ့်တွင် စတင် တည်ဆောက်ပြီ

မြန်မာဆက်သွယ်မည့် ရထားလမ်း ဘင်္ဂလာဒေချ့်တွင် စတင် တည်ဆောက်ပြီ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံ အပါအဝင် အာရှ ရထားလမ်း ကွန်ယက်နှင့် ဆက်သွယ်ရန် ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် သူနိုင်ငံအတွင်း ရထားလမ်းကို မြန်မာနယ်စပ် အထိဆက်သွယ် ဖေါက်လုပ်တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

bangladesh-trainအဆိုပါ ရထားလမ်း ဖေါက်လုပ် တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ချိတ်ဟာဆီးနာက ယမန်နေ့ တနင်္ဂနွေနေ့တွင် နယ်စပ်မြို့ ကော့ဘဇားတွင် အခမ်အနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ဘင်္ဂလာဒေချ့်နိုင်ငံတွင် ဆက်သွယ်ထားသည့် ရထားလမ်းမှာ ဒက္ကားမြို့တော်မှ စစ်တကောင်း တောင်ပိုင်း ဒူလစရီ အထိသာ တည်ရှိပြီး အဆိုပါ ရထားလမ််းကို ကော့ဘဇားခရိုင် မြန်မာ နယ်စပ်အထိ တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ ရထားလမ်းအတွက် တာကာငွေ ကုဋေ ၂၀၀၀ နီးပါးခန့် အကုန်ကျခံကာ တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၃ ခု ဒီဇင်ဘာလတွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဘင်္ဂလာဒေချ့် နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံထိ ရထားလမ်းဖေါက်လုပ်ရန်နှင့် ထိုရထားလမ်းမှ တဆင့် တရုတ်နှင့် ကုန်သွယ်မူကို အထူး လိုလားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ အမ်း- မင်းဘူးထိ ရထားလမ်း တစ်ခုကို ဖေါက်လုပ်နေရာ အဆိုပါ ရထားလမ်းနှင့် ဘင်္ဂလာဒေချ့်မှ ရထားလမ်းကို ဆက်စပ်နိုင်ကြောင်း သို့သော်လည်း မောင်တောမှ ကျောက်တော်ထိ ရထားလမ်းကို ဖေါက်လုပ်ရန် လိုအပ်နေကြောင်း လေ့လာသူများက ပြောသည်။

ဗြိတိသျှ ခေတ်တုန်းက ဘူးသီးတောင်နှင့် မောင်တောအကြားတွင် ရထားလမ်း တစ်ခု တည်ရှိပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် အဆိုပါ လမ်းကို အသုံးပြုခြင်း မရှိတော့ကြောင်း သိရသည်။

ယခု ဘင်္ဂလာတွင် ဖေါက်လုပ်မည့် ရထားလမ်းမှာ တစ်မီတာကျယ်ရထားလမ်းမျိုးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံကို ဖြတ်ပြီး အာရှရထားလမ်းကွန်ယက်နှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်မည် ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် အာဏာပိုင်များက ပြောသည်။

Most read this week